Connect with us

Hi, what are you looking for?

ကဗျာ

အသစ်တဖန် မနက်ဖြန်များ’

လေကွယ်ရာမီးညှိရသလို

ဘဝကမလွယ်ဘူး အသက်ကမလွယ်ဘူး

ဆေးလိပ်ကလေးဖွာချင်တော့လည်း

ရအောင်ညှိရ မီးကူးရ

အသက်ရှင်ချင်တော့ အသက်ကိုရအောင်ကူးရ

မေတ္တာတရားကို ရအောင်ကူးရ

တယောက်အရိပ်ဟာ တယောက်ကိုမိုးရင်း

အေးမြကြရစမြဲ…။

◼️ချောဘသစ်

လေကွယ်ရာမီးညှိရသလို

ဘဝကမလွယ်ဘူး အသက်ကမလွယ်ဘူး

ဆေးလိပ်ကလေးဖွာချင်တော့လည်း

Public Service Announcement

Public Service Announcement

ရအောင်ညှိရ မီးကူးရ

အသက်ရှင်ချင်တော့ အသက်ကိုရအောင်ကူးရ

မေတ္တာတရားကို ရအောင်ကူးရ

တယောက်အရိပ်ဟာ တယောက်ကိုမိုးရင်း

အေးမြကြရစမြဲ…။

ခင်ဗျားမှာရှိတဲ့ရေတချို့တဝက်က

ကျုပ်ငတ်နေတာကိုပြေမယ်

ကျုပ်မှာရှိတဲ့ ပေါင်မုန့်တချို့တဝက်ဟာ

ခင်ဗျားဝမ်းမီးကိုငြိမ်းမယ် ။

နေပဲကွယ်ကွယ် လပဲကွယ်ကွယ်

နှလုံးသားတွေလင်းနေဖို့ပဲမဟုတ်လား

မုန်တိုင်းပြီးရင်

လေပြည်လေညင်းလာရစမြဲ

အသက်တွေကိုမျှယူထမ်းလို့

ရောက်မလာသေးတဲ့သောကြာနေ့ဆီသွားကြမယ်

တနေ့နေ့ရှိနေသမျှ

အသက်ရှင်ကြပါစို့ရဲ့

တနေ့နေ့မှာ

ပုံပြင်ဆိုးတပုဒ်ကို ဟားတိုက်ရယ်မော

ပျော်ရွှင်ကြပါစို့ရဲ့…။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​​​ချောဘသစ်’ရေးဖွဲ့တဲ့ “အသစ်တဖန် မနက်ဖြန်များ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက်အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...