Connect with us

Hi, what are you looking for?

ကဗျာ

ကဗျာ

‘ကောက်ရိုးမီးဖြစ်ဖြစ် ဖွဲမီးဖြစ်ဖြစ် လောင်တာပဲ မစ္စတာဂေါ့ဒ်’

‘ကောက်ရိုးမီးဖြစ်ဖြစ် ဖွဲမီးဖြစ်ဖြစ် လောင်တာပဲ မစ္စတာဂေါ့ဒ်’

◼️ချောဘသစ်

အသက်ရှင်ဖို့အသက်ရှုမဝ အသက်တွေပိန်နေပြီ

ညထဲကလျှံကျလာတဲ့အိပ်မက်ဆိုးတွေ

Public Service Announcement

Public Service Announcement

မနက်ခင်းအထိ တဖွေးဖွေးပုပ်ဟောင်

လူဆိုတော့ မျှော်လင့်မှုကိုလည်မှာဆွဲ

ဘဝထဲလမ်းသလားရတာပဲ

ဟိုတိုးဒီတိုက် စိတ်လမ်းပေါ်လျှောက်ရတာပဲ

“ဘာမှမဖြစ်ရင်ဘာမှမဖြစ်ဘူး”

ဟုတ်စ မစ္စတာဂေါ့ဒ်

ဘာမှမဖြစ်တာတွေဖြစ်နေပြီ

ကောက်ရိုးမီးဖြစ်ဖြစ် ဖွဲမီးဖြစ်ဖြစ်

လောင်တာပါပဲ မစ္စတာဂေါ့ဒ် ။

လွယ်လွယ်မရတဲ့အသက်ကို

လွယ်လွယ်မပေးနိုင်ဘူး

ကိုယ့်ကိုယ်ကိုကယ်ရတာပဲ ဆယ်ရတာပဲ

ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့ဓမ္မ

ငင်နေတဲ့ဘဝတွေ ဆန့်တငင်ငင်

ဓါးရှိရင် တရားရှိရမှာပေါ့

အသွားရှိရင် အပြန်ရှိရမှာပေါ့

မပြန်သေးဘူးလား မစ္စတာဂေါ့ဒ်

မလာသေးဘူးလား မစ္စတာဂေါ့ဒ်

သွေးရူးသွေးတန်း

အရူးမီးဝိုင်း

ကျုပ်တို့လား ခင်ဗျားလား မစ္စတာဂေါ့ဒ်

ကျုပ်တို့ရှိလို့ခင်ဗျားရှိတာပါ

“ငါတွေးတယ် ဒါကြောင့်ခင်ဗျားရှိတယ်”

‘ရေနီဒေးလ်ကား’ဆိုတဲ့ငနဲဟာ

ခင်ဗျားကိုအလိုမရှိဘူးဆိုပဲ မစ္စတာဂေါ့ဒ်

ရှိရင်ရှိတယ်လို့မှတ်

ဒုက္ခသစ္စာကိုတေးလုပ် သံပုံးတီးအော်ကြတယ်

‘ပရိုမီးသီးယပ်စ်’ယူလာလည်း လောင်တာပဲ

မစ္စတာဂေါ့ဒ်ရေ…။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ချောဘသစ်’ရဲ့ “ကောက်ရိုးမီးဖြစ်ဖြစ် ဖွဲမီးဖြစ်ဖြစ် လောင်တာပဲ မစ္စတာဂေါ့ဒ်”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...