Connect with us

Hi, what are you looking for?

ကဗျာ

‘လွယ်အိတ်လေးတွေ’

လင်းလင်းနိုင် (ပခုက္ကူ)

အရောင်စုံအသွေးစုံလွယ်အိတ်လေးတွေရယ်ပါ။

နိုင်ငံတော် သီချင်းကို လည်းမဆိုနိုင်ကြတော့ဘူး။

◼️လင်းလင်းနိုင် (ပခုက္ကူ)

အရောင်စုံအသွေးစုံလွယ်အိတ်လေးတွေရယ်ပါ။

နိုင်ငံတော် သီချင်းကို လည်းမဆိုနိုင်ကြတော့ဘူး။

နေခြည်မှာလည်း ရွှေရည် မလောင်းနိုင်ကြတော့ဘူး။

Public Service Announcement

Public Service Announcement

ရောင်စုံဘောလုံး၊ ရောင်စုံဘောလုံး၊ တစ်လုံးငါးပြား၊ တစ်လုံးငါးပြား လို့ ပြိုင်တူမရွတ်ဆိုနိုင်ကြတော့ဘူး။

မေေမေဖေဖေရဲ့ ဆည်းလည်းသံလေး။

ဖိုးဖိုးဖွားဖွားရဲ့ အသည်းကြော်လေး။

လွယ်အိတ်လေးတွေဟာ

အေ၊ ဘီ၊ ရှီ၊ ဒီ မရွတ်ဖတ်နိုင်ကြတော့ဘူး။

နိုင်မြန်မာရဲ့ ကမ္ဘာမကြေဘူးသီချင်းကို မသိဘူး။

အရေးကြီးပြီညီနောင်အပေါင်းတို့ သီချင်းကိုမသိဘူး။

မာလာရှမ်းကောကို မသိဘူး။

မောက်ချိုက် ကိုမသိဘူး။

ဟော့ပေါ့ ကို မသိဘူး။

ဗီဇာကိုမသိဘူး။

တတိယနိုင်ငံကို မသိဘူး။

အရွယ်တူကြယ်ဖြူဆယ့်လေးလုံးကို မသိဘူး။

ဘုန်းမော်ကို မသိဘူး။

ရွှေဝါရောင်ကို မသိဘူး။

ရှီကိုမသိဘူး။

ထရမ့်ကို မသိဘူး။

ဇလန်စကီးကို မသိဘူး။

ကဖပကို မသိဘူး။

ပီဒီအက်ဖ်ကို မသိဘူး။

အီးအာအိုကို မသိဘူး။

ဘီဘီစီကို မသိဘူး။

အယ်ဂျီးဇီးယားကို မသိဘူး။

ကုလသမဂ္ဂကို မသိဘူး။

ဂျေယုစလင်ကို မသိဘူး။

ဒိုလ္အာကို မသိဘူး။

ဂါယာကို မသိဘူး။

ပရီးမယားလိဒ်ကို မသိဘူး။

ချန်ပီယံလိဒ်ကို မသိဘူး။

ကမ္ဘာ့ဖလားကို မသိဘူး။

အဲလွယ်အိတ်လေးတွေဟာ…

ကြံကြံခိုင် ဇာနည်ဘွား မိခင် ဒေါ်စုသားကို သိသတဲ့။

၁၉၁၅ ရှေ့နေဦးဖာသားကို သိသတဲ့။

သံမဏိနှင်းဆီကို သိသတဲ့။

အရောင်အသွေးစုံတဲ့

လွယ်အိတ်ကလေးတွေရယ်ပါ။

သေစာ ရှင်စာလေး တတ်ဖို့

ကျောင်းကို အလာ။

ကမ္ဘာကြီးက လစ်လျူရှုတော့။

ကမ္ဘာကြီး အကြောင်း ဘာမှသိမသွားရရှာပါဘူး။

အရောင်စုံအသွေးစုံ

လွယ်အိတ်လေးတွေရယ်ပါ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​လင်းလင်းနိုင် (ပခုက္ကူ)’ ​ရေးဖွဲ့တဲ့ “လွယ်အိတ်လေးတွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက်အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ