Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းခိုင်းဖို့ ဖမ်းဆီးထားသူ​တွေကို နန်းတွင်းမှ ပုသိမ်ကြီးကစစ်သင်တန်းပို့စဥ် လူငယ်တဦးကား​ပေါ်မှခုန်ချထွက်​ပြေး၊ စစ်တပ်ကလိုက်လံရှာ​ဖွေနေ

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

(စစ်မှုထမ်းဖို့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့အမျိုးသား​တွေကိုစစ်တပ်ကထားတဲ့ယာယီအခန်းတခုမှာ အပြစ်​ပေးခံရပြီးထိပ်တုံးခတ် ခံထားရသူ​​တွေ။ဓါတ်ပုံ-File )

စက်တင်ဘာ-၂၁၊၂၀၂၆။နေ့သစ်/People’s Spring

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

မန္တလေးမြို၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာနန်းတွင်းထဲကနေ ဖမ်းဆီးထားတဲ့လူငယ်တွေကို ပုသိမ်ကြီးမြို့နယ်က တပ်မ(၃၃)လက်အောက်ခံ ၊ခလရ (၁၁၉)နဲ့ ခလရ(၁၁၆)တပ်ရင်း တွေဆီကို ဆက်တိုက်ပို့​နေပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စက်တင်ဘာလ၂၁ ရက်၊ညနေပိုင်းမှာလည်း ကား၂စီးတဲ့ ထပ်မံပို့ခဲ့တာပါ။

အဲလိုပို့စဥ်မှာကားတစ်စီး​ ပေါ်ပါတဲ့ လူငယ်တဦးဟာ လမ်းပိတ်နေတဲ့အချိန်ခုန်ချထွက်ပြေးသွားတာ ကြောင့်စစ်အုပ်စုက ပိုက်စိတ်တိုက်လိုက်လံရှာဖွေ နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“နန်းတွင်းထဲက နေ ၁၉လမ်းတည့်တည့်ထွက်ရတာပုသိမ်ကြီးမြို့ကို။ ၆၆လမ်းနဲ့၆၂လမ်းကြားမှာလူငယ်တ ယောက်ခုန်ချခဲ့တယ်လို့ သိရတယ်။အဲတာကြောင့် ညနေကတည်းကစစ်သား တွေခြေရှုပ် နေတာ။အဲဒီကားပေါ်မှာ ရှေ့ခေါင်းခန်းမှာစစ်သား၃ယောက် ၊အနောက်က လူငယ် တွေအုပ်စုကိုလုံခြုံ ရေး သေနတ်ကိုင်ပြီး အနည်းဆုံး၂ ယောက်ပါတယ်။ရုံးဆင်းချိန်ဆိုတော့ လမ်းပိတ်တုန်းခဏကို ခုန်ချသွားတာတဲ့”လို့ ဒေသခံတဦးကပြောပါတယ်။

စက်တင်ဘာလ၁၆ ရက်နေ့ကလည်းစစ်အုပ်စုကနန်းတွင်းထဲက နေ ကား၂စီးနဲ့ ပေါ်တာဆွဲထားတဲ့လူငယ်တွေကို အထက်ပါတပ်ရင်း​တွေကျုပို့ခဲ့ပါသေးတယ်။

စက်တင်ဘာလအတွင်းမှာ စစ်အုပ်စုကစစ်မှုအတွက် ပေါ်တာဆွဲထားတဲ့၊အဓမ္မစစ်သားစု​ဆောင်းထားပြီးနန်းတွင်းထဲမှာ ဖမ်းဆီးထားတဲ့ လူငယ်တွေကိုပုသိမ် ကြီးမြို့နယ်က စစ်မှုထမ်းသင်တန်း​တွေဆီပို့တာ ၃ ကြိမ်ရှိပြီဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်းမြစ်အချို့​ပြော