Hi, what are you looking for?
မနက်တိုင်း အိမ်တံခါးဖွင့်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ပထမဆုံးအတွေးက “ဒီနေ့ သားအိမ်ပြန်ရောက်ပါ့မလား” ဆိုတာ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး။
■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...
ချမ်းငြိမ်း (၁) သို့ အမေအမေ့ကိုစိတ်ပူတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။လက်သန်းမှာ စွန်းထင်းဆဲ မင်ရည်စက်ပေါ်အတိတ်ဟာ အိပ်မပျော်နိုင်သေးဘူး။မုတ်သုံနှောင်းက ထုံထိုင်းနေတဲ့ လေမှာစပယ်ဖူးလေးတွေ ကြွေနေကြတယ်အိပ်မက်ဆိုးနဲ့ တေလေနှင်းစက်မြောက်အရပ်က ရောက်ရောက်လာတယ်။ (၂) ဓူဝံကြယ်မှာ မြေခိုးတွေ ဝေနေတယ် အမေဘယ်လမ်းလျှောက်လျှောက်တနေရာထဲကိုပဲ ပြန်ပြန်ရောက်နေတဲ့ဖေဖော်ဝါရီရဲ့ နောက်ပြန်လည်သွားတဲ့ နာရီမှာစက္ကန့်တံလေးတွေ တတီတီ မြည်လို့ပေါ့ကျနော်တို့ကိုယ့်တောင်ပံ ကိုယ်ချွတ်ချသလိုပြန်မရနိုင်တာတွေ...
ဆောင်းသွေးရင့် လူတယောက် ကျနော့်ဆီ မက်ဆေ့ပို့ခဲ့ဖူးတယ်။ သစ်လုံးခုံတခုတွင် ထိုင်ရင်း ထွက်ခါနီး ကားတစီးကို လက်ပြမိပါသည်။ ဝင်လာသော ဆိုင်ကယ် အပြာရောင်အား လိုက်ကြည့်ရင်း ရေခဲ့မုန့်ပါလာကြောင်းသိလိုက်၏။ ကလေးများ၏ ဆူညံသံကို ကြားမိပါသည်။ ကျွဲကောသီးသေးသေးလေးတပင်ရဲ့အောက်တွင် ရခိုင်မုန့်တီအိုးက မီးဖိုပေါ်၌ ဆူပွက်နေပါသည်။ ဆစ်ကနယ်နှင့် ဖေ့ဘွတ်မက်ဆင်ဂျာမှ ရောက်လာသော...
"ဒုန်း" ဆိုတဲ့ အသံနက်ကြီးနဲ့အတူ ဝင်ဆောင့်မှုတခုကို ခံစားလိုက်ရတယ်။ အဲ့နောက် ငါ့ခန္ဓာကိုယ်ရဲ့ အသေးဆုံး ယူနစ်ဖြစ်တဲ့ သဲမှုန့်လေးများ လွင့်ဖွာသွားတယ်။ တချို့က အောက်ဆုံး ကြမ်းပြင်မှာ အနည်ထိုင်သွားတယ်။ တချို့က ဟိုမျော ဒီလွင့်၊ ဟိုရောက်၊ ဒီကပ်နဲ့ အနယ်နယ်အရပ်ရပ်သို့ စုန်ဆန်နေကြတယ်။ ငါ့ရဲ့ အခြေခံ...