Connect with us

Hi, what are you looking for?

ကဗျာ

ခင်မေရီ အမေကိုသတိရ၏ အရက်ကြိုက်တတ်သော အဖေကိုလွမ်း၏ ညီငယ် ညီမငယ်များကို‌ ပြေးတွေ့ချင်၏ ချစ်သူကိုတမ်းတ၏ ခွေးကလေးကို‌ ပွေ့ဖက်ထားချင်၏ သမီးလေး၏ပါးပြင်ကို ဖွဖွလေးနမ်းချင်၏ ခြေတဖက်ပြတ်ရ၏ လက်တဖက်ကို စွန့်ရပြန်၏ နားထင်ထောင့်က ကျည်ဆန်တို့ ဟားတိုက်ရယ်မောကုန်၏ ခန္ဓာကိုယ်တခု သေတ္တာတလုံးသာလို၏ အဖြစ်အပျက်တို့ကားမြန်ဆန်လွန်း၏ နှောင့်နှေးခြင်းတို့ နတ္ထိ။ ဝေးကွာခြင်းတို့အစီအစဉ်တကျ...

ဝတ္ထုတို

အဖိုးကြီးက သေရွာပြန်ပါ…။ သေရွာကနေ အဖိုးကြီးပြန်လာတာ တကြိမ်လည်းမက နှစ်ကြိမ်လည်းမကပါဘူး။ အကြိမ်ပေါင်းများစွာ သေရွာက ပြန်လာနိုင်ခဲ့တဲ့အဖိုးကြီးပါ။ ဒီရက်ပိုင်းမှာ ကျ​နော်ဟာ အဖိုးကြီးကို ထူးထူးခြားခြား သတိရနေမိပါတယ်။ ဒီနေရာမှာ အဖိုးကြီးလို့ ဘာလို့ခေါ်ရသလဲဆိုရင် ကျ​နော်တို့တပ်ဖွဲ့ထဲကို သူရောက်လာခဲ့တာ လွန်ခဲ့တဲ့ (၂၀၂၂) အစောပိုင်းကာလကတည်းကဖြစ်ပါတယ်။ တပ်ဖွဲ့ကိုဝင်လာတဲ့အချိန်ကလည်းစောသလို တပ်ဖွဲ့ဝင်တွေထဲမှာ...

ဝတ္ထုတို

သားရေ...၊ ဂူဂူးရေ...။ အခုချိန်ဆို မင်း ဘယ်တွေ ရောက်နေမှာလဲကွာ။ အရင်က ဒီနေရာ တဝိုက်ဟာ ဂန္ဓမာ အဖြူ၊ အဝါတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်ကုန်းကြီးလေ။ ပန်းခင်းကြီးထဲမှာ ပြေးလွှားနေတဲ့ မင်းကို ငါ ခဏခဏ သတိရမိတယ်။ အခုတော့ ပန်းခင်းတွေလည်း မရှိတော့ဘူး။ မင်းလည်း...

ကဗျာ

စာသင်ခန်းမှာ လွယ်အိတ်လေးချန်ပြီး ကျနော် အိမ်ကို ပြန်လာခဲ့ပါတယ် အမေ။

ဝတ္ထုတို

▪︎ဆူးနတ်သံ “ဘာမှ ဆုပ်ကိုင်မထားတဲ့ သုညလက်ပါ တဖျက်ဖျက် မလွင့်နိုင်တဲ့ အလံတွေကိုင်ရင်း ပန်းဝင်ခဲ့ပါပြီ” ဆိုတဲ့ကဗျာက 2021 ခုနှစ် မတ်လ ၃ ရက်နေ့ မုံရွာသပိတ်မှာ ကဗျာဆရာ ကေဇဝင်းနဲ့အတူ တနေ့တည်း ကျဆုံးခဲ့တဲ့ ကဗျာဆရာမ ကြည်လင်အေးရဲ့ ကဗျာပဲကွ။ တို့တတွေ သင်ယူရမှာက...

ကဗျာ

◼️ကိန်း (ခရမ်း) ဒီကောင်က ကြောင်တောင်တောင်ကောင်အိမ်ကပေးတဲ့ ကျောင်းမုန့်ဖိုး တစ်ရာတန်အပြဲကလေးကိုဘိန်းမုန့်ကြီးကြီး ဝယ်စားချင်တဲ့ကောင်၊ ဒီကောင်က ငကြောက်မြို့မကကောင်တွေနဲ့ကျောင်းကြီးက ကောင်တွေချတော့သူများလက်သီးကြားခေါင်းငုံ့ပြီး အထိုးခံနေကျအော်ငိုပြီး အိမ်ပြန်နေကျ ကောင်၊ ဒီကောင်က ဝမ်းနည်းတတ်တယ်အထက်တန်းရောက်လို့ သူငယ်ချင်းတွေ အတန်းမတူကြတော့စာသင်ခုံမှာထိုင်ဆွေးပြီးအခန်းပြောင်းချင်တယ်လို့ဆရာမရှေ့ တကိုယ်တော်ဆန္ဒပြတတ်တဲ့ကောင်၊ ကျောင်းဆင်းလို့ အိမ်ရောက်ရင်သူ့အမေရဲ့ အသုပ်ဆိုင်မှာပန်းကန်ထဲ ဟင်းခါးတွေဖြည့်ခုံတွေသုတ်အသွားပြန် ၁နာရီလောက်ဝေးတဲ့ မုန့်ဖိုကိုမုန့်ဖက်ကုန်ရင်...

ရသစာတမ်းငယ်

တောင်ပေါ်ဒေသကား မိုးရာသီသည် စိတ်ပျက် ငြီးငြူဖွယ်ရာ အလွန်ကောင်း၏။ မိုးရွာလို့ မြေပြို၊ တောင်ပြိုဖြစ်ကာ လမ်းများပျက်သည်ကလည်း တော်တော်ပင် ဆိုးရွား၏။ တချို့ရွာတွေဆို ရွှံ့ဗွက်များ အိုင်ထကာ ဆိုင်ကယ်ပင်သွားစရာ လမ်းမရှိ။ ထို့ကြောင့် ကျနော်တို့သည် မိုးတွင်းကို အနားရသည့် ရာသီတခုပင် သဘောထားလေသည်။

ကဗျာ

မိုးမြင့်ကျော် ကိုယ့်ရင်ဘတ်မှာခဏခဏ လာစိုရွှဲနေတဲ့ကိုယ်ပြန်လာမှ ဖာထေးဖြစ်မယ့်မင်းအခန်းက မိုးယိုပေါက်မင်းလက်နဲ့ပြန်ချုပ်ပေးမယ်ဆိုတဲ့ကိုယ့်အင်္ကျီချုပ်ရိုးဒီတမိုးလည်း ကိုယ်ပြန်မလာဖြစ်ဘူးမင်းအခန်းကပျဥ်ချပ် မိုးစနဲ့ဆွေးမြည့်လောက်ပြီကိုယ်တော့ ပြဲနေတဲ့ချုပ်ရိုးကိုချည်ပြန်ထိုးထားလိုက်တယ်ကိုယ်သိပါတယ် မင်းကတော့မိုးယိုပေါက်ကို ဒီအတိုင်းထားလို့ကိုယ့်ကတိကို စောင့်နေတော့မယ်။ ။ ( The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘မိုးမြင့်​ကျော်’ ရေးဖွဲ့တဲ့ “ မင်းကို​ပေးခဲ့တဲ့ကတိ” ကဗျာကို People’s Spring...

ရသစာတမ်းငယ်

ဒီရက်ထဲ အကြိမ်ပေါင်းများစွာနားထောင်ဖြစ်နေတဲ့ ဦးကျော်ဟိန်းရဲ့ အကိုရေဘယ်ကိုသွားမှာလဲ သီချင်းပေါ့။ အကျအဆုံးအထိအခိုက်များနေတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို သီချင်းနားထောင်လိုက် ပေါ့ဒ်ကတ်တွေနားထောင်လိုက်နဲ့ ထွက်ပေါက်ပေးနေတာ အချိန်တခုကြာပေါ့။

ရသစာတမ်းငယ်

ကျနော်တို့က တကယ်ခက်ခဲတဲ့ကာလကြီးကို အတူအကွရောက်ရှိလာခဲ့ကြတယ်။ အတူတကွဆိုပေမယ့် အတူရှိမနေကြပြန်ဘူး။ ဒါပေမယ့် ဒို့နှလုံးသားတွေက နီးစပ်နေပြန်ရော။

ကဗျာ

လူစိတ်ပျောက်လောက်အောင် တစ်ပတ်လုံးမိုးရွာနေတာတောင် မိုးကာခြုံထားတဲ့ဘဝတွေ ရွေ့နေတုန်းပဲ

Short Story

“ပုဇွန်တွေ မီးဖုတ်ပြီးကြပြီလား၊ မီးတွေကျွမ်းနေအောင်လည်း မဖုတ်ကြနဲ့ဦးနော်။ မီးမျှင်းမျှင်းနဲ့ ဖုတ်။ ပြစမ်း ငါ့ကို ဟိုတကောင်။ အေး ပြီးရင် အမည်းတွေကို သေချာ ခြစ်ထုတ်ပစ်။ ငါးသလောက်ပေါင်းအိုးလည်း မီးမပြတ်စေနဲ့ ဦး၊ လက်ဖက်ရည်ကို အေးဖေကို ဖျော်ခိုင်းနော်။ သူဖျော်တာ ကောင်းတယ်။ အိုးနဲ့ များများ...

ကဗျာ

လေကွယ်ရာမီးညှိရသလို ဘဝကမလွယ်ဘူး အသက်ကမလွယ်ဘူး ဆေးလိပ်ကလေးဖွာချင်တော့လည်း ရအောင်ညှိရ မီးကူးရ အသက်ရှင်ချင်တော့ အသက်ကိုရအောင်ကူးရ မေတ္တာတရားကို ရအောင်ကူးရ တယောက်အရိပ်ဟာ တယောက်ကိုမိုးရင်း အေးမြကြရစမြဲ...။

Facebook