Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ဝတ္ထုတို

"ဒုန်း" ဆိုတဲ့ အသံနက်ကြီးနဲ့အတူ ​ဝင်​​ဆောင့်မှု​တခုကို ခံစားလိုက်ရတယ်။ အဲ့​နောက် ငါ့ခန္ဓာကိုယ်ရဲ့ အ​​သေးဆုံး ယူနစ်ဖြစ်တဲ့ သဲမှုန့်​လေးများ လွင့်ဖွာသွားတယ်။ တချို့က အောက်ဆုံး ကြမ်းပြင်မှာ အနည်ထိုင်သွားတယ်။ တချို့က ဟို​​မျော ဒီလွင့်၊ ဟို​ရောက်၊ ဒီကပ်နဲ့ အနယ်နယ်အရပ်ရပ်သို့ စုန်ဆန်​နေကြတယ်။ ငါ့ရဲ့ အ​ခြေခံ...

ကဗျာ

ဗုံးကြဲခံရတဲ့ စာသင်ကျာင်းက ကလေးတွေအသားစ ကျနော့် ငယ်ထိပ်​ပေါ်လာစင်တယ်

ဝတ္ထုတို

နေသည် ကြဲကြဲတောက် ပူနေ၏။ ရွှေဝါသည် လှန်းထားသော ငရုတ်များ၏ အခြေအနေကို ကြည့်ရန် ခ‌မောက်ကို ဆောင်းကာ တလင်းထဲ ထွက်လာလိုက်သည်။ ကောင်းကင်ကိုလည်း မော့ ကြည့်ရသေး၏။ အိမ်အပြင်ထွက်သည်နှင့် ကောင်းကင်ကို မော့ ကြည့်ရသည်မှာ ရွှေဝါတို့ တရွာလုံး၏ အကျင့်လိုပင် ဖြစ်နေပြီ။ ရွှေဝါ့အမေ...

ဝတ္ထုတို

ကျောပိုးအိတ်လေးချ၊ မီးဖိုချောင်ထဲ တကုတ်ကုတ် အလုပ်ရှုပ်နေတဲ့ အမေ့ဆီ သွားနှုတ်ဆက်လိုက်ပါတယ်။ အမေက ကျနော့်အကြိုက် လက်ဖက်သုတ်နေတာကိုး။ အမေ ကမ်းပေးတဲ့ လက်ဖက်သုတ်လေး တဇွန်းတောင် မစားရသေးဘူး၊ ဖုန်းခေါ်သံ ကြားလိုက်ရတယ်။

ကဗျာ

သို့ အမေ အမေ့ကိုစိတ်ပူတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။ လက်သန်းမှာ စွန်းထင်းဆဲ မင်ရည်စက်ပေါ် အတိတ်ဟာ အိပ်မပျော်နိုင်သေးဘူး။

ကဗျာ

လူရောင်လွင် ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်တုန်းက ကျနော်ဟာ ရေလိုဖောက်မြင်နေရတဲ့ စိတ်နဲ့။ အခုတော့ ရွှေကျင်ထားတဲ့ချောင်းကောတစ်ခုရဲ့သဲမှုန်စတွေလို လေနှင်ရာပါပဲ။ မမလီဆာရေ ကျနော်တို့မှာ ဆင်သွားတိုင်းလမ်းမဖြစ်တာကိုသိပြီးမှတော့ ဆင်ပေါ်ကပြုတ်ကျလည်း မထူးတော့ဘူးမလား။ ကျနော် အကုန်ရောက်ပြီးပြီ မမလီဆာ။မလာခဲ့နဲ့။ ကီလီမန်ဂျာရိုးမှာလည်း နှင်းတွေ မဝေတော့ဘူး။ရေတွင်းထဲကိုငုံ့ကြည့်ပြီး နှင်းရေလို့ အော်ခေါ် လည်း...

ဝတ္ထုတို

​ဒေးဗစ်​မောင်​မောင် လူ့ရည်မှန်းချက်ဆိုတာကလည်း ဆန်းကြယ်လွန်းပါသည်။ တခုခုကို လိုချင်လို့ နှစ်ပေါင်းများစွာ ကြိုးစားပါလျှက်နှင့် ရယူပိုင်ဆိုင်ခွင့် မရခဲ့။ ခြေကုန်လက်ပမ်းကျလို့ လွှတ်ချလိုက်သည့်အခါမှ မမျှော်လင့်ဘဲ ကိုယ့်ထံ ရောက်ရှိလာခဲ့တတ်သည်။ အေးချို့ဘဝမှာ အဲသည်လို ကြုံလာခဲ့ရသည်။ ‘မမအေးချို စာသင်ပေးပါလား’ တဲ့။ ကျေးရွာကာကွယ်ရေးခေါင်းဆောင်နှစ်ဦးက လာပြောပါသည်။ ပြောသည်မှာက ရိုးရိုးရင်းရင်းနှီးနှီး...

Facebook