Connect with us

Hi, what are you looking for?

ကဗျာ

‘မီးမီးစောင့်နေတဲ့ သီချင်းပင်လေး’

တခါက ချောင်းရေစီးထဲမှာ ငှက်ပျောဖက်ကလေးကို လှေဟန်ဆောင်ပြီး မျှောခဲ့တယ်။ ပြီးတော့ မီးမီးပါးစပ်ကနေ သူ့ကို “သွားတော့။ လေယာဉ်ပျံသံတွေ နားထောင်စရာမလိုတဲ့ နေရာဆီ လွတ်အောင် သွားတော့” လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူအဝေးကြီးမသွားနိုင်ရှာပါဘူး။ ခဏနေတော့ ရေဝဲတခုထဲမှာ ဝေ့ပြီး ရေထဲနစ်သွားတယ်။ ဖေဖေဆုံးပြီးကတည်းက မေမေလည်း နတ်မမေးတော့ဘူး။ မီးမီးလည်း ငှက်ပျောဖက်ကလေးနဲ့ မကစားတော့ဘူး။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ 'ဆပ်ရိပ်' ရေးဖွဲ့တဲ့ “​​မီးမီး​စောင့်​နေတဲ့သီချင်းပင်​လေး” ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

◼️ဆပ်ရိပ်

တခါက ချောင်းရေစီးထဲမှာ ငှက်ပျောဖက်ကလေးကို လှေဟန်ဆောင်ပြီး မျှောခဲ့တယ်။ ပြီးတော့ မီးမီးပါးစပ်ကနေ သူ့ကို “သွားတော့။ လေယာဉ်ပျံသံတွေ နားထောင်စရာမလိုတဲ့ နေရာဆီ လွတ်အောင် သွားတော့” လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူအဝေးကြီးမသွားနိုင်ရှာပါဘူး။ ခဏနေတော့ ရေဝဲတခုထဲမှာ ဝေ့ပြီး ရေထဲနစ်သွားတယ်။ ဖေဖေဆုံးပြီးကတည်းက မေမေလည်း နတ်မမေးတော့ဘူး။ မီးမီးလည်း ငှက်ပျောဖက်ကလေးနဲ့ မကစားတော့ဘူး။

မီးမီးတက်ခဲ့တဲ့ကျောင်းရဲ့ ပြတင်းပေါက်ပုံစံတွေကို အတိအကျမှတ်မိနေသေးတယ်။ သံတိုင်တွေ၊ မှန်ချပ်တွေနဲ့ ဒါပေမယ့် အဲ့ဒါ မီးမီးတို့ကို အခန်းထဲမှာ ပိတ်ထားဖို့မဟုတ်ဘူး။ မျောက်တွေ အထဲကိုဝင်လို့မရအောင်လို့ပါ။ အဲ့ဒီတုန်းက တိရစ္ဆာန်တွေက မီးမီးတို့အတွက် ကြောက်စရာကောင်းခဲ့တာ ဟာသလိုပဲ။ အဲ့ဒီပြတင်းပေါက်တွေကနေ မီးမီးမြင်ခဲ့တာ ကျားကြီးတကောင်ခုန်အုပ်နေသလို တိမ်ထုကြီးတခု။ တိမ်ထုကြီးက ဘယ်မှမရွေ့ဘဲ ငြိမ်နေတယ်။ ဒါပေမယ့် မီးမီးမျက်တောင်တခတ်မှာ အဲ့တိမ်ထုကြီး ပျောက်သွားတယ်။ ခေါင်မိုးလည်း မရှိတော့ဘူး။

တခါတလေ လက်သည်းထဲမှာ ဂျီးတွေနဲ့ မီးမီးနိုးလာတတ်တယ်။ ဘာလို့မှန်းမသိဘူး။ မီးမီးထင်တာကတော့ မီးမီးအိပ်နေတဲ့အချိန်ဆို သူတို့ဘာသာသူတို့ တခုခုကို တူးပြီးရှာနေတယ်ထင်တယ်။ အဲ့ဒါကြောင့် နိုးလာတိုင်း မီးမီးလက်သည်းတွေကို ကြည့်ပြီးရင် အိပ်ယာဘေးကို တန်းပြီး ကြည့်တတ်တယ်။ မီးမီးကျန်ခဲ့တဲ့ အရုပ်ကလေးကို သူတို့တူးတဲ့အထဲမှာ ပြန်တွေ့ခဲ့ရင် လာပြန်ထားပေးထားမလားလို့။

Public Service Announcement

Public Service Announcement

အရင်တုန်းက မီးမီးမှာ မောင်လေးတယောက်ရှိခဲ့တယ်။ သူက အမြဲတမ်း ကြယ်တွေအကြောင်း ပုံပြင်တွေ ပြောပြတတ်တယ်။ သူတခုပြောဖူးတာက ငါတို့နှစ်ယောက် လမ်းကွဲသွားခဲ့ရင် ကြယ်တွေ နောက်ကိုလိုက်ရင် အိမ်ပြန်ရောက်မယ်တဲ့။ လေယာဉ်ကြီး ဗုံးကြဲပြီးတဲ့ညမှာ တညလုံး မီးမီးကောင်းကင်ကြီးတွေ ကြည့်တယ်။ ကြယ်တွေ တခုမှမရှိတော့ဘူး။ တယောက်ယောက်က လေယာဉ်ဗုံးကြဲလို့လွယ်အောင် ကြယ်တွေကို မီးပိတ်ထားလိုက်သလိုပဲ။ အခုတော့ ဦးဦးတို့ကို လိမ်သွားတဲ့တယောက်ယောက်ကို ပြန်တွေ့တဲ့အခါ ကြည့်သလို မီးမီးလည်းကောင်းကင်ကြီးကို ကြည့်တယ်။ ပြီးတော့ ပြုံးပြလိုက်တယ်။

မီးမီးသူငယ်ချင်းက သူဆွဲထားတဲ့ပုံလေးတပုံ မီးမီးကိုပေးခဲ့တယ်။ ပုံက ကြယ်ပုံစံဆောက်ထားတဲ့ အိမ်လေး။ သူပြောခဲ့တာက အဲ့ဒါ သူ့အဘွားအခုနေနေတဲ့အိမ်တဲ့။ မီးမီးလည်း အဲ့ပုံပါတဲ့စာရွက်လေးကို သေချာခေါက်ပြီး မီးမီးသွားလေရာ သယ်သွားခဲ့ပါတယ်။ တရက်မှာ မိုးမိပြီး စာရွက်လေး ရေစိုသွားတော့ ပုံဆွဲထားတဲ့ ဆေးရောင်တွေပျယ်လာပြီး အိမ်ကလေးက အရည်ပျော်ကျနေသလို မြင်ရတယ်။ သူတို့အိမ်ကလေး တကယ်ပြိုကျတုန်းက မီးမီးမငိုပါဘူး။ သူဆွဲထားတဲ့ အိမ်ပုံလေး အရည်ပျော်သွားတော့ မီးမီးအကြာကြီး ငိုတယ်။

မီးမီးနောက်ကိုလိုက်နေတဲ့ အရိပ်တခုရှိတယ်။ မီးမီးအရိပ်မဟုတ်ဘူး။ အရင်က မီးမီးအရိပ်က အကောင်သေးသေးလေး နဲ့ အူကြောင်ကြောင်နဲ့။ အခုလိုက်နေတဲ့အရိပ်က ရှည်ရှည်ကြီး။ ပြီးတော့ အရမ်းနှေး‌တယ်။ မီးမီး ပြေးဆော့နေရင်လည်း သူက ဖြေးဖြေးကြီးပဲ လိုက်လာတယ်။ မီးမီးက တခြားဘက်ကိုမလှည့်ဘဲ သူ့ကိုပဲ စိုက်ကြည့်နေတယ်ဆိုရင် သူက မီးမီးကိုယ်ထဲရောက်လာတတ်တယ်။ သူ့ကို မီးမီးလည်း မေးခွန်းတွေ အများကြီးမေးပါတယ်။ ဘယ်တော့မှပြန်မဖြေဘူး။ မီးမီးဆီကနေလည်း ထွက်မသွားဘူး။

သီချင်းတပုဒ်ကို မြေကြီးထဲမှာ မီးမီးမြုပ်ထားတယ်။ အဲ့ဒီသီချင်းက မီးမီးရဲ့ မောင်လေး ခေါင်းဖြီးပေးတိုင်း ညည်းနေကျသီချင်း။ သူသေသွားတော့ အဲ့ဒီသီချင်းကို မေ့သွားမှာစိုးလို့ မျိုးစေ့တခုလို မြေကြီးထဲထည့်ပြီး စိုက်ထားခဲ့တယ်။ သီချင်းသံထွက်တဲ့အပင်လေး ထွက်လာမလားလို့လေ။ ခုထိတော့ အပင်မပေါက်သေးပါဘူး။ တိတ်ဆိတ်တဲ့ အပင်ကလေးတောင် မထွက်လာသေးဘူး။ လွန်ခဲ့တဲ့ နှစ်လကတော့ မြေကြီးတွေ အက်ကွဲလာတယ်။ သီချင်းပင်လေး ပေါက်လာတော့မယ်ထင်ပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

မင်းလက်ဖဝါးမှာ ပွင့်တဲ့ပန်းတွေ ကိုယ်ယူလာတယ်။

ကဗျာ

ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက Public Service Announcement ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call...

ကဗျာ

ဟင်းမကောင်းတဲ့နေ့ရက်တိုင်း မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင် အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့ ကျနော် မမြင်ခဲ့ဘူး။

ကဗျာ

မေမေဟာ မြေကြီးတွေကို တူးလား တူးရဲ့ မေမေဟာ မြေသားတွေကို ဆွလား ဆွရဲ့။ မေမေဟာ သစ်ချောင်းတွေကိုသယ်တယ် သဲအိတ်တွေကို ထမ်းတယ်။ တံမြက်စည်းတချောင်းနဲ့ လှည်းကျင်းတယ် သစ်ချောင်းတွေကို တန်းတယ် သဲအိတ်တွေကို ကာတယ်။