Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘အိပ်မက်နံပါတ် ၄၉၆’

လေနှင်ရာ လွင့်နေတဲ့ တိမ်တွေကို ငေးကြည့်နေရင်းမှာပဲ နှစ်ကာလဟာ အလယ်တည့်တည့်ကနေထက်ပိုင်းကျိုးကျသွားတယ်။ ခြောက်လတာဆိုတဲ့ ကာလဟာ ကိုယ်အမှန်တကယ် ပိုင်ဆိုင်ခွင့်ရတဲ့ အချိန်မဟုတ်သလိုပဲ အားတက်သရော ဖြတ်သန်းရမှာကိုလည်း မေ့ခဲ့။ သတိရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ခြစားခံလိုက်ရတဲ့ စာရွက်တွေလို ဘာအခန်းမှာ ဘာအမှတ်တရကို ချရေးမိခဲ့တာလဲဆိုတာ ခြေရာလက်ရာ ရှာမရတော့။

◼️ အီယန်

လေနှင်ရာ လွင့်နေတဲ့ တိမ်တွေကို ငေးကြည့်နေရင်းမှာပဲ နှစ်ကာလဟာ အလယ်တည့်တည့်ကနေထက်ပိုင်းကျိုးကျသွားတယ်။ ခြောက်လတာဆိုတဲ့ ကာလဟာ ကိုယ်အမှန်တကယ် ပိုင်ဆိုင်ခွင့်ရတဲ့ အချိန်မဟုတ်သလိုပဲ အားတက်သရော ဖြတ်သန်းရမှာကိုလည်း မေ့ခဲ့။ သတိရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ခြစားခံလိုက်ရတဲ့ စာရွက်တွေလို ဘာအခန်းမှာ ဘာအမှတ်တရကို ချရေးမိခဲ့တာလဲဆိုတာ ခြေရာလက်ရာ ရှာမရတော့။

နှစ်စတုန်းကတော့ ပိုက်ဆံလေး ပြန်စုပြီး အမေ့အပြုံးကို ပြန်ရွေးမယ်၊ ပိုတာလေးနဲ့ အိပ်မက်တွေကို အရောင်တင်မယ် စိတ်ကူးနဲ့ အတွေးတွေကို ဆင်ကိုးစီး စားမကုန်လောက်အောင် တွေးခဲ့ပေမဲ့ တခုမှလည်း ဖြစ်မလာ။ ဖြစ်လာအောင်လည်း အားမထုတ်နိုင်။ ရယ်စရာကောင်းတာက နှစ်စက အားကောင်းမောင်းသန်နဲ့ စီးဆင်းနေခဲ့တဲ့ စိတ်အားထက်သန်မှုတွေဟာ အသက် ၃၀ ပြည့်အပြီးမှာတော့ လဲမှိုပွင့်လေးလိုပဲ လွင့်ချင်ရာ လွင့်ပြီး ဘယ်ဆီရောက်မှန်းမသိ။

အသက်ကြီးလာတာကြောင့်ပဲလား။ ဒါမှမဟုတ် ကမ္ဘာကြီးကပဲ တနေ့တခြား ပိုလေးလံလာတာကြောင့်ပဲလား။ သက်ပြင်းရှိုက်နေတဲ့ သူတွေကို ငေးကြည့်မိတော့လည်း ဒီလိုပဲ ဘဝကို တရွတ်တိုက် ဆွဲခေါ်သွားကြတာ တွေ့တယ်။ ဒါဟာ လုပ်ရိုးလုပ်စဉ်ပဲလား အမေလို့ မေးခွန်းထုတ်မလို့ ရှိသေး၊ အမေ့နားထင်နားထင်တဝိုက်က အဖြူရောင် ဆံခြည်မျှင်လေးတွေကို ရေတွက်မိပြီး မေးရမှာ မေ့သွားတယ်။ တချောင်း … နှစ်ချောင်း … သုံးချောင်း။

Public Service Announcement

Public Service Announcement

ဒီနှစ်ပိုင်းအတွင်းမှာ တခုတ်တရ လုပ်မိလာတာက အားရင်အားသလို အိပ်တတ်ပြီး လောဘကြီးမိလာတာက ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားချင်တာပဲ။ မဆိုစလောက်လေး ကျွမ်းကျင်လာတယ်လို့ ခံစားရတာကတော့ လွှတ်ချတတ်တာပဲ ဖြစ်မယ်။ စွဲလမ်းမှုက ကိုယ်ရည်ကိုယ်သွေးလို ဖြစ်ခဲ့တော့ ဒီခက်ခဲမှုက တဖြည်းဖြည်း လွယ်လာတာ မြင်ရတာ ဝမ်းသာမိတယ်။

လွှတ်ချလိုက်တာတွေထဲမှာ အိမ်ပြန်တဲ့ လမ်းကလေး ပါမသွားဖို့တော့ အံကို တင်းတင်းကြိတ်ပြီး ဆုပ်ကိုင်ထားရတယ်။ အဲ့ဒါကတော့ ကိုယ်ထင်ထားတာထက် ပိုခက်တဲ့အလုပ်ပဲ။ မာနတွေမှာ မနက်ဖြန်ဆိုတာလည်း မရှိတော့ပါဘူး။ အရောင်မှိန်လွန်းသွားတော့ အမှောင်လမ်းမှာ ပြန်ရှာဖို့လည်း ခက်ရ။ အပြုံးလေးတခွဲသားနဲ့ပဲ မျက်စိရှေ့ ရောက်လာသမျှကို တည့်တည့်ကြီး ဝင်တိုးရ။ မြေသားနုနုမို့ တရိရိ ပွတ်စားခံရလည်း ဘာအရေးလဲကွယ်။ ခံနိုင်ရည်ရှိမှုကို နောက်ဘဝထဲကနေ တဆယ်တိုးနဲ့ ချေးထားတယ်။

ညအိပ်ရာဝင်တိုင်း သေသေချာချာလေး တောင်းဖြစ်တဲ့ ဆုကတော့ မနက်ဖြန်မှာလည်း ပန်းကလေးတွေ ပွင့်နေသေးဖို့ပဲ။ စောင့်ကြည့်နေပါလေ … အိမ်ပြန်လမ်းပေါ်မှာ အမေ့ရယ်သံအားကိုးနဲ့ လောကဓံကို ခေါင်းထောက်ကြည့်နိုင်တဲ့ တနေ့ အိမ်ရှေ့က စံပယ်ရုံကလေး‌လို တလောကလုံး မူးမေ့သွား​အောင်အထိ မွှေးဖြာပြဦးမှာ။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​အီယန်’

ရေးဖွဲ့တဲ့ “‘အိပ်မက်နံပါတ် ၄၉၆” ESSAYကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက်အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...