Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘အိပ်မက်နံပါတ် ၄၉၆’

လေနှင်ရာ လွင့်နေတဲ့ တိမ်တွေကို ငေးကြည့်နေရင်းမှာပဲ နှစ်ကာလဟာ အလယ်တည့်တည့်ကနေထက်ပိုင်းကျိုးကျသွားတယ်။ ခြောက်လတာဆိုတဲ့ ကာလဟာ ကိုယ်အမှန်တကယ် ပိုင်ဆိုင်ခွင့်ရတဲ့ အချိန်မဟုတ်သလိုပဲ အားတက်သရော ဖြတ်သန်းရမှာကိုလည်း မေ့ခဲ့။ သတိရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ခြစားခံလိုက်ရတဲ့ စာရွက်တွေလို ဘာအခန်းမှာ ဘာအမှတ်တရကို ချရေးမိခဲ့တာလဲဆိုတာ ခြေရာလက်ရာ ရှာမရတော့။

◼️ အီယန်

လေနှင်ရာ လွင့်နေတဲ့ တိမ်တွေကို ငေးကြည့်နေရင်းမှာပဲ နှစ်ကာလဟာ အလယ်တည့်တည့်ကနေထက်ပိုင်းကျိုးကျသွားတယ်။ ခြောက်လတာဆိုတဲ့ ကာလဟာ ကိုယ်အမှန်တကယ် ပိုင်ဆိုင်ခွင့်ရတဲ့ အချိန်မဟုတ်သလိုပဲ အားတက်သရော ဖြတ်သန်းရမှာကိုလည်း မေ့ခဲ့။ သတိရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ခြစားခံလိုက်ရတဲ့ စာရွက်တွေလို ဘာအခန်းမှာ ဘာအမှတ်တရကို ချရေးမိခဲ့တာလဲဆိုတာ ခြေရာလက်ရာ ရှာမရတော့။

နှစ်စတုန်းကတော့ ပိုက်ဆံလေး ပြန်စုပြီး အမေ့အပြုံးကို ပြန်ရွေးမယ်၊ ပိုတာလေးနဲ့ အိပ်မက်တွေကို အရောင်တင်မယ် စိတ်ကူးနဲ့ အတွေးတွေကို ဆင်ကိုးစီး စားမကုန်လောက်အောင် တွေးခဲ့ပေမဲ့ တခုမှလည်း ဖြစ်မလာ။ ဖြစ်လာအောင်လည်း အားမထုတ်နိုင်။ ရယ်စရာကောင်းတာက နှစ်စက အားကောင်းမောင်းသန်နဲ့ စီးဆင်းနေခဲ့တဲ့ စိတ်အားထက်သန်မှုတွေဟာ အသက် ၃၀ ပြည့်အပြီးမှာတော့ လဲမှိုပွင့်လေးလိုပဲ လွင့်ချင်ရာ လွင့်ပြီး ဘယ်ဆီရောက်မှန်းမသိ။

အသက်ကြီးလာတာကြောင့်ပဲလား။ ဒါမှမဟုတ် ကမ္ဘာကြီးကပဲ တနေ့တခြား ပိုလေးလံလာတာကြောင့်ပဲလား။ သက်ပြင်းရှိုက်နေတဲ့ သူတွေကို ငေးကြည့်မိတော့လည်း ဒီလိုပဲ ဘဝကို တရွတ်တိုက် ဆွဲခေါ်သွားကြတာ တွေ့တယ်။ ဒါဟာ လုပ်ရိုးလုပ်စဉ်ပဲလား အမေလို့ မေးခွန်းထုတ်မလို့ ရှိသေး၊ အမေ့နားထင်နားထင်တဝိုက်က အဖြူရောင် ဆံခြည်မျှင်လေးတွေကို ရေတွက်မိပြီး မေးရမှာ မေ့သွားတယ်။ တချောင်း … နှစ်ချောင်း … သုံးချောင်း။

Public Service Announcement

Public Service Announcement

ဒီနှစ်ပိုင်းအတွင်းမှာ တခုတ်တရ လုပ်မိလာတာက အားရင်အားသလို အိပ်တတ်ပြီး လောဘကြီးမိလာတာက ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားချင်တာပဲ။ မဆိုစလောက်လေး ကျွမ်းကျင်လာတယ်လို့ ခံစားရတာကတော့ လွှတ်ချတတ်တာပဲ ဖြစ်မယ်။ စွဲလမ်းမှုက ကိုယ်ရည်ကိုယ်သွေးလို ဖြစ်ခဲ့တော့ ဒီခက်ခဲမှုက တဖြည်းဖြည်း လွယ်လာတာ မြင်ရတာ ဝမ်းသာမိတယ်။

လွှတ်ချလိုက်တာတွေထဲမှာ အိမ်ပြန်တဲ့ လမ်းကလေး ပါမသွားဖို့တော့ အံကို တင်းတင်းကြိတ်ပြီး ဆုပ်ကိုင်ထားရတယ်။ အဲ့ဒါကတော့ ကိုယ်ထင်ထားတာထက် ပိုခက်တဲ့အလုပ်ပဲ။ မာနတွေမှာ မနက်ဖြန်ဆိုတာလည်း မရှိတော့ပါဘူး။ အရောင်မှိန်လွန်းသွားတော့ အမှောင်လမ်းမှာ ပြန်ရှာဖို့လည်း ခက်ရ။ အပြုံးလေးတခွဲသားနဲ့ပဲ မျက်စိရှေ့ ရောက်လာသမျှကို တည့်တည့်ကြီး ဝင်တိုးရ။ မြေသားနုနုမို့ တရိရိ ပွတ်စားခံရလည်း ဘာအရေးလဲကွယ်။ ခံနိုင်ရည်ရှိမှုကို နောက်ဘဝထဲကနေ တဆယ်တိုးနဲ့ ချေးထားတယ်။

ညအိပ်ရာဝင်တိုင်း သေသေချာချာလေး တောင်းဖြစ်တဲ့ ဆုကတော့ မနက်ဖြန်မှာလည်း ပန်းကလေးတွေ ပွင့်နေသေးဖို့ပဲ။ စောင့်ကြည့်နေပါလေ … အိမ်ပြန်လမ်းပေါ်မှာ အမေ့ရယ်သံအားကိုးနဲ့ လောကဓံကို ခေါင်းထောက်ကြည့်နိုင်တဲ့ တနေ့ အိမ်ရှေ့က စံပယ်ရုံကလေး‌လို တလောကလုံး မူးမေ့သွား​အောင်အထိ မွှေးဖြာပြဦးမှာ။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​အီယန်’

ရေးဖွဲ့တဲ့ “‘အိပ်မက်နံပါတ် ၄၉၆” ESSAYကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက်အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...

Facebook