Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

မနက်တိုင်း အိမ်တံခါးဖွင့်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ပထမဆုံးအတွေးက “ဒီနေ့ သားအိမ်ပြန်ရောက်ပါ့မလား” ဆိုတာ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး။

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ရသစာတမ်းငယ်

တနေ့က မြို့ကလေး၏​ ဘူတာရုံနား ရောက်ဖြစ်ခဲ့သည်။ ဘူတာရုံကလေးသည် လူသူမရှိ တိတ်ဆိတ်ငြိမ်သက်လျက်။ ဘူတာဝန်းကျင် မြက်ပင်ရိုင်းတွေ ထူထပ်စွာ ပေါက်ရောက်နေသည်။ ဘူတာနှင့် မလှမ်းမကမ်းမှာတော့ တစ်ထပ်တဲအိုကြီးတစ်လုံးက ယိုင်နဲ့နဲ့တည်ရှိနေသည်။ ထိုတဲအိုကြီးကိုကြည့်ရင်း ကျနော် ဆွေးဆွေးလျလျဖြစ်ခဲ့ရပါသည်။

ကဗျာ

ရိရွဲနေတဲ့ ခရမ်းချဥ်သီးမှည့်ကြီးကို တူနဲ့ထုချလိုက်သလိုမျိုး ငါတို့မျိုးဆက်ဟာ ဖရိုဖရဲ အလဲအကွဲနဲ့ 2021 coup မှာ အငိုက်မိခဲ့ကြတယ်။

ဝတ္ထုတို

တက္ကသိုလ် တက်ရဦးမှာလား။ တက္ကသိုလ် ဘယ်မှာလဲ။ ဘွဲ့ရရင် ပြည်တွင်းက အလုပ်ခန့်မှာလား။ ပြည်တွင်းက အာဏာရှင်ပေးတဲ့ တက္ကသိုလ်က ဘွဲ့တွေနဲ့ ဘာတွေကွာခြားသွားမလဲ။ သူတို့ကလေးတွေမှာ ပညာရေး အနာဂါတ် တကယ်ရှိတာလား မေးကြပါတော့တယ်။

ကဗျာ

◼️လင်းညိုရိပ် လူငယ်တွေဟာ အချစ်ကိုခေတ်နဲ့ယှဉ်ပြီး ဦးစားပေးလို့မရမှန်းသိတဲ့အခါအချစ်ဆိုတာကို ခဏမေ့ထားပြီးသူတို့တွေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ နောက်မျိုးဆက်တွေအတွက် အနာဂတ်ဆိုတာဟာစနစ်အပေါ်မှာပဲ မူတည်နေတော့သူတို့အနာဂတ်ဆိုတာကို ခဏမေ့ထားပြီးသူတို့တွေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ လူငယ်တွေဟာ ပန်းသိပ်ကြိုက်တဲ့အမေအိုအတွက်ပန်းကလေးတွေကို အရင်လိုအလွယ်တကူခူးပေးလို့မရမှန်းသိတဲ့အခါ ဓားထက်ထက်သွေးပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ သံချေးကိုက်နေတဲ့ ယန္တရားအပျက်ကြီးကိုပြင်လို့မရနိုင်မှန်းသိတဲ့အခါ လူငယ်တွေဟာပိုကောင်းတဲ့အသစ်တစ်ခုနဲ့ အစားထိုးဖို့အတွက်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ ကြွေလွင့်ခဲ့ရတဲ့ကြယ်တွေအတွက်သူတို့ထမ်းဆောင်လို့မရတော့တဲ့ တာဝန်တွေကို“ငါတို့ပခုံးပေါ်လွှဲပြောင်းယူရမယ်လို့” ခံယူထားကြတဲ့အခါအဲ့ဒီခံယူချက်အတွက်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ မပြောမဆိုနဲ့ အိမ်ကထွက်လာတဲ့နောက်အမေ့ကိုဖုန်းဆက်ပြီးပြောခဲ့တဲ့စကား“အောင်ပွဲနဲ့အတူပြန်ခဲ့မယ်အမေ”...

ဝတ္ထုတို

▪︎ဆူးနတ်သံ “ဘာမှ ဆုပ်ကိုင်မထားတဲ့ သုညလက်ပါ တဖျက်ဖျက် မလွင့်နိုင်တဲ့ အလံတွေကိုင်ရင်း ပန်းဝင်ခဲ့ပါပြီ” ဆိုတဲ့ကဗျာက 2021 ခုနှစ် မတ်လ ၃ ရက်နေ့ မုံရွာသပိတ်မှာ ကဗျာဆရာ ကေဇဝင်းနဲ့အတူ တနေ့တည်း ကျဆုံးခဲ့တဲ့ ကဗျာဆရာမ ကြည်လင်အေးရဲ့ ကဗျာပဲကွ။ တို့တတွေ သင်ယူရမှာက...

ကဗျာ

◼️ကိန်း (ခရမ်း) ဒီကောင်က ကြောင်တောင်တောင်ကောင်အိမ်ကပေးတဲ့ ကျောင်းမုန့်ဖိုး တစ်ရာတန်အပြဲကလေးကိုဘိန်းမုန့်ကြီးကြီး ဝယ်စားချင်တဲ့ကောင်၊ ဒီကောင်က ငကြောက်မြို့မကကောင်တွေနဲ့ကျောင်းကြီးက ကောင်တွေချတော့သူများလက်သီးကြားခေါင်းငုံ့ပြီး အထိုးခံနေကျအော်ငိုပြီး အိမ်ပြန်နေကျ ကောင်၊ ဒီကောင်က ဝမ်းနည်းတတ်တယ်အထက်တန်းရောက်လို့ သူငယ်ချင်းတွေ အတန်းမတူကြတော့စာသင်ခုံမှာထိုင်ဆွေးပြီးအခန်းပြောင်းချင်တယ်လို့ဆရာမရှေ့ တကိုယ်တော်ဆန္ဒပြတတ်တဲ့ကောင်၊ ကျောင်းဆင်းလို့ အိမ်ရောက်ရင်သူ့အမေရဲ့ အသုပ်ဆိုင်မှာပန်းကန်ထဲ ဟင်းခါးတွေဖြည့်ခုံတွေသုတ်အသွားပြန် ၁နာရီလောက်ဝေးတဲ့ မုန့်ဖိုကိုမုန့်ဖက်ကုန်ရင်...

ရသစာတမ်းငယ်

တောင်ပေါ်ဒေသကား မိုးရာသီသည် စိတ်ပျက် ငြီးငြူဖွယ်ရာ အလွန်ကောင်း၏။ မိုးရွာလို့ မြေပြို၊ တောင်ပြိုဖြစ်ကာ လမ်းများပျက်သည်ကလည်း တော်တော်ပင် ဆိုးရွား၏။ တချို့ရွာတွေဆို ရွှံ့ဗွက်များ အိုင်ထကာ ဆိုင်ကယ်ပင်သွားစရာ လမ်းမရှိ။ ထို့ကြောင့် ကျနော်တို့သည် မိုးတွင်းကို အနားရသည့် ရာသီတခုပင် သဘောထားလေသည်။

ကဗျာ

မိုးမြင့်ကျော် ကိုယ့်ရင်ဘတ်မှာခဏခဏ လာစိုရွှဲနေတဲ့ကိုယ်ပြန်လာမှ ဖာထေးဖြစ်မယ့်မင်းအခန်းက မိုးယိုပေါက်မင်းလက်နဲ့ပြန်ချုပ်ပေးမယ်ဆိုတဲ့ကိုယ့်အင်္ကျီချုပ်ရိုးဒီတမိုးလည်း ကိုယ်ပြန်မလာဖြစ်ဘူးမင်းအခန်းကပျဥ်ချပ် မိုးစနဲ့ဆွေးမြည့်လောက်ပြီကိုယ်တော့ ပြဲနေတဲ့ချုပ်ရိုးကိုချည်ပြန်ထိုးထားလိုက်တယ်ကိုယ်သိပါတယ် မင်းကတော့မိုးယိုပေါက်ကို ဒီအတိုင်းထားလို့ကိုယ့်ကတိကို စောင့်နေတော့မယ်။ ။ ( The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မိုးမြင့်​ကျော်’ ရေးဖွဲ့တဲ့ “မင်းကို​ပေးခဲ့တဲ့ကတိ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့...

ရသစာတမ်းငယ်

ဒီရက်ထဲ အကြိမ်ပေါင်းများစွာနားထောင်ဖြစ်နေတဲ့ ဦးကျော်ဟိန်းရဲ့ အကိုရေဘယ်ကိုသွားမှာလဲ သီချင်းပေါ့။ အကျအဆုံးအထိအခိုက်များနေတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို သီချင်းနားထောင်လိုက် ပေါ့ဒ်ကတ်တွေနားထောင်လိုက်နဲ့ ထွက်ပေါက်ပေးနေတာ အချိန်တခုကြာပေါ့။

ရသစာတမ်းငယ်

ကျနော်တို့က တကယ်ခက်ခဲတဲ့ကာလကြီးကို အတူအကွရောက်ရှိလာခဲ့ကြတယ်။ အတူတကွဆိုပေမယ့် အတူရှိမနေကြပြန်ဘူး။ ဒါပေမယ့် ဒို့နှလုံးသားတွေက နီးစပ်နေပြန်ရော။

Facebook