Hi, what are you looking for?
◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...
မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...
စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...
ခွန်းနီ မရည်ရွယ်ဘဲဖိနပ်တရံဝယ်ခဲ့တယ်။ လာ သူငယ်ချင်းမင်းနဲ့ငါကအရွယ်တူဘဝတူဖိနပ်ဆိုဒ်ပါလာတူနေတော့ငါတို့အတူတူစီးကြတာပေါ့ မပြီးဆုံးသေးတဲ့ဒီတော်လှန်ရေးခရီးဝယ်မင်းကဘယ်ဘက်ကိုစီးငါကညာဘက်ကိုစီးမယ်ဒါဆို ကြီးကျယ်တဲ့အောင်ပွဲဆီဒီဖိနပ်ကလေးနဲ့ချီကြမယ် ဖိနပ်ကတရံလူကနှစ်ယောက်ဆိုပေမဲ့အတိုင်အဖောက်ကညီပါတယ်တယောက်တဖက်စီးလို့တို့ခရီးကိုဆက်ကြအုံးစို့လေ လာ သူငယ်ချင်းမရှိတော့တဲ့ခြေထောက်တဖက်အတွက်ဘာမှယောက်ယက်ခတ်မနေနဲ့တဖက်တည်းကျန်လဲလောကဓံကိုငါတို့ကန်နိူင်သေးတယ် အများအတွက်ငါတို့ခြေထောက်တွေပေးဆပ်ခဲ့တာပဲမြတ်ပါတယ် ။ ။ (မှတ်ချက်။ ။ နွေဦးတော်လှန်ရေးအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ သူရဲကောင်းရဲဘော်များအား ဂုဏ်ပြုရေးသားခြင်းဖြစ်ပါတယ်) (The Call -ခေါ်သံ “အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ ရေးဖွဲ့တဲ့ “ဖိနပ်တရံရဲ့ရာဇဝင်”ကဗျာကို...
မောင်မိုးအေး မိုးရွာ လမ်းကြမ်း မှောင်နဲ့မည်းမည်းထဲ ကြာမြင့်စွာ ဆိုင်ကယ်စီးခဲ့ရပြီးနောက် ခရီးတထောက် အနားယူရမည်ဟူသော အိမ်ကြီးသို့ ရောက်ခဲ့ချေပြီ။ နာရီကလည်း မပါ။ ဖုန်းတွေကလည်း အားကုန်ချေပြီ။ တောကြီးမျက်မည်းထဲ တနေကုန် မိုးထဲ ဗွက်ထဲက လာခဲ့ရသည်မို့ လူတွေလည်း မောဟိုက် နုံးခွေနေကြပြီ။ ရွာစွန်တောင်ထိပ် အမှောင်ထဲက...
အာကာဘုန်းဝေ လူတွေဟာ ခေတ်တွေဆီသို့သွားနေတာလားခေတ်တွေကပဲ လူတွေဆီသို့လာနေတာလားအရာရာဟာ မသဲမကွဲ ။ ကျောက်ခေတ်ကြေးခေတ်သံခေတ်နည်းပညာခေတ် ခေတ်တွေဟာ တဖြည်းဖြည်းပြောင်းလဲလာခဲ့ရတယ် ။အချစ်နှင့်အနုပညာခေတ်ကိုမရောက်နိုင်သေးဘူးမဟုတ်လား ။ အလင်းနှစ်သန်းပေါင်းများစွာဖြတ်ကျော်လာခဲ့ရတယ် ။ကမ္ဘာဟာ ဒဏ်ရာတွေကိုတကယ်မဖြေဖျောက်နိုင်သေးဘူးမဟုတ်လား ။ ကမ္ဘာဟာခက်ထန်ကြမ်းတမ်းတဲ့နေ့ရက်တွေနှင့်အတူခက်ထန်ကြမ်းတမ်းတဲ့ဘဝတွေနှင့်အတူအခုထိ အသည်းကွဲနေရဆဲ ။ ခေတ်တွေဟာချစ်စရာကောင်းတာလားဒါမှမဟုတ်ခေတ်တွေဟာကြောက်စရာကောင်းတာလားငါတို့ရဲ့ ကမ္ဘာကြီးထဲမှာ ။ ။ (The Call...
ဆောလျန် ဇာတိမြို့ ဗုံးကြဲခံနေရတဲ့ အချိန်တုန်းက အဲဒီမိန်းမက အိပ်ပျော်နေခဲ့တာ။ အိပ်ပျော်နေတယ်ဆိုပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်တော့ ဘယ်ဟုတ်လိမ့်မလဲ။ အိမ်ကနေ အသက်လု ထွက်ပြေးရပြီးကတည်းက နောက်က ကပ်ပါလာတဲ့ ဆင်တူယိုးမှား ခြောက်အိပ်မက်တွေထဲမှာ တဝဲလည်လည် နစ်မြုပ်ရင်း အိပ်တဝက် နိုးတဝက် ဖြစ်ရလေ့ရှိတဲ့ ညများစွာထဲက တညပဲကိုး။ ဇာတိမြို့...
မိုးသွေးညို ကိုယ်က ပြေးသွားတာလားသူက ဝေးသွားတာလားခြားနားခြင်းကို ဘယ်လိုတွက်တွက်နွေဦးနေ့ရက်တွေမှာမေတ္တာဓာတ်ဟာ သင်းသင်းပျံ့ တယောက်ကို တယောက် ချစ်ခဲ့တယောက်နဲ့ တယောက် ပျော်ဝင်ခဲ့တယောက်ရဲ့ တယောက် တံတိုင်းဖြစ်ခဲ့တိုက်ပွဲခေါ်လို့ တိုက်ပွဲပျော်ခဲ့ မောင်းပြန်တွေရှေ့ဒေါင်းအလံ တလူလူလွှင့်ထားတဲ့သူ့လက်သီးဆုပ်လေး…ကြွေးကြော်သံတွေ ထန်နေဆဲသေနတ်သံတွေ ညံခနဲခေါင်းစည်းပုဝါလေး နီနီရဲ အို.. သွေးအစက်စက် မြေနီလမ်းလေးအဆောင်ရှေ့မှာ ဖျတ်ခနဲ ကျကွဲစိန်ပန်းတွေလည်း...
■ ဂနိုက် အချစ် မင်းကိုလွမ်းရတဲ့ညတွေလွန်ပါစေက,စမယ်။ ချုံတွေပိန်းပေါင်းထပ်နေတဲ့ ကူညီပါရစေဆိုင်းဘုတ်ကိုတွေ့တော့ ပျစ်ကနဲမြည်အောင် တံတွေးထွေးခဲ့သေးတယ်။ ချောင်းကမ်းပါးကိုအဆင်း တရွတ်တိုက်နှ စ်ပတ်လိမ့်သွားတော့ ဂျွန်းစလင်းလို့ ငါတို့နောက်ပြီးခေါ်တယ်။ ငါတို့ကလဲငါတို့ပါပဲ ဗုံးသံတွေ ဝုန်းဆန်နေတာတောင် ရေကူးကမပြတ် လစ္စဘွန်းမြို့ပျက်တော့ ပါရီက ကချေသည်တွေလို။ မုန့်အီးဒ်နေ့က ဖာပွန်မှာစမိုင်သောက်တော့ မဆီမဆိုင် ယွန်းစလင်းချောင်းနံဘေးက...
မောင်သုည (ရှပ်ပုံသားလေး) သားရေ…ခွဲခွာခြင်းတရားရှိတယ်ဆိုတာ သိပေမယ့်တကယ်တမ်း ခွဲခွာခဲ့ကြရင်အသွေးအသားနဲ့ ထုဆစ်ပြီးမြင်းမိုရ်တောင်မက ကြီးမားတဲ့မေတ္တာပန်းချီကားတချပ်မှာအူဝဲကဗျာကစအမေတို့က ပိုနာကျင်ရပါတယ် သား ၊ အမေတို့ ဘယ်လိုနှလုံးသားနဲ့ဆက်ရှင်သန်ရမလဲ သားရယ် ၊ ဘယ်တော့မှပြန်မလာနိုင်တဲ့ လူကိုမျှော်ရတာလည်းငရဲကျခြင်း တမျိုးပဲမို့သားတယောက် ဆုံးရှုံးသွားတဲ့ မိခင်တယောက်ဆိုတာလည်းငရဲကျသလို ပူလောင်ရပါတယ် သား ၊ သားရေ…ရင်နဲ့လွယ်ထားရတဲ့ သွေးစက်တိုင်းအတွက်ရွှေဗျိုင်းဖြူပုံပြင်တွေမိတ်ထီလာကန်တော်အောက်ကဖားကောက်ခဲ့ပေး...
ချမ်းငြိမ်း ဒဏ်ရာတွေကို ဆေးကြောဖို့သွေးတွေကို ဖောက်ထုတ်ရင်းညတွင်းကြီးဆီသူတို့ ခုန်ဆင်းသွားကြတယ်။ ရောင်စဉ်တန်းတွေ လှိုက်ကနဲလကို ထိုးခွဲသွားတဲ့ ကျည်ဆန်ရှေ့မှာအသက်တချောင်းကို ဒိုင်းလုပ်အမှောင်ကို ခုန်အုပ်လိုက်တယ်။ တောင်ပံတွေကို ဖြန့်ရင်းမီးထဲတိုးဝင်သွားတဲ့ ပိုးဖလံလိုတစုံတရာ လှပဖို့ကိုယ့်ကိုယ်ကို ပြာချလိုက်ပုံမျိုး။ ဒုန်းစိုင်းနေတဲ့ အဆုပ်နဲ့ခြေရာပေါ်က ငုတ်လျှိုသွားတဲ့တောင်တန်းမှာဝိဉာဉ်ဟာ ဓားတစင်းအဖြစ်ညကို ခုတ်ပိုင်းပစ်လိုက်တယ်။ ခင်ဗျားတို့ မြင်လိုက်ကြလားဝိဉာဉ်ဓားသွားတလက်ရဲ့တလက်လက်ထနေတဲ့ အသွားပေါ်ကပြတ်ကျသွားတဲ့...