အောက်တိုဘာ-၃၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ကောလင်းမြို့နယ်အနောက်ခြမ်း၊မူးချောင်းအတွင်းရွှေမျောကိုတွဲသယ်ဆောင်လာတဲ့ စက်လှေဟာအရှိန်မထိန်နိုင်ဘဲတံတားကို ဝင်တိုက်မိတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။
ကောလင်းနဲ့ကန့်ဘလူအစပ်ယင်းတိုက်ရွာအနီးမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကဖြစ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုအချို့ရှိခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။
သဖန်းဆိပ်ဆည်ကရေလွှတ်စဉ် မူးချောင်းအတွင်းရေများလာပြီးချောင်းရေပြင်းပြင်းထန်ထန်စီးဆင်းတာကနေ အချိန်မထိန်းနိုင်တော့တာလို့ဒေသခံအချို့ကပြောပါတယ်။

Public Service Announcement
လက်ရှိမှာကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအတွင်းမိုးကြီးပြီး ဒေသအချို့မှာပုံမှန်ထက်ရေများနေပါတယ်။ မူးချောင်းရေလည်းပုံမှန်ထက်များနေတဲ့အတွက် ရေးဘေးသတိပြုကြဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကသတိပေးထားပါတယ်။
သြဂုတ်လဆန်းမှာ သဖန်းဆိပ်ဆည် ကဒေသခံတွေကို ကြိုတင်သတိမပေးဘဲ ရေလွှတ်တာကြောင့် ဆည်အောက်ပိုင်းနဲ့ မူးမြစ်တလျှောက်ရေကြီးခဲ့သလို အခုရက်ပိုင်းမှာလည်းသဖန်းဆိပ်ဆည်ရေထပ်မံလွှတ်တယ်လို့ဒေသခံအချို့ကပြောပါတယ်။



















































