Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဆောင်းပါး

ကမ္ဘောဒီးယား၏ တိတ်တဆိတ်ကြီးထွားလာနေသော တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်

ဆောင်းပါး

မိတ္ထီလာဟာ စစ်တပ်က ခိုင်းနှိုင်းဖူးတဲ့ အစိမ်းရောင်လွင်ပြင်ဆိုတဲ့အတိုင်း စိမ်းသရဖူစိမ်းသူတို့ရဲ့ ဘူမိနက်သန်ဒေသပါ။ အာဏာသိမ်းစစ်တပ်ကလည်း အမာခံသူတို့ရဲ့နယ်​မြေလို့ အပိုင်တွက်ထားသလို ၊စစ်တပ် ထောက်ခံသူတွေလည်း အများအပြားရှိတယ်။ အာဏာရှင်စနစ် ဆန့်ကျင်သူတွေဟာ မိတ္ထီလာမှာအတော်လေးရုန်းကန်ရတယ်။ မကြာခဏလည်း ဖမ်းဆီးခံရတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာဘက်မှတအုန်းအုန်းအသံများထွက်ပေါ်လာသည်။ ချောင်းဦးမြို့နယ်အတွင်းမှာလည်း နေ့စဥ်ရက်ဆက် လေကြောင်းပစ်လိုက်၊ လက်နက်ကြီးထုလိုက်ဖြင့် ပြည်သူကို အကြောင်းမဲ့ပစ်ခတ်နေသော စစ်ကောင်စီက ဒီတခါလည်း လက်နက်ကြီးဖြင့် ထုပြန်လေပြီ။

ဆောင်းပါး

သားရှင်ပြုအလှူ​လေးလုပ်ဖို့ မသဲဖြူတို့ မိသားစုစိတ်လှုပ်ရှား နေကြပါတယ်။ကိုရင်ဝတ်ချင်လွန်းတဲ့ ၁၀နှစ်အရွယ်သားဖြစ်သူက အိမ်ကိုပြန်မလာ။ဘုန်းကြီးကျောင်းမှာသာ အနေများပါတယ်။ဘုန်ကြီး​ကျောင်းမှာ​ပျော်​မွှေ​နေတဲ့ သား​တော်​မောင်ကကိုရင်ဝတ်ချင်လွန်းလှတာမို့ အလှူလုပ်​ပေးရမှာကို မိသားစု ​စိတ်လှုပ်ရှား​နေကြတာပါ။

ဆောင်းပါး

ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့က ချောင်းဦးမြို့နယ်ထဲက ရွာလေးတရွာက သွပ်မိုး၊ ထရံကာ အိမ်ကလေးထဲမှာ အုန်းပွဲ၊ ငှက်ပျောပွဲ သာသနာပွဲထိုးထားတယ်။ မနက်ဖြန် ဒီအိမ်ကလေးရဲ့အလှူ ရှိတာမို့ သာသနာပွဲ ကြိုထိုးထားတာပါ။ အလှူ့ဒါယကာဖြစ်တဲ့ အသက်၂၈ နှစ်အရွယ် ကိုထွန်း(အမည်လွှဲ)လည်း ပြုံးပျော်နေတယ်။ မနက်ဖြန်ဆို အသက်...

ဆောင်းပါး

နေသိပ်မပွင့်တဲ့မေလဆန်းရဲ့နေ့လယ်ခင်းတခုမှာ ကောင်းကင်ပြာပြာအောက်က ကျောင်းဆောင်လေးတခုနား လေပြည်ဟာ ခပ်ဖြေးဖြေးလေး တိုက်ခတ်နေတယ်။ ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်နေလို့ တကျီကျီအော်မြည်သံနေတဲ့ ငှက်က လေးတွေရဲ့အသံတွေ ထွက်ပေါ်နေတယ်။ သာမန်အချိန်ဆိုရင်တော့ ကြည်နူးစရာကောင်းနိုင်ပေမဲ့ ဖွာလန်ကြဲနေတဲ့ ကျောင်းဆောင်လေးနဲ့ ကျောင်းရှေ့အလံတိုင်နား စုပုံထားတဲ့ ပိုင်ရှင်မဲ့လွယ်အိတ်လေးတွေကတော့မြင်သူတိုင်း ရင်နင့်သွားစေခဲ့တယ်။

ဆောင်းပါး

မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။

ဆောင်းပါး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါစကားကို ထုတ်ဖော်ပြောဆိုအပြီး ၁၁ ရက်အကြာမှာပဲ တရုတ်သမ္မတရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ လက်ခံတွေ့ဆုံလိုက်ပါတယ်။

ဆောင်းပါး

ငလျင်ကြောင့် အက်ကွဲကြောင်းကြီးတွေ ဖြစ်ပေါ်နေတဲ့ မန္တလေး၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ကမ်းနားလမ်းနဲ့ မနီးမဝေးမှာ အနည်းငယ် ယိုင်နဲ့နေတဲ့ နှစ်ထပ်သွပ်မိုးထရံကာ အိမ်လေးတလုံးရှိတယ်။ အဲဒီအိမ်လေးဟာ ငလျင်ကြောင့် ယိုင်နဲ့သွားတာဖြစ်ပြီး လက်သမားခေါ်ကာ ပြုပြင်ထားရတယ်လို့ အိမ်ရှင်ဖြစ်တဲ့ ကိုဘမြင့်(အမည်လွှဲ)က ပြောတယ်။

ဆောင်းပါး

တရုတ်အကူအညီဖြင့် MNDAAလက်ထဲမှလားရှိုးမြို့ကို ပြန်ရထားသည့်စစ်ကောင်စီသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မည်သည့်နေရာတွင် အခြေချမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရမခတိုင်းမှူးကိုလည်း လအနည်းငယ်အတွင်း အသစ်တစ်ဦးထပ်မံခန့်အပ်လိုက်ပြန်သည်။

ဆောင်းပါး

ပူပြင်းလှတဲ့မန္တလေးရဲနေ့လယ်ခင်းရာသီဥတုအောက်မှာ ကွင်းပြင်ကျယ်ကြီးထဲက အပြိုအပျက် အုတ်တွေ၊ အင်္ဂတေပုံကြီးကြားထဲမှာ လူတွေ လသာနေတဲ့အလား ပြေးလွှားနေကြတယ်။

Facebook