Hi, what are you looking for?
စစ်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။
နောင်ချိုမြို့က စျေးသည်တွေ အားထားရောင်းရတဲ့စျေးတစ်ခုဟာ ကံကြီးရွာက စျေးဖြစ်ပါတယ်။ ကံကြီးစျေးဟာ ငါးရက်မှာတစ်ကြိမ်လုပ်တဲ့ ဒေသအခေါ်အဝေါ် စျေးပတ်စျေးဖြစ်ပါတယ်။ ရွှေထည်နဲ့ အိမ်ဆောက်ပစ္စည်းတွေအပါအဝင် အိမ်သုံးစားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ အသီးအရွက်နဲ့ အသားငါးတွေကို ကံကြီးရွာက ငါးရက်မှာတစ်ကြိမ်ပြုလုပ်တဲ့ စျေးမှာ သွားရောက်ရောင်းချကြတာပါ။
မန္တလေးမြို့တနေရာက ဘုန်းကြီးကျောင်းဝင်းတဝင်းထဲမှာရှိတဲ့ ယာယီတဲအိမ်လေးထဲကနေ အသက် လေးဆယ်အရွယ် မဖြူ(အမည်လွှဲ)တယောက် ခပ်လှမ်းလှမ်းက ပြိုလုလု အဆောက်အအုံတခုကို လှမ်းငေးပြီး ကြည့်နေတယ်။ အဲဒီအဆောက်အအုံကတော့ မဖြူတို့နေခဲ့တဲ့ သုံးထပ် တိုက်လေးဖြစ်ပြီး ပြီးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ နောက်ကျွံကျကာ ပျက်စီးသွားခဲ့တာပါ။
အိုးတိန်တွင်းရွာရဲ့မေလ ၁၂ ရက်နေ့ မနက်ခင်းဟာ သာသာယာယာပင် နိုးထလာပါတယ် ။ ကျောင်းသားတွေက ကျောင်းသွားဖို့ပြင်ဆင်နေကြပါတယ်။ပုံမှန်ဆိုရင်တော့မေလဟာနွေကျောင်းပိတ်ရက်တွေဖြစ်ပါတယ်။ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အညာမြေဟာ တော်လှန်ရေးကာလအတွင်း ကျောင်းပိတ်ထားရချိန် ကလေးငယ်တွေရဲ့ အသက်နဲ့အတန်းတွေ မမျှတာကြောင့် ၆ လ တစ်ကြိမ် အတန်းတင် စာမေးပွဲ ဖြေကာ တနှစ်ကို ၂...