Hi, what are you looking for?
စစ်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။
စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ စစ်ကိုင်းနယ် ရွာတရွာကအသက် (၇၅)နှစ်အရွယ် ဒေါ်မြ(အမည်လွှဲ)ဟာ ဒီကနေ့ ဇွန်လ (၁၉)ရက် မနက်ပိုင်းက ဘုရားရှိခိုးတာ အရင်နေ့ကထက် ပိုကြာခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ဟာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့ဖြစ်တာကြောင့် သူမအတွက် ဘုရားမှာ ဆုတောင်းပေးနေလို့ပါလို့ ဒေါ်မြက ပြောတယ်။
ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်နှစ်မွေးနေ့ဟာ စစ်အုပ်စုရဲ့ အာဏာသိမ်းမှု ရက်ပေါင်း ၁,၆၀၀ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာသိမ်းစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တစ်ဦးကို တရားလက်လွတ် မတရားဖမ်းဆီးချုပ်နှောင်ထားတာရက်ပေါင်း ၁,၆၀၀ ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။