Hi, what are you looking for?
■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေးနေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှုတွေအကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...
စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြားက ကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်မှု၊ ကွန်ဂရက်ကာလအတွင်း ဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့KNU ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေး နိုင်ငံရေးအခြေအနေတွေကို KNU ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ဦးဖြစ်သလို အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာတဲ့ ပဒိုစောကလယ်စေးကို People’s Spring က ဆက်သွယ်မေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။
တူမီးသေနတ်နဲ့ ဒေသခံတွေဟာ ၂၀၂၁ ဧပြီလမှာ စစ်ကောင်စီ ဗျူဟာမှူးပါတဲ့ စစ်ကြောင်းကို ပိတ်ဆို့ပြီး ဖမ်းဆီးခံ ပြည်သူတွေနဲ့ အလဲအလှယ် လုပ်ဆောင်နိုင်ခဲ့သလို မောင်းပြန်သေနတ်၊ လက်နက်ကြီးစတဲ့ ခေတ်မီလက်နက်တွေနဲ့ အင်အားအများအပြားပါတဲ့ စစ်ကောင်စီယာဉ် ၆စီးကိုလည်း မေ ၁၄ ရက်မှာ တိုက်ခိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။