Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“သူတို့(စစ်​ကောင်စီ)ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ရက်က ခေါ်ပြောတယ်ပေါ့။ မုန်တိုင်းကလာတော့မှာ စား သောက်ကုန်တွေကြိုဝယ်ထားကြဖို့ မှာတယ်လို့ ပြောတယ်။ အဲဒါမနေ့တနေ့ကမှ ဝန်ထမ်းတွေက အကုန်ထွက်ဝယ်ကြတာပေါ့။ ပြည်သူတော်တော်များများကတော့ ဝန်ထမ်းတွေအဲလိုထွက်ဝယ်ကြတာကို မရိပ်မိကြဘူး။ ကျွန်တော်က သိတဲ့သူတွေရှိလို့ လိုက်မေးကြည့်မှ သိရတာ။ အမှန်တစ်ကယ်ဆိုရင် ပြည်သူတွေကြိုတင်ပြင်ဆင်လို့ရအောင် အသိပေးသင့်တာ”

မိုခါမုန်တိုင်းဖြတ်သန်းဝင်ရောက်နိုင်တယ်လို့ ပညာရှင်တွေ ခန့်မှန်းထားတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့အခြေအနေတွေကို People’s Spring က ဒီကနေ့ မေ ၁၃ ရက်ည ၈ နာရီခွဲခန့်မှာ မြို့ခံတစ်ဦးနဲ့ဆက်သွယ် မေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

(ယနေ့ မေ ၁၃ ၇က်နေ့လယ်ပိုင်းကမြင်တွေ့ရသည့် စစ်တွေကမ်းနားနှင့် မြို့ပေါ်နေရာအချို့ မြင်ကွင်း။ဓါတ်ပုံ-CJ)
(ယနေ့ မေ ၁၃ ၇က်နေ့လယ်ပိုင်းကမြင်တွေ့ရသည့် စစ်တွေကမ်းနားနှင့် မြို့ပေါ်နေရာအချို့ မြင်ကွင်း။ဓါတ်ပုံ-CJ)

▪︎စစ်​တွေမြို့ခံတစ်ဦးနဲ့ ​မေးမြန်းခန်း

မေး – လက်ရှိ စစ်တွေမြို့ရဲ့ ရာသီဥတုအခြေအနေနဲ့ ဒေသခံတွေရဲ့အခြေအနေ အကြမ်းဖျဥ်းလေး သိပါရစေ။

ဖြေ – ရာသီဥတုက လက်ရှိမှာ ပုံမှန်လောက်ပါပဲ။ သိပ်ပြီးတော့ ဘာမှ မထူးသေးဘူး။ မိုးကတော့ မနေ့ကည ၁၁ နာရီလောက်မှာ စပြီးရွာတယ်။ ဒီနေ့(မေ ၁၃)လည်း ဖွဲဖွဲရွာနေတယ်။ လေနည်းနည်းတိုက်တယ်။ အရင်တုန်းက မိုးရွာလို့လေတိုက်တာလောက်ပဲ တိုက်တယ်။ တစ်ခုတော့ရှိတာပေါ့။ မုန်တိုင်းဝင်မယ်ဆိုတော့ မုန်တိုင်းရဲ့ ရှေ့ပြေးလက္ခဏာလေးတွေတော့ တွေ့ရတာပေါ့။ ဘာလည်းဆိုတော့ လေတချက် တချက်တိုက်တာတို့၊ မိုးနည်းနည်းရွာတာတို့ပေါ့။

ပြည်သူအများစုကတော့ ဘေးလွတ်ရာ ပြောင်းကုန်ကြပြီ။ ကျွန် တော်ကိုယ်တိုင်လည်း သက်ကြီးပိုင်းတွေဖြစ်တဲ့ အဖေနဲ့အမေ ပြီးတော့ကလေးတွေကို နေရာရွှေ့ပေးထားပြီ။ အိမ်မှာဆိုလို့ ကျွန် တော်နဲ့ ကျွန်တော့်မိန်းမနဲ့ ညီတစ်ယောက်၊ ညီမတစ်ယောက်ဒါပဲ အိမ်စောင့်ကျန်နေခဲ့တယ်။ မနက်(မေ ၁၄)ကျမှ အခြေနေကြည့်ပြီး ရွှေ့သင့်လည်း ရွှေ့ရမှာပေါ့။ တချို့ တော်တော်များများကတော့ အိမ်တွေပိတ်ထားခဲ့ပြီး မိသားစုလိုက် သွားကြတာ။ သိရသလောက် မြောက်ဦးနဲ့ ကျောက်တော်ဘက်တွေ အသွားများကြတယ်။

(ယနေ့ မေ ၁၃ ၇က်နေ့လယ်ပိုင်းကမြင်တွေ့ရသည့် စစ်တွေကမ်းနားနှင့် မြို့ပေါ်နေရာအချို့ မြင်ကွင်း။ဓါတ်ပုံ-CJ)
(ယနေ့ မေ ၁၃ ၇က်နေ့လယ်ပိုင်းကမြင်တွေ့ရသည့် စစ်တွေကမ်းနားနှင့် မြို့ပေါ်နေရာအချို့ မြင်ကွင်း။ဓါတ်ပုံ-CJ)

မေး – မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ပတ်သက်လို့ လက်ရှိမှာ ဘယ်အဖွဲ့အစည်းတွေက ကူညီပေးနေလဲ။ အခြေနေဘယ်လိုရှိပါလဲဗျ။

Public Service Announcement

Public Service Announcement

ဖြေ – ကျွန်တော်သိသလောက်ဆိုရင် လက်ရှိတာဝန်ယူထားတဲ့အဖွဲ့အစည်း(ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ)က အဆင့်ဆင့်ညွှန်ကြားတာတွေရှိတယ်လို့တော့ သိရတယ်။ မနေ့ကဆိုရင် နေ့လယ်ပိုင်း ပြည်နယ်အဆင့်အစည်းအဝေးလုပ်ပြီး စစ်တွေကမ်းနားအပါ အဝင် တစ်ပြည်နယ်လုံးက ကမ်းခြေနဲ့နီးတဲ့နေရာတွေ၊ ချောင်းတွေမြောင်းတွေနဲ့ နီးတဲ့ရွာတွေကို မဖြစ်မနေပြောင်းကို ပြောင်းရမယ်ဆိုပြီး အမိန့်ထုတ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ သတင်းထုတ်ပြန်ရေးပိုင်းနဲ့ပတ်သက်လို့ ဘာမှရေရေရာရာ ထုတ်ပြန်လာတာတော့ မတွေ့ရဘူး။ မနေ့ကအထိ ပြောင်းရမဲ့ရပ်ကွက်တွေမှာ ဘယ်ရပ်ကွက်က ဘယ်နေရာကိုပြောင်းရမယ်ဆိုတာမျိုး စာလိုက်ကပ်တာပဲရှိတယ်။ ဒီနေ့မနက်ပိုင်းကတော့ စစ်တွေကမ်းနားဘက်မှာ မဖြစ်မနေပြောင်းကြဖို့ လော်နဲ့လိုက်အော်တာရှိတယ်။ ဒါလောက်ပဲ။

တခြားလူမှုအဖွဲ့အစည်းတွေကတော့ ပြောင်းဖို့ရွှေ့ဖို့ အကူအညီပေးနေတာရှိတယ်။ ပြည်နယ်က ညွှန်ကြားထားလို့လား ဒါမှမဟုတ် ဒီတိုင်းလိုက်ကူညီပေးတာလားဆိုတာတော့ သေချာမသိဘူး။ ကျွန် တော်တို့ ဒီဘက်က ULA/AA ရခိုင့်တပ်တော်ကတော့ မြေပုံတို့ဘာတို့မှာတော့ အကူအညီပေးနေတာရှိပါတယ်။ ကျွန်တော်တို့ စစ်တွေမြို့ပေါ်မှာတော့ အခြေအနေတစ်မျိုးပေါ့လေ။ ဒါပေမဲ့ သူတို့ (ULA/AA)အချိန်မရွေး စောင့်ကြည့်နေမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ လိုအပ်သလို ကူညီပေးနိုင်အောင်လို့တော့ စီစဥ်ထားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အခုလက်ရှိကတော့ ပြည်သူတွေက ကိုယ့်အစီအစဥ်နဲ့ကို ပြောင်း ရွှေ့ကြတာ များပါတယ်။ တချို့လည်း မြောက်ဦးတို့၊ ကျောက်တို့တို့ဘက်မှာရှိတဲ့ ဆွေမျိုးသားချင်းတွေဆီ သွားကြတာရှိတယ်။ တချို့ကတော့ သူတို့(ပြည်နယ်စီမံကောင်စီ)သတ်မှတ်ထားတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ တက္ကသိုလ်၊ ပြီးတော့မုန်တိုင်းဒဏ်ခံအဆောက်အအုံတွေဆီ သွားကြတာရှိတယ်။ အဲဒီလို ပြောင်းတာရွှေ့တာကိုတော့ ပြည်နယ်က ကူညီပေးတာတော့ မရှိဘူး။ ကိုယ့်အစီအစဥ်နဲ့ကိုပဲ ပြောင်းကြတယ်။ စားရေးသောက်ရေးလည်း ကိုယ့်ဟာလေးတွေနဲ့ကို ထည့်သိုသွားကြတာရှိတယ်။ သူတို့ဘက်က စီစဥ်ပေးမလား မပေးဘူးလား သေချာမသိဘူး။

အဲတော့ ပြည်သူတစ်ယောက်အနေနဲ့ ပြောရရင် သူတို့ကို(ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ)တော်တော် အားမရဘူး။ မုန်တိုင်းဝင်မယ်ပြောကတည်းက သတင်းထုတ်ပြန်မှုအပိုင်းမှာလည်း ဘာမှရေရေရာရာမရှိဘူး။ ကျွန်တော်အပါအဝင် ပြည်သူတွေက မိုးဇလက ထုတ်ပြန်တဲ့သတင်းတွေရှာဖတ်လို့ မုန်တိုင်းအခြေအနေကို သိရတာ။ ပြီးတော့ လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ မင်းဂွတ်သီး(Su Su San)တို့၊ ဘဂ်လားနဲ့ အိန္ဒိယဘက်ကသတင်းတွေ ဝင်ဝင်ဖတ်ရတယ်။ တချို့ မိုးလေဝသ App တွေကူးထည့်ပြီး ကြည့်ကြတယ်။ သူတို့(ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ)လိုဆိုရင် ပြည်သူတွေက ဘာမှတောင် သိမှာမဟုတ်ဘူး။

(ယနေ့ မေ ၁၃ ၇က်နေ့လယ်ပိုင်းကမြင်တွေ့ရသည့် စစ်တွေကမ်းနားနှင့် မြို့ပေါ်နေရာအချို့ မြင်ကွင်း။ဓါတ်ပုံ-CJ)
(ယနေ့ မေ ၁၃ ၇က်နေ့လယ်ပိုင်းကမြင်တွေ့ရသည့် စစ်တွေကမ်းနားနှင့် မြို့ပေါ်နေရာအချို့ မြင်ကွင်း။ဓါတ်ပုံ-CJ)

မေး – လတ်တလောမှာ ပြည်သူတွေရဲ့ အဓိကအခက်အခဲနဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။

ဖြေ – ပြည်သူတွေရဲ့ အဓိကအခက်အခဲကတော့ ကျွန်တော့်အမြင်က စိုးရိမ်စိတ်လို့ ထင်တယ်။ ကျနော်ကိုယ်တိုင်လည်း မုန်တိုင်းဝင်လာမှာကို အရမ်းစိုးရိမ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မုန်တိုင်းက ဝင်တာတော့ ဝင်လာမှာပဲ။ အဲတော့ ဒီကာလကို မြန်မြန်ပြီးသွားချင်တာပေါ့။

နောက်တစ်ခုကတော့ လက်ရှိပြည်သူတွေရင်ဆိုင်ကြရတာက အ ခြေခံစားသောက်ကုန်တွေ စျေးခုန်တက်သွားတာပဲ။ အရင်က ရှစ်သောင်းလောက်ပဲပေးရတဲ့ဆန်တစ်အိတ်ကို အခုတစ်သိန်းကျော်ပေးဝယ်နေရတယ်။ တခြား ငရုပ်၊ ကြက်သွန်၊ ဆီ၊ ဆေးဝါး အကုန်တက်ကုန်တယ်။

ဒီနေရာမှာ ပြောစရာတစ်ခုရှိသေးတယ်။ ဘာလည်းဆိုတော့ ဝန် ထမ်းအသိုင်းအဝိုင်းကနေ ပြန်ကြားရတာပေါ့။ သူတို့ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ရက်က ခေါ်ပြောတယ်ပေါ့။ မုန်တိုင်းကလာတော့မှာ စား သောက်ကုန်တွေကြိုဝယ်ထားကြဖို့ မှာတယ်လို့ ပြောတယ်။ အဲဒါမနေ့တနေ့ကမှ ဝန်ထမ်းတွေက အကုန်ထွက်ဝယ်ကြတာပေါ့။ ပြည်သူတော်တော်များများကတော့ ဝန်ထမ်းတွေအဲလိုထွက်ဝယ်ကြတာကို မရိပ်မိကြဘူး။ ကျွန်တော်က သိတဲ့သူတွေရှိလို့ လိုက်မေးကြည့်မှ သိရတာ။ အမှန်တစ်ကယ်ဆိုရင် ပြည်သူတွေကြိုတင်ပြင်ဆင်လို့ရအောင် အသိပေးသင့်တာ။ အဲတော့ သူတို့(ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ)က စားသောင်ကုန်တွေကြိုတင်စုစောင်းကြပါလို့ ထုတ်ပြောလိုက်ရင် ဝိသမလောဘသားတွေကြောင့် ရုတ်တရက်စျေးတွေခုန်တက်ကုန်မယ်ပေါ့။ အခု စျေးနှုန်းခုန်တက်လာတော့ ဘာထူးလဲ။ အဲတော့ ကျွန်တော်လည်း အသိဝန်ထမ်းကိုပြောလိုက်တယ်။ မင်းတို့လူကြီးတွေက လူ့အသက်ထက်ပဲ ကျန်တာတွေကအရေးကြီးနေလားလို့ ပြောလိုက်တယ်။

(ယနေ့ မေ ၁၃ ၇က်နေ့လယ်ပိုင်းကမြင်တွေ့ရသည့် စစ်တွေကမ်းနားနှင့် မြို့ပေါ်နေရာအချို့ မြင်ကွင်း။ဓါတ်ပုံ-CJ)
(ယနေ့ မေ ၁၃ ၇က်နေ့လယ်ပိုင်းကမြင်တွေ့ရသည့် စစ်တွေကမ်းနားနှင့် မြို့ပေါ်နေရာအချို့ မြင်ကွင်း။ဓါတ်ပုံ-CJ)

မေး – ပြီးခဲ့တဲ့ ၂၀၁၀ ဂီရိမုန်တိုင်းမဝင်မီနဲ့ လက်ရှိမိုခါမုန်တိုင်းမဝင်မီနဲ့ အခြေအနေ ဘာကွာခြားမှုရှိလဲ။

ဖြေ – ဂီရိတုန်းကတော့ ကျွန်တော်မှတ်မှတ်ရရပဲ ဒီလိုည ၉ နာရီလောက် ကျောက်ဖြူကိုဖြတ်လာတယ်။ အကုန်လုံးကတော့ စစ်တွေကိုဝင်မယ်လို့ တထပ်ကြ ခန့်မှန်းကြတာပေါ့လေ။ဒါပေမဲ့သူက အထက်ဘက်ကို ချိုးသွားတာ။ စစ်တွေကိုဝင်ကာနီး နာရီပိုင်းအလိုလောက်မှာလို့ ပြောရမှာပေါ့။ မထင်မှတ်ဘဲနဲ့ ချက်ချင်းလမ်း ကြောင်းပြောင်းသွားပြီး မြေပုံကိုဝင်တိုက်သွားတာ။ အဲတုန်းကဆိုရင် မြေပုံက အထိနာဆုံးပဲ။ စစ်တွေမှာကျတော့ သိပ်ပြီးမပြင်းထန်လိုက်ဘူး။ အဲတုန်းကတော့ ကျွန်တော်တို့ မုန်တိုင်းသတင်းတွေက ရေဒီယိုဖွင့်ပြီး နားထောင်ရတာ။ လက်ရှိအခြေအနေနဲ့တော့ ကွာတာပေါ့။ခုကတော့ ပြည်သူတွေက နိုးနိုးကြားကြားရှိနေကြတယ်။ တချို့ဆို နိုးကြားပြီး အကြောက်လွန်နေကြတာမျိုးတွေလည်း ရှိတယ်။ လက် ကိုင်ဖုန်းတွေ အိမ်တိုင်းမှာရှိနေတော့ အကုန်သိနေရတာလေ။ လိုင်းပေါ်မှာက အမျိုးမျိုးတင်နေကြတော့ ဘယ်ဟာအမှားဘယ်ဟာအမှန်ဆိုတာတောင် သိပ်ပြီးမခွဲနိုင်ကြတော့ဘူး။

အခုလက်ရှိမှာ ကျွန်တော်တို့အနေနဲ့တော့ အချိန်တိုင်း စောင့်ကြည့်နေရတယ်။ ကျွန်တော်တို့ဒီမှာက ရေထရက်၊ ရေသေရက်ဆိုပြီးရှိတယ်။ ဒီရက်ထဲမှာက လပြည့်လကွယ်မဟူတ်လို့ ရေသေရက်ပေါ့။ ဒီနေ့(မေ ၁၃)ဆိုရင် ည ၁ နာရီ ၂ နာရီလောက်မှ ဒီရေတက်ချိန်။ အဲတစ်ချက်စောင့်ကြည့်ရမှာပေါ့။ မိုးကာလပုံမှန်အခြေအနေဆိုရင် ဒီရေတက်ချိန် မိုးပါတတ်တယ်။ လေလည်း တိုက်တတ်တယ်ပေါ့။ မုန်တိုင်းကတော့ ပညာရှင်တွေခန့်မှန်းချက်အရ တစ်နာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ဝင်မယ်လို့ သိထားတယ်။ အဲတော့ ပင်လယ်လှိုင်းလုံးတွေလည်း မြင့်လာမယ်ပေါ့။ ရှေးလူကြီးတွေမှန်းတာတော့ ရေ သေရက်ဖြစ်လို့ လှိုင်းလုံးတွေ ပေ ၂၀၊ ၃၀ အထိ တက်မယ်မထင်ဘူးလို့ဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စောင့်ကြည့်ယုံရှိပါတယ်။ အားလုံးကတော့ အသင့်ပြင်ထားကြပါပြီ။

(ယနေ့ မေ ၁၃ ၇က်နေ့လယ်ပိုင်းကမြင်တွေ့ရသည့် စစ်တွေကမ်းနားနှင့် မြို့ပေါ်နေရာအချို့ မြင်ကွင်း။ဓါတ်ပုံ-CJ)
(ယနေ့ မေ ၁၃ ၇က်နေ့လယ်ပိုင်းကမြင်တွေ့ရသည့် စစ်တွေကမ်းနားနှင့် မြို့ပေါ်နေရာအချို့ မြင်ကွင်း။ဓါတ်ပုံ-CJ)

မေး – မြို့ပေါ်နေပြည်သူတွေက ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြရတော့ တိုက်တာ၊ အိုးအိမ်တွေ လုံခြုံမှုရှိပါ့မလား။ တာ၀န်ယူထားတဲ့အဖွဲ့က လုံခြုံရေးဆောင်ရွက်ပေးလား။

ဖြေ – ကျွန်တော်ဆိုလည်း အဲဒီအချက်ကို စိုးရိမ်လို့ အိမ်စောင့်ကျန်နေခဲ့တာပေါ့။ တချို့စိုးရိမ်ပေမယ့် အစောင့်မထားနိုင်ဘူး။ အကုန်ရွှေ့ရတာ။ အရေးကြီးစာရွက်စာတမ်းနဲ့ အတွင်းပစ္စည်းလောက်ပဲ ယူသွားနိုင်တယ်။ ဒီရက်ပိုင်းဆိုရင် ရပ်ကွက်တွေထဲမှာ လူ စိမ်းတချို့ရောက်နေတာ သတိထားမိတယ်။ ဘယ်သူဘယ်၀ါဆိုတာတော့ မသိရဘူးပေါ့။ မြို့ခံမဟုတ်တာတော့ မြင်တာနဲ့သိတယ်။

အရင်ကတော့ မြို့ပေါ်မှာ စစ်သားနဲ့ရဲတွေ လုံခြုံရေးချထားတာရှိတယ်။ ကားနဲ့ကင်းလှည့်တာလည်း ခဏ ခဏကြုံဘူးတယ်။ အခုဒီရက်ထဲတော့ တစ်မြို့လုံးဘယ်မှ မတွေ့ဘူး။ မြို့ရဲ့လုံခြုံရေးကိစ္စ ညွှန်ကြားထားလား မထားလားတော့ ကျွန်တော်မသိဘူးပေါ့။ သေချာတာတော့ မြို့ပေါ်လမ်းတွေမှာ (စစ်သားနဲ့ရဲ)တစ်ယောက်မှ မတွေ့ရဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မုန်တိုင်း တိုက်ခတ်ပြီးတာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေရာ အစွန်အဖျား ဒေသတချို့ကို ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ အခြေအနေတွေ ရှိနေဆဲလို့လည်း သိရပါတယ်။

သတင်း

အိန္ဒိယမိုးဇလ ခန့်မှန်းချက်အရ မုန်းတိုင်းဖြတ်သန်းမည့်လမ်း​ကြောင်းတွင် မြန်မာမပါဝင်​သော်လည်း မုန်းတိုင်းစက်ကွင်းအတွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ ​ဒေသအချို့ပါဝင်​နေသည်။

သတင်း

AAက ဖွဲ့စည်းထားသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီကလည်း ဇူလိုင် ၁၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် အမိုးအကာအောက် မရောက်သေးသူများအားလုံး အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု အသိပေးသည်။

နိုင်ငံတကာ

တာလင်မ်ဟာ ကုန်းတွင်းဝင်ရောက်ပြီးတဲ့နောက် ဗီယက်နမ် မြောက်ပိုင်းဆီ ဆက်လက် ဦးတည် ရွေ့လျားနေပေမယ့် သိသိသာသာ အားပျော့သွားကြောင်း ပညာရှင်တွေက ပြောပါတယ်။