Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“အခုချိန်ထိလည်း ဘယ်လိုကူညီကယ် ဆယ်ရေးမှ ရှိမနေဘူး”

အခုအထိအဲထိမှာ ကယ်ဆယ်ရေးတွေမရှိသေးပါဘူး ခင်ဗျာ။ အလောင်းတွေက နေအိမ်အပျက်အစီးတွေအောက်မှာ ရှိနေတုန်းပဲ။ အနံ့ဆိုးရတဲ့နေရာတွေကို လိုက်လံရှာဖွေပြီးတော့ ဆွဲထုတ်နေရဆဲပဲရှိပါတယ်။ အဲဒီဘက်မှာက ရေအမြင့် ပေ (၃၀)ခန့် တက်ခဲ့ပါတယ် ခင်ဗျ။

(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)

▪︎မုန်တိုင်းဒဏ်သင့် စစ်​​တွေမြို့နယ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်းနဲ့ ​ကျေးရွာ​တွေကိုကွင်းဆင်းစာရင်း​ကောက်ယူ​ပေး​နေသူနဲ့ ​မေးမြန်းခန်း

မိုခါဆိုင်ကလုန်းမုန်တိုင်း တည့်တည့်တိုက်ခတ်ခံရပြီး​တော့ မုန်တိုင်းနဲ့ မုန်တိုင်းဒီ​ရေ ဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ စစ်တွေမြို့နယ်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်း​တွေနဲ့ ကျေး ရွာအချို့မှ အခြေအနေများကို People’ Spring သတင်းဌာနက ကူညီကယ် ဆယ်ရေးလုပ်​ပေး​နေတဲ့ ပုဂ္ဂလိကဆရာတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)
(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)
ကျော်ဇော/People’s Spring

မေး – မုန်တိုင်းဝင်ပြီး ၂ ရက်မြောက်မှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ ထိခိုက်ပျက်စီးမှုအခြေအနေတွေကို စာရင်းကောက်ယူနေတာနဲ့ပတ်သက်ပြီး နောက်ဆုံးအခြေအနေလေး သိပါရစေခင်ဗျာ။

Public Service Announcement

Public Service Announcement

ဖြေ – မနေ့က ကျွန်တော်တို့ ကျေးရွာ ၄ရွာနဲ့ ကယ် ဆယ်ရေးစခန်း၄ခု(ဒုက္ခသည်စခန်း)မှာ ကွင်းဆင်းပြီး စာရင်းကောက်ယူနိုင်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ပထမဆုံးကတော့ စံပြရွာ(ဘာဆာရာ)အမှတ် ၃ ရပ်ကွက်ပေါ့လေ။ သေဆုံး (၁၂) ယောက်ရှိပါတယ်။ (၁၂)ယောက်က အားလုံးမိသားစုနှစ်စုပေါ့။ (၅)ဦးတစ်စုပါတယ်၊ (၇)ဦးတစ်စုပါတယ်။ အဲဒီမှာ ကလေး (၅)ယောက်ရယ်၊ အမျိုးသမီး (၅) ယောက်ရယ်၊ ကျား (၁)ယောက်ရယ်၊ သက်ကြီး (၁) ယောက်ရယ် စုစုပေါင်း (၁၂)ရှိပါတယ်။ ကျွန်တော်တို့ အဲဒီရွာမှာ အသေအပျောက်က ဆယ်ဂဏန်းရှိပါတယ်။ (မုန်တိုင်းဝင်ချိန်)ရေလွှမ်းမိုးမှုပေအမြင့်က ခန့်မှန်း ပေ (၂၀)ရှိခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုက (၁၀၀)ရာခိုင်နှုန်းပါ။ ရာခိုင်နှုန်းဘယ်လိုတွက်သလဲဆိုတော့ ကျွန်တော်တို့ အိမ်ခြေကိုတွက်တယ်၊ အားလုံးက ရေစီးနဲ့အကုန်​မျောပြီး ပါသွားတာမျိုး။

(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)
(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)

နောက်ထပ် စံပြရွာ(ဘာဆရာ)အမှတ် ၆ ရပ်ကွက်မှာကျတော့ (၈)ယောက်ရှိပါတယ် သေဆုံး။ အမျိုးသမီး (၃)ဦး၊ အမျိုးသား (၅)ဦး ပေါင်း (၈)ဦးပါ။ အဲဒီမှာလည်း ပေ (၂၀)ခန့် ရေတက်တယ်။ အသေအပျောက်က (၂၀)ခန့်ရှိပါတယ်။ ဘယ်လိုသေသလဲဆိုတော့ ရေနစ်ပြီးတော့သေတယ်၊ တံတားကျိုးကျတာမှာ ပိပြီးတော့သေတယ်။ ပျက်စီးဆုံးရှုံးမှုများတယ်၊ (၁၀၀)ရာခိုင်နှုန်း ပျက်စီးပါတယ်။

အဲဒီအနားမှာပဲ သဲချောင်းရွာဆိုတာရှိတယ်ဗျ။ ဘဂ်လားပင်လယ်အော်နဲ့ ကပ်လျက်ပေါ့နော်။ အဲဒီမှာ တံတားအောက်နားက ရွာပေါ့ ဆီသာဒဲလ်လို့လည်း ခေါ်တယ်။ အဲဒီမှာ (၈)ဦး။ ကလေး (၄)ဦး၊ အမျိုး သမီး (၁)ဦး၊ အမျိုးသား (၁)ဦး၊ သက်ကြီးကျား (၁)ဦး၊ သက်ကြီး မ(၁)ဦး ဖြစ်ပါတယ်။ အဲဒီမှာ ဘယ် လိုသေသလဲဆိုရင် ရေနစ်ပြီးသေတယ်၊ သစ် ပင်တွေလဲတော့ ညပ်ပြီးသေတယ်။ ရေအမြင့်က (၁၆)ပေလောက်ရှိခဲ့တယ်။ အသေအပျောက်က နောက်ထပ် (၈)ယောက်ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အတည်မပြုနိုင်ခဲ့ဘူး။ သူတို့တာဝန်ခံနဲ့တွေ့မှ စာ ရင်းရမယ်။ လောလောဆယ် တာဝန်ခံကလည်းပျောက်နေတယ်။ ဘယ်ရောက်နေလဲမသိဘူး။ ဒီနေရာမှာလည်း ပျက်စီးဆုံးရှုံးမှုကများတယ်။ (၁၀၀)ရာခိုင်နှုန်း။

(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)
(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)

နောက်တစ်ခု သဲချောင်းကယ်ဆယ်ရေးစခန်းမှာ(ဒုက္ခသည်စခန်း)စုစုပေါင်း (၄)ဦးဆုံးတယ်။ ကလေးက (၃)ဦး၊ အမျိုးသမီးက (၁)ဦးပါ။ အားလုံးရေနစ်ပြီးသေတာ။ ရေတက်တာက (၁၆)ပေခန့်၊ ပျက်စီးဆုံးရှုံးမှုက (၁၀၀)ပါ။ ထိခိုက်ဒဏ်ရာရတာတော့ အများကြီးပဲ။

Public Service Announcement

Public Service Announcement

သဲချောင်း Sector 4 ဆိုတဲ့ ကယ်ဆယ်ရေးစခန်းမှာတော့ ကလေး (၁)ဦးဆုံးပါတယ်။ ရေနစ်ပြီး သေတာ။ ဒဏ်ရာရတာတော့ ရှိပါတယ်။ အသေအ ပျောက်တော့ ထပ်တိုးမရှိပါဘူး။

ဗေဒကျေးရွာဆိုတာကတော့ သူက အများစုဆုံးရှုံးသွားတဲ့နေရာ။ စုစုပေါင်း (၃၀)ရေနစ်ပြီး သေတယ်။ ကလေး (၅)၊ အမျိုးသမီး(၁၁)၊ အမျိုးသား(၉)၊ သက် ကြီး ကျား(၃)၊ မ(၂)ပါ။ အဲဒီမှာ အားလုံးအသေ အပျောက်က (၁၀၀)နီးပါးလောက်ရှိပါတယ် ခင်ဗျာ။ ဒဏ်ရာရသူလည်းများတယ်။ ပျက်စီးဆုံးရှုံးမှုက (၁၀၀)ရာခိုင်နှုန်းပါ။ ရွာမရှိတော့ပါဘူး။

ပြီးတော့ ဒါးပိုင်အနောက်ဘက်ခြမ်းမှာရှိတဲ့ ဒါးပိုင်အနောက်ရွာပေါ့နော်။ အဲဒီမှာ စုစုပေါင်း (၂၇)လောင်းမြေမြှပ်သဂြိုလ်ပေးနိုင်ခဲ့ပါတယ် ခင်ဗျ။ ကလေးက (၆)ဦး၊ အမျိုးသမီး(၁၅)၊ အမျိုးသား(၆)ဖြစ်ပါတယ်။ သူတို့ဘယ်လိုသေလဲဆိုတော့ ရေနစ်ပြီးတော့သေတယ်၊ တံတားကျိုးညပ်မိပြီးတော့ သေသွားတာ။

အခုအထိအဲထိမှာ ကယ်ဆယ်ရေးတွေမရှိသေးပါဘူး ခင်ဗျာ။ အလောင်းတွေက နေအိမ်အပျက်အစီးတွေအောက်မှာ ရှိနေတုန်းပဲ။ အနံ့ဆိုးရတဲ့နေရာတွေကို လိုက်လံရှာဖွေပြီးတော့ ဆွဲထုတ်နေရဆဲပဲရှိပါတယ်။ အဲဒီဘက်မှာက ရေအမြင့် ပေ (၃၀)ခန့် တက်ခဲ့ပါတယ် ခင်ဗျ။

နောက်ပြီးတော့ ဒါးပိုင်းကယ်ဆယ်ရေးစခန်းမှာဆိုရင် (၉)ဦး၊ သက္ကယ်ပြင်စခန်း(သစ်)မှာ (၃)ဦးနဲ့ စခန်းဟောင်းမှာ (၁)ဦးဆိုတော့ အားလုံးအသေအပျောက်တွေထဲက စုစုပေါင်း (၁၁၀)ဦးကို မြေမြှပ်သဂြိုလ်ပေးနိုင်ခဲ့ပါတယ်။ တစ်ကယ်တမ်း စခန်း(၄)ခုနဲ့ ကျေးရွာလေးရွာမှာ စုစုပေါင်းအသေအပျောက်က (၁၃၀)နီးပါးရှိပါတယ်။

ကျွန်တော်တို့ ဒီနေ့(မေ ၁၇)မှာလည်း ကျန်တဲ့စခန်းတွေကိုဆက်သွားဖို့ ထွက်နေပါတယ် ခင်ဗျ။

မေး – မနေ့(မေ ၁၆)က အစ်ကိုတို့ကနဦး အသိပေးထားတဲ့ သေဆုံးသူ (၄၀၀)ကျော်ဆိုတာက အခုပြောခဲ့တဲ့စာရင်းနဲ့ ဘယ်လိုခြားနားလဲဗျ။

ဖြေ – အော် အဲဒီ (၄၀၀)ဆိုတာက ကျေးရွာတွေအများကြီးပဲ။ (၄၀၀)ကို မကဘူးနော်။ ကျော်လာဦးမှာ ကျွန် တော်တို့က စာရင်းအသေးစိပ်ယူနေတာမို့လို့။ ကျွန် တော်တို့က ရွာတွေဆယ်နဲ့ချီထဲမှာ (၈)ခုပဲ သွားရသေးတာလေ။ အခုကျွန်တော်ပြောခဲ့တဲ့ မြေမြှပ် (၁၁၀)နဲ့ သေဆုံး(၁၃၀)နီးပါးဆိုတာက အဲဒီ(၈)ခုစာအတွက် စာရင်းအတိအကျပါ။

(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)
(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)

မေး – စစ်တွေမြို့နယ်အပါအဝင် မုန်တိုင်းသင့်ဒေသတွေကို မုန်တိုင်းအန္တရာယ်တွေနဲ့ပတ်သက်ပြီး ကြို တင်သတိပေးမှုတွေရှိခဲ့တယ်ဆိုပေမယ့် ဘာကြောင့်ခုလောက်အထိ အသေအပျောက်များရတယ်လို့ယူဆပါလဲဗျ။

ဖြေ – ဟုတ်ပါတယ်။ ကြိုတင်သတိပေးတဲ့ကြားက အသေအပျောက်တွေများသွားတယ်။ ပြောမယ်ဆို သတိပေးတော့ ပေးတာပဲလေ။ ICRC ကလည်း ဒီကိုလာပြီးတော့ သူတို့ကားနဲ့ပတ်ပြီးတော့ ကြိုတင်သ တိပေးတယ်။ ပြီးတော့ သက်ဆိုင်ရာပြည်နယ်ကလည်း သူတို့ကျေးရွာတာဝန်ခံတွေကတဆင့် အဲလိုလုပ်ခိုင်းတယ်။ ဒါပေမဲ့ ဒီမှာအကုန်လုံးက ဆင်းရဲ သားတွေကြီးပဲ။ တချို့လည်း နီးစပ်ရာ နီးစပ်ရာပြောင်းရွှေ့ကြတယ်၊ တချို့ကုန်းမြင့်ပိုင်းတွေရွှေ့ကြတယ်။ ဒါပေမဲ့ အများစုက ကျွန်တော်တို့ ၊ကျွန်မတို့မှာ ဒါလေးသာစွန့်လွှတ်လိုက်ရရင် ဘာမှမရှိတော့ဘူး။ အဲဒီတော့ ရေတက်လာတဲ့အခြေအနေလေး ကြည့်ပြီးတော့မှ ပြောင်းဖို့လုပ်ကြမယ်ဆိုပြီးတော့ကျန်နေခဲ့ကြတာ။

အဲဒီမှာ ရေတက်တာက ၁ မိနစ် ၂ မိနစ်အတွင်းမှာပဲ ရေလှိုင်းတွေကကြီးပြီးတော့ တရှိန်ထိုးတက်လာတဲ့အခါမှာ ရေနစ်ပြီးခုလိုတွေ အသေအပျောက်များကုန်ကြတာ။ ကျွန်တော်တို့ တစ်ခုလေးခံသာတာက ဒီရေကျတဲ့အချိန်မှ ရေကတက်တာ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်တရှိန်ထိုး တက်ပြီးတော့ ပြန်ကျသွားတယ်။

နောက်တစ်ခုက ညအချိန်မဖြစ်ခဲ့ဘူး။ ညအ ချိန်ဆိုရင်တော့ အနည်းဆုံး လေးပုံတစ်ပုံ၊ ငါးပုံတစ်ပုံလောက် သေဆုံးနိုင်တယ်။

(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)
(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)

မေး – မုန်တိုင်းအန္တရာယ် ကြိုတင်သတိပေးချက်တွေရှိပေမယ့် အလွယ်တကူပြောင်းရွှေ့နိုင်ဖို့ ၊နယ်​ကျော်သွားလာဖို့အခက်အခဲတချို့ရှိခဲ့တယ်လို့ သိရတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများပြောပြလိုတာရှိပါလဲ။ (စစ်​တွေမြို့နယ်မှ ရိုဟင်ဂျာ ဒုက္ခသည်စခန်း​တွေနဲ့ ရွာ​တွေက ပြည်သူ​တွေဟာ စစ်အစိုးရလက်ထက် ၂၀၁၂ ​ကျောက်နီ​မော်ကစတဲ့ ဘာသာ​ရေးလူမျိုး​ရေးပဋိပက္ခ​တွေ​​ကြောင့် ပြီး​တဲ့​နောက် လွတ်လက်စွာသွားလာခွင့်၊နယ်​ကျော်ခွင့်မရကြပါဘူး)

ဖြေ – ဒီဘက်မှာက အဲဒီဟာ(အလွယ်တကူပြောင်း ရွှေ့နိုင်ခြင်းမရှိဘဲ အဟန့်အတားဖြစ်စေတာ)အချက်တစ်ခုပေါ့။ အခုချိန်ထိလည်း ဘယ်လိုကူညီကယ် ဆယ်ရေးမှ ရှိမနေဘူး။ ဒီနေ့မနက်(မေ ၁၇)ပိုင်းမှာမှ ICRC လာတယ်။ ဝေဠုကျော်လာတယ်။ နောက်သက် ဆိုင်ရာက လူကြီးပိုင်းတချို့လာတယ်။ ကျွန် တော်သူတို့ရှေ့က ခုပဲဖြတ်နေတာ။ ဒါပေမဲ့ လုပ်ငန်းမလုပ်နိုင်သေးဘူး။ ကွင်းဆင်းပြီး Basic လုပ်တာလောက်ပဲရှိတယ်။

မေး – လတ်တလောမှာ ဘေးသင့်သူတွေအတွက် အဓိကလိုအပ်ချက်တွေက ဘာတွေဖြစ်မလဲဗျ။

ဖြေ – ဒီမှာဖြစ်နေတဲ့အခြေအနေက အရင်ထဲကပဲ ဆင်းရဲ သားတွေများတယ်။ အစာရေစာမလုံလောက်ဘူး။ တချို့ အာဟာရချို့တဲ့မှုရဲ့ နောက်ဆက်တွဲအခြေ အနေတွေရင်ဆိုင်ရနိုင်တယ်။ အခုလက်ရှိဆိုရင်လည်း စားစရာမရှိကြဘူး။ ပိုဆိုးတာက အိမ်တွေအားလုံးပျက်စီးသွားတော့ အမိုးအကာက ပိုပြီးတော့အရေးကြီးတယ်။ နေစရာမရှိကြဘူး။ ပြောမယ်ဆို မစားမသောက်၊ မအိပ်ဘဲနေလို့မှမရတာ။ အဲဒီတော့ လတ်တလောမှာ အစားအသောက်နဲ့ အမိုးအကာတွေ အရေးတကြီးလိုအပ်နေတယ်။

ခုအချိန်အထိတော့ ဘာကယ်ဆယ်ရေးမှ မရသေးပါဘူး ခင်ဗျ။ ကျွန်တော်တို့ အရေးပေါ်ကယ်ဆယ်ရေးသာရလို့ရှိရင်တော့ အားလုံးပူးပေါင်းပြီးတော့ ကူညီလုပ်ကိုင်ပေးလို့ရတယ်။

မေး – မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးတာတွေနဲ့ပတ်သက်လို့ မြေပြင်စာရင်းကောက်ယူမှုတွေလုပ်ဖို့ ကျန်တဲ့နေရာတွေရှိနေသေးလား။ ဘာဆက်လုပ်ဖို့ရှိမလဲ။

ဖြေ – အခုလက်ရှိ ကျွန်တော်တို့ပေးတဲ့ အသအေပျောက်စာရင်း(စခန်း ၄ ခုနဲ့ ကျေးရွာ ၄ ရွာ)က အ တည်ပြုနိုင်ပါပြီ။ စာရင်းကောက်ဖို့ကျန်တာက နောက်ထပ် (၁၀)ခုလောက် ထပ်ရှိနေသေးတယ်။

ပြီးတော့ ဒီမှာက ပင်လယ်နဲ့နီးစပ်တဲ့ကျေးရွာက (၁၀၀)ကျောက်လောက်ရှိတယ်။ အဲဒီအထဲကမှ မုန် တိုင်းကြောင့် အသေအပျောက်များခဲ့တဲ့ရွာတွေကိုရွေးပြီး ကျွန်တော်တို့ သွားဦးမှာ။ အသေအပျောက်များတဲ့နေရာ (၁၀)ရွာလောက်တော့ ကျန်သေးတာပေါ့။ ကျွန်တော်တို့ ဒီနေ့ရယ်၊ မနက်ဖြန်(မေ ၁၈)ဆက်ပြီးသွားလိုက်ရင်တော့ ပြီးသွားမယ်ယူဆတယ်။ အဲဒီအခါကျရင်တော့ အသေအပျောက်စာရင်း တိတိကျ ကျ ထွက်လာမှာပါ။

(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)
(စစ်​တွေမြို့နယ်က မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဂျိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်း​တွေနဲ့ ​ကျေးရွာ​တွေမှာ မုန်တိုင်း​ကြောင့် အပျက်အစီး​​တွေ ၊ ​​သေဆုံးထိခိုက်ပျက်စီးမှု​ကောက်ယူပြီးတဲ့ရွာစာရင်းနဲ့ သေဆုံးသွားသူ​တွေရဲ့ နာ​ရေးပြုလုပ်ဖို့ ပြင်ဆင်​နေစဥ်။ဓါတ်ပုံ- Getty Images ၊CJ)

မေး – အခုလက်ရှိ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့တာက ဘယ်အဖွဲ့အစည်းတွေပါ ပါလဲ။

ဖြေ – ကျွန်တော်ဆိုရင် နောက်ကဘယ်သူမှ မပါပါဘူး။ Headway ကျောင်းကနေ ထရိန်နာဖြစ်တဲ့ ကျွန် တော်တစ်ယောက်ပဲ ပါတယ်။ တခြားဆိုရင် ကျောင်းသားသမဂ္ဂက လူငယ်တချို့ပါတယ်။ နောက်တစ်ခုကအလင်းရောင်ပရဟိတအသင်းဆိုတာ တစ်ခုရှိတယ်။ သူတို့လည်း ကျောင်းသားလူငယ်တွေပါပဲ။ အခုကတော့ ကျွန်တော်တို့ ကျောင်းဆရာတွေ ၊ကျောင်းသားလူငယ်တွေ ဆယ်ဂဏန်းလောက်ကပဲ Deta တွေ ကောက်ယူနေတာဖြစ်ပါတယ်။

မေး – ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်လို့ စစ်​ကောင်စီက စည်းကမ်းသတ်မှတ်တာတွေရှိပြီလား။ ဘယ် လိုပုံစံမျိုးနဲ့ အကူအညီတွေပေးရင် အဆင်ပြေမလဲ။

ဖြေ – လောလောဆယ်တော့ ဘာကူညီကယ်ဆယ်ရေးမှ မရှိသလိုနစက(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီ-စစ်​ကောင်စီ)ကလည်း ဘာမှစည်းကမ်းသတ်မှတ်တာတော့ မရှိသေးဘူး။ ဒါပေမဲ့ ဒီမနက် သက်ဆိုင်ရာကရောက်နေပြီဆိုတော့ ဘာတွေစည်းကမ်းသတ်မှတ်မလဲ မသိနိုင်သေးဘူး။

ပြီးတော့ အကူအညီတွေပေးတဲ့အခါမှာ ပြောစရာရှိတာက သက်ဆိုင်ရာအဖွဲ့အစည်းတွေက တိုက်ရိုက်ပေးတာဆိုရင် ကျွန်တော်တို့က တိုက်ရိုက်လက်ခံလိုက်ယုံပဲ။ အဲဒီလိုမဟုတ်ဘဲနဲ့ နစက ကနေသူတို့ရဲ့ တာဝန်ခံတွေကတဆင့် ပေးရမယ်ဆိုရင် အဲဒီအကူ အညီတွေ ကျွန်တော်တို့လက်ထဲ အပြည့်အဝရောက်မှာလား၊ ပျောက်ပျက်သွားမှာလား ဒါမသေချာဘူး။

တဆင့်ခံဖြစ်တဲ့အတွက် ပေးထားတဲ့အကူအညီအား လုံးအပြည့်အဝရောက်လာဖို့ မသေချာပါဘူး။ အဲတော့ သက်ဆိုင်ရာပဲဖြစ်ဖြစ် နိုင်ငံတကာပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင်ကွင်းဆင်းပြီးတော့ ဒီမှာရှိနေတဲ့ ပရဟိလူငယ်တွေကိုခေါ်ပြီး ပေးမယ်ဆိုရင်တော့ ကျွန် တော်တို့လည်း ကူညီလုပ်လို့ရတယ်၊ လိုအပ်သူတွေဆီကို တိတိကျကျလည်း ရောက်သွားမယ်။ ဒီလိုမှမဟုတ်ဘဲ တဆင့်ခံအနေနဲ့ ဖြတ်လမ်းကပေးရင်တော့ အကူအညီတွေအားလုံး ဖြတ်တောက်ခံလိုက်ရမှာ အသေအချာပါပဲ။ ။