Hi, what are you looking for?
■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေးနေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှုတွေအကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...
ညီနောင်သုံးဖွဲ့နဲ့မဟာမိတ်တပ်တွေဟာ ရှမ်းမြောက်ဒေသ အသီးသီးမှာ တစ်ပြိုင်နက်ထိုးစစ်ဆင်ပြီးစစ်ကောင်စီတပ်စခန်းတွေကို တစ်ခုပြီး တစ်ခု သိမ်းပိုက်ခဲ့ရာ တစ်ပတ်အတွင်းမှာ သိန္နီ၊ ချင်းရွေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင်စတဲ့ မြို့တွေကို အလုံးစုံထိန်းချုပ်ထားနိုင်သလို စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို တစ်ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Rapper (ရက်ပ်ပါ) တစ်ဦးဖြစ်ဖို့အိမ်မက်တွေကို ပွေ့ပိုက်ထားရင်း အချိန်ပိုင်းအလုပ်တစ်ဖက်နဲ့ ရုန်းကန်ကြိုးစားနေတဲ့ လူငယ်တစ်ယောက်က စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်ဖို့ ရွေးချယ်လိုက်တဲ့နောက် ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားပါတယ်။ အရပ်သားကနေ စစ်သားဖြစ်လာတဲ့အခါ အရာရာပြောင်းလဲသွားပေမယ့် လုံးဝမပြောင်းလဲတဲ့အရာကတော့ သူ့ရဲ့ ဂီတအပေါ် မြတ်နိုးတန်ဖိုးထားပြီး ဖန်တီးချင်စိတ်ပါပဲ။ မိုက်ကိုင်တဲ့လက်ကနေ လက်နက်ပြောင်းကိုင်ရင်း စစ်ကြီးအတွင်းမှာ သူဖန်တီးထားတဲ့ သီချင်းတွေအကြောင်းကို...