Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“သေချာတာကတော့ “သားသတ်သမားနဲ့လက်ဆွဲနှုတ်ဆက်ရင်ကိုယ့်လက်ပါသွေးစွန်းမယ်”ဆိုတာပါပဲ”

နိုင်ငံတစ်ဝန်း​နေ့စဥ်ပြည်သူ​တွေကိုအကြမ်းသတ်ဖြတ်၊ ဗုံးကျဲမီးရှို့​ဖျက်ဆီးနေတဲ့စစ်​ကောင်စီရဲ့အာဏာသိမ်း​ခေါင်း​ဆောင်နဲ့လက်ဆွဲနှုတ်ဆက်၊ အဆက်အဆံလုပ်ခဲ့တဲ့ ဘန်ကီးမွန်းကို ပြည်တွင်းမှာ​ရော နိုင်ငံတကာက ပြင်းပြင်းထန်ထန်​ဝေဖန်​နေကြပါတယ်။

ဦးမင်းကိုနိုင်
ဦးမင်းကိုနိုင်

▪︎ဦးမင်းကိုနိုင်ရဲ့ ဘန်ကီမွန်းရဲ့ခရီးစဥ်အ​ပေါ် သုံးသပ်ချက်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း လည်းဖြစ် ၊The Elders(ကမ္ဘာ့ခေါင်းဆောင်​ဟောင်းများနဲ့ဖွဲ့ထားတဲ့အဖွဲ့)ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့မစ္စတာ ဘန်ကီမွန်းဟာ အာဏာသိမ်းစစ်​ကောင်စီရဲ့ဖိတ်ကြားချက်နဲ့ ဧပြီ ၂၃၊ ၂၄ ရက်မှာမြန်မာနိုင်ငံကိုလာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းကလာဖို့ ကြိုးစားခဲ့​ပေမယ့် ငြင်းပယ်ခံရပြီး အခုမှစစ်​ကောင်စီက ပြန်ဖိတ်ခဲ့လို့လာတာဖြစ်ပါတယ်။ ၂ ရက်တာ ဘန်ကီမွန်းခရီးစဥ်ဟာ အာဏာသိမ်း​ခေါင်း​ဆောင်အပါအဝင် စစ်အုပ်စုက ပုဂ္ဂိုလ်အချို့နဲ့သာ​တွေ့ဆုံခဲ့ရပြီး အောင်မြင်မှုလည်းမရခဲ့ပါဘူး။ နိုင်ငံတစ်ဝန်း​နေ့စဥ်ပြည်သူ​တွေကိုအကြမ်းသတ်ဖြတ်၊ ဗုံးကျဲမီးရှို့​ဖျက်ဆီးနေတဲ့စစ်​ကောင်စီရဲ့အာဏာသိမ်း​ခေါင်း​ဆောင်နဲ့လက်ဆွဲနှုတ်ဆက်၊ အဆက်အဆံလုပ်ခဲ့တဲ့ ဘန်ကီးမွန်းကို ပြည်တွင်းမှာ​ရော နိုင်ငံတကာက ပြင်းပြင်းထန်ထန်​ဝေဖန်​နေကြပါတယ်။ ဘန်ကီမွန်းရဲ့ ခရီးစဥ်နဲ့ ပတ်သပ်ပြီး ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်ရဲ့သ​ဘောထားအမြင်​တွေကို People’s Spring ကဆက်သွယ်​မေးမြန်းထားပါတယ် ။

မေး။ဘန်ကီမွန်းလာသွားတယ်ဆိုတော့ဘယ်လိုနားလည်ရမလဲ ။

​ဖြေ။ဖက်ဆစ်တပ်ဟာသူတို့နိုင်မယ်လို့ယုံရင်ဒီအကွက်ရွှေ့ပါမလား ဒါပဲဖြေကြည့်။၂၀၂၁ကထဲ တောင်းဆိုတာ အခုမှထ သဘောတူတာလေ။ခုဘယ်အခြေနေဆိုက်နေပြီလဲ ဆက်တွေးကြည့်ပေါ့။

Public Service Announcement

Public Service Announcement

မေး။အလားအလာကကောဘာဖြစ်နယ်ထင်ပါလဲ။

​ဖြေ ။ နိုင်ငံတကာတော့မသိဘူးဗျ ပြည်သူကတော့ ဒင်းတို့မျက်နှာပေး မြင်တာနဲ့မပြောခင်ကထဲက ဘာအချိုးချိုးမှာသိပြီးသား ၊ကိုယ့်လုပ်လက်စအလုပ် အားစိုက်လုပ်ရုံပဲ ဘာအမျှော်စိုက်ဝါဒမှမရှိဘူး။အာရုံလွှဲမခံနဲ့ အချိန်ဆွဲမခံနဲ့ စိတ်ဝမ်းအကွဲမခံနဲ့ဆိုတာအမြဲပြောနေတာ။တစ်ခုပဲရှိတယ် NUG ကိုနာမည်တပ်အသိအမှတ်ပြုတရားဝင်ပြောလာရတာ မြင်တတ်ရင် ကိုယ့်တော်လှန်ရေးရေချိန်ကိုယ်တွက်ဆလို့ရတာပေါ့။

မေး။ စစ်​ကောင်စီကိုဒီလိုဆက်ဆံတဲ့နည်းလမ်းနဲ့ကြိုးပမ်းကြည့်မယ်ဆိုတဲ့သ​ဘောထားမျိုးအပေါ်ဘာပြောနိုင်မလဲ။

​ဖြေ။ဖက်ဆစ်ဝါဒီကိုလူရာသွင်းရင်အကြမ်းဖက်မှုတွေစွန့်လွှတ်ပြီး တရားစီရင်မှုကိုရင်ဆိုင်မယ်လို့များတွေးနေကြသလား မေးပေးစမ်းပါဗျာ။သေချာတာကတော့ “သားသတ်သမားနဲ့လက်ဆွဲနှုတ်ဆက်ရင်ကိုယ့်လက်ပါသွေးစွန်းမယ်”ဆိုတာပါပဲ။

အခုလို​ဖြေ​ပေးတာ​ကျေးဇူးတင်ပါတယ် ။ ။

ဆက်စပ်သတင်းများ

အတွေးအမြင်

တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံ၏ထောင်သက်အရှည်ဆုံးနိုင်ငံရေးသမားအဖြစ် ပြောစမှတ်တွင်ခဲ့သူတစ်ဦးရှိသည်။အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် သခင်ဖေဌေးဖြစ်သည်။စုစုပေါင်းထောင်သက်မှာ ၁၄ နှစ် ကျော်။ထောင်တင်မက ကျွန်းနှစ်ကျွန်းသို့ပါ ပို့ဆောင်ခြင်းခံရသူ။ သခင်ဖေဌေး၏ ထောင်တွင်းအစာငတ် ခံ တိုက်ပွဲအဆက်ဆက် ကိုရေတွက်လျှင်စုစုပေါင်း ၁၅၁ရက်ကြာအစာငတ်ခံတိုက်ပွဲဝင်ခဲ့သူ။ထို့ ကြောင့်ပင်သံမဏိအလံနီကြီးအဖြစ်သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

သတင်း

၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award)ကို ဦးမင်းကိုနိုင် ရရှိခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

မေးမြန်းခန်း

စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့ ​ရွေး​ကောက်ပွဲက​နေ တက်လာတဲ့ စစ်တပ်လွှတ်​တော်က ဒီ​နေ့မှာ အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကို သမ္မတအဖြစ်​ရွေးချယ်တင်​မြှောက်လိုက်တယ်လို့​ကြေညာပါတယ်။ ​ရွေး​ကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်လည်စွပ်စွဲပြီး အာဏာသိမ်းတာဟာ မင်း​အောင်လှိုင် သမ္မတလုပ်ချင်လို့ဆိုတဲ့အဖြစ်မှန်ဟာ အာဏာသိမ်းပြီး ငါးနှစ်​ကျော်အကြာ ၂၀၂၆ ဧပြီ ၃ ရက်မှာထင်ရှားခဲ့ပါတယ်။