သတင်း ရှစ်လေးလုံးအကြို လှုပ်ရှားမှုတွေ တောင်ကိုရီးယားရောက် မြန်မာတွေ ပြုလုပ် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။ ludunwayooဩဂုတ် 7, 2026
သတင်း စစ်ခေါင်းဆောင် ထိုင်းရောက်နေချိန် ဒီးမော့ဆိုက စစ်ရှောင်စခန်းကို ဗုံးကြဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ludunwayooဩဂုတ် 7, 2026
သတင်း ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေဖြေရှင်းဖို့ စစ်တပ်ကို ဖျက်သိမ်းရမယ်လို့ JFM ထုတ်ပြန် ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။ ludunwayooဩဂုတ် 7, 2026
သတင်း သဖန်းဆိပ်ဆည်ရေလွှတ်စဉ်ကောက်စိုက်သမ ၁၀ ဦးရေစီးနဲ့မျောပါပြီး ၆ ဦး သေဆုံး ဒေသခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ ludunwayooဩဂုတ် 7, 2026
သတင်း မင်းအောင်လှိုင်ကို ကြိုဆိုမှုက ထိုင်းရဲ့OECD ဝင်ခွင့်အားထုတ်မှုကိုထိခိုက်စေနိုင်ကြောင်း အတိုက်အခံပါတီ သတိပေး အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။ ludunwayooဩဂုတ် 7, 2026
သတင်း မူးမြစ်ဘေးကကျေးရွာအချို့ရေဘေးကြုံနေ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။ ludunwayooဩဂုတ် 7, 2026
သတင်း မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ ဖိတ်ကြားသူ အနူတင်ကို ထိုင်းအရပ်ဖက် အဖွဲ့အစည်းတွေ ဆန္ဒပြ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့ကို ဖိတ်ကြားခဲ့သူ ထိုင်းဝန်ကြီးချုပ်အနူတင် ချန်ဝီယာကူကို ထိုင်းအရပ်ဖက်အဖွဲ့အစည်းတွေက ယနေ့ညနေပိုင်းမှာဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ludunwayooဩဂုတ် 7, 2026
သတင်း မင်းအောင်လှိုင်ရဲ့ခရီးစဉ်ကိုထိုင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ဆန္ဒပြ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတောအတွင်း ထင်ရှားတဲ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ဘန်ကောက်မြို့၊ ကုလသမဂ္ဂ (UN)ရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ ludunwayooဩဂုတ် 7, 2026
သတင်း ဧရာဝတီတိုင်း ရေဘေးကြုံနေစဉ် အထက်ပိုင်းဒေသတွေ မိုးကောင်းနေ မြို့နယ်၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး ludunwayooဩဂုတ် 7, 2026
သတင်း မန္တလေး ရတနာပုံတံတား နှာပေါက်စစ်ဆေးရေဂိတ် နေရာပြောင်း ရတနာပုံံတံတားအဆင်း မန္တလေးမြို့အဝင်က စစ်တပ်ရဲ့ နှာပေါက်စစ်ဆေးရေးဂိတ်ကို နေရာရွှေ့ပြောင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဩဂုတ် 7, 2026