Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ် ဒေသခံပြည်သူတွေက FREE HER ချီတက်လှုပ်ရှားမှု ပြုလုပ်

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျေးရွာတစ်ရွာမှာ တော်လှန်ပြ​ည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေ လွတ်မြောက်ရေး FREE HER ချီတက်လှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၂၅) ညက ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

နိုဝင်ဘာ ၂၅၊၂၀၂၆။သုည/Peoples Spring

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျေးရွာတစ်ရွာမှာ တော်လှန်ပြ​ည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေ လွတ်မြောက်ရေး FREE HER ချီတက်လှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၂၅) ညက ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့မိသားစု ပုံမှန်အဆက်အသွယ်ရရှိရေး ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး၊ မတရားဖမ်းဆီးခံရသော နိုင်ငံရေးအကျဥ်းသားတွေ အားလုံးလွတ်မြောက်ရေး တို့ကို ကြွေးကြော်ချီတက်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ စစ်ကိုင်းမြို့နယ်လူထုသပိတ်အင်အားစု၊ ဒေသခံပြည်သူတွေနဲ့ လူငယ်တွေ ပူးပေါင်းပြုလုပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံတဝန်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ FREE HER လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။

ဆက်စပ်သတင်းများ