Hi, what are you looking for?
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက သဲအင်းရွာအစပ်နဲ့ ရှင်လှတောင်ရွာက စစ်တပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(မတ္တရာပကဖ)ကဇူလိုင် ၁၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Global Ring မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုနဲ့ (၈၁)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် စတုဒီသာ ရန်ပုံငွေပွဲ ဒီကနေ့ (ဇူလိုင် ၁၂) ပြုလုပ်ခဲ့ပါတယ်။
မိထက်/People’s Spring ဖားကန့်ဗျူဟာကုန်းအနီးတွင်ယနေ့(စက်တင်ဘာလ၆ရက်)နံနက် ၁၀နာရီခန့်၌ သေနတ်ပစ်ခတ်သံများထွက်ပေါ်နေကြောင်းဒေသခံများကပြောသည်။ စစ်ကောင်စီဗျူဟာကုန်းဘက်မှပစ်ခတ်သံ နှင့် ပေါက်ကွဲသံများထွက်ပေါ်နေခြင်းဖြစ်ပြီး ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ကြိုးစားနေကြောင်းသိရသည်။ “ကျောင်းတွေလည်း ပိတ်ပြီး အိမ်ပြန်ကြပြီ။ လူတွေလည်း သတိလေးနဲ့ နေနေကြတယ်။ တခြားရပ်ကွက် ရွေ့တာလည်း ရှိတယ်”ဟု ဒေသခံတဦးကပြောသည်။ စစ်ကောင်စီဗျုဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)...