Connect with us

Hi, what are you looking for?

သတင်း

KIO/KIAထိန်းချုပ်​ဒေသမှ တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ထိန်းချုပ်နယ်မြေအတွင်းရှိနယ်စပ်ဂိတ်များ ယနေ့ ဒီဇင်ဘာ ၁၃ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ပြောကြားသည်။

(KIO မှ အရာရှိများက နယ်စပ်ဂိတ်ကိုပြန်ဖွင့်စဥ်။ ဓါတ်ပုံ-File Photo)
(KIO မှ အရာရှိများက နယ်စပ်ဂိတ်ကိုပြန်ဖွင့်စဥ်။ ဓါတ်ပုံ-File Photo)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပူးပေါင်းတပ်ဖွဲ့များက ကချင်အထူးဒေသ(၁) အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ရာ နယ်စပ်ဂိတ်များကို တိုက်ခိုက်သိမ်းပိုက်စဉ် တရုတ်ဘက်က နယ်စပ်ဂိတ်များ ပိတ်ထားရာ KIO/KIA ဘက်ကလည်းပြန်ပိတ်ခဲ့သည်။ ကချင်ပြည်နယ်၏ ဒုတိယမြို့​တော် ဗန်း​မော်မြို့ကိုသိမ်းပိုက်ရန် KIA နှင့်မဟာမိတ်များ ကထိုးစစ်ဆင်တိုက်ခိုက်စဥ် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် တရုတ်အစိုးရ တာဝန်ရှိသူများက ဒီဇင်ဘာ ဒုတိယပတ်အတွင်း တရုတ်နိုင်ငံ ကူမင်းမြို့သို့ဖိတ်​ခေါ် တွေ့ဆုံ​ဆွေး​နွေးခဲ့သည်။ ထိုနောက် နယ်စပ်ဂိတ်များကို ပြန်ဖွင့်ခြင်းဖြစ်သည်။

“KIO/KIA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံး ဒီမနက် ပြန်ဖွင့်ပါပြီ။ KIO လူကြီးတွေနဲ့ တရုတ်အစိုးရ ကူမင်းမှာ တွေ့ဆုံဆွေးနွေးမှုရဲ့ ရလဒ်ဖြစ်ပါတယ်။ ကုန်စည်အကုန်ဖြတ်လို့ရပြီ။ ကုန်သွယ်ရေးနဲ့ ဆိုင်တဲ့ ဆွေးနွေးမှုတွေ ရှိတယ်။ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ သဘောတူညီမှုရတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဒီဇင်ဘာ ၁၃ရက်မနက်တွင် ပြောသည်။

(KIO မှ အရာရှိများက နယ်စပ်ဂိတ်ကိုပြန်ဖွင့်စဥ်။ ဓါတ်ပုံ-File Photo)
(KIO မှ အရာရှိများက နယ်စပ်ဂိတ်ကိုပြန်ဖွင့်စဥ်။ ဓါတ်ပုံ-File Photo)

တရုတ်အစိုးရသည် လွယ်ဂျယ်နယ်စပ်ဂိတ်ကို ယမန်နေ့(ဒီဇင်ဘာ ၁၂) ကတည်းကဖွင့်ထားခြင်းဖြစ်သည်။ သို့သော် KIAက ယမန်နေ့တွင် ၎င်းတို့ ချထားသည့် အတားအဆီးများကို ဖယ်ရှားခြင်းမပြုဘဲ ယနေ့ ဒီဇင်ဘာ ၁၃ရက်တွင်မှ နယ်စပ်ဂိတ်ရှိ အတားအဆီးများကို KIOဝန်ထမ်းများက ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါဂိတ်အတားအဆီးများကို KIO ဝန်ထမ်းအချို့က ဖယ်ရှားနေသည့် ရုပ်သံမှတ်တမ်းလည်း ယနေ့တွင် ထွက်ပေါ်လာခဲ့သည်။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏တရုတ်ခရီးစဥ်တွင် တရုတ်အစိုးရတာဝန်ရှိသူများနှင့် ​​တွေ့ဆုံ​ဆွေး​နွေးမှု အ​ခြေအ​နေကိုမူ မသိရ​သေး​ပေ။ ​

(KIO မှ အရာရှိများက နယ်စပ်ဂိတ်ကိုပြန်ဖွင့်စဥ်။ ဓါတ်ပုံ-File Photo)
(KIO မှ အရာရှိများက နယ်စပ်ဂိတ်ကိုပြန်ဖွင့်စဥ်။ ဓါတ်ပုံ-File Photo)

စစ်ကောင်စီ ထိန်းချုပ်ရာ မြန်မာ-တရုတ် တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖြစ်သော လွယ်ဂျယ်နှင့် ကန်ပိုက်တီ အပါအဝင် နယ်စပ်ဂိတ်များ၊ မြို့များကို KIAက ယခုနှစ်အတွင်းသိမ်းပိုက်နိုင်ခဲ့ရာ လက်ရှိ KIAနယ်မြေတွင် လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ ပန်ဝါ၊ကန်ပိုက်တီ၊ ဖီမော် အပါအဝင် နယ်စပ်ဂိတ် ၈ခုထက်မနည်းရှိသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ ဒီနေ့(ဧပြီလ၂၁ရက်)တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်းတပ်စွဲထားတဲ့နေရာကို KIAနဲ့ KPDF က ပစ်မှတ်တိကျ‌အောင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းပြီး တရုတ် လေယာဉ်တင် သင်္ဘောက ခုတ်မောင်းခဲ့ကြောင်းနဲ့ အဲဒီ ခရီးစဉ်ကို အလေးအနက် စောင့်ကြည့်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်ရဲ့ ကာကင်း စခန်းအချို့သိမ်းရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ ဧပြီ ၁၈ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပါတယ်။

Facebook