Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူရှိ ရေလာလေးတပ်စခန်းအား တော်လှန်ရေးတပ်များ သိမ်းပိုက်

စစ်ကောင်စီက လေယာဉ်မှလေးကြိမ်ဗုံးကြဲပစ်ကူပေး တိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ သုံးဦးနှင့် ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

(ရေလာလေးတပ်စခန်းအား တော်လှန်ရေးတပ်များသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - EPDF)
(ရေလာလေးတပ်စခန်းအား တော်လှန်ရေးတပ်များသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - EPDF)

▪️စစ်သားခြောက်ဦးထက်မနည်းသေဆုံးပြီး ခုနစ်ဦးအရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများလည်းရ

ရဲခေါင်၊ဇေအောင်/People’s Spring

ပခုက္ကူမြို့နယ်နှင့် (၁၇)မိုင်ခန့်ကွာဝေးသော ရေလာလေးတပ်စခန်း သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားခြောက်ဦးထက်မနည်းသေဆုံးပြီး ခုနစ်ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်းသိမ်းရကြောင်း Earthquake Peoples Pefence Forceက ယနေ့(ဒီဇင်ဘာ ၁၃ရက်) ထုတ်ပြန်သည်။

အမှတ်(၈)စစ်ကြောင်းဦးဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီ​၏ ရေလာလေးတပ်စခန်းကို ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အထိုင်စခန်းနှင့် ဘန်ကာများကို တဆင့်ချင်းတိုက်ခိုက်ချေမှုန်းခဲ့ပြီး တိုက်ပွဲကြာချိန် တစ်နာရီခွဲခန့်ကြာမြင့်ခဲ့ကာ စစ်ကောင်စီဘက်မှ မျက်မြင် ခြောက်ဦးသေဆုံးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ရေလာလေးက ပျူရွာပါ။ ကျွန်တော်တို့စခန်းသိမ်းနိုင်ခဲ့ပါတယ်။ အဲရွာက ပခုက္ကူနဲ့ ၁၆ မိုင်ဝန်းကျင်လောက်ဝေးတယ်။ အင်အားကတော့ အတိအကျမပြောနိုင်ဘူး။ ကျွန်တော်တို့ ရွာထဲအထိ ဝင်နိုင်ခဲ့တာပါ။”ဟု Earthquake Peoples Defence Forceအဖွဲ့မှ ရဲဘော်အရှည်ကြီးက ပြောသည်။

စစ်ကောင်စီက လေယာဉ်မှလေးကြိမ်ဗုံးကြဲပစ်ကူပေး တိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ သုံးဦးနှင့် ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

ထို့အပြင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)မှ တပ်စိပ်မှူးရဲဘော် ထောင့်မကျိုး(ခ) ဟိန်းမင်းခန့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မ တော်(PLA)အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့ ကျဆုံးခဲ့ရသည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့လက်နက်များဖြစ်သည့် ၆၀မမစိန်ပြောင်း(၁)လက် ၊MA2(၁)လက် ၊MA3 (၁)လက် ၊ M2 ကာဘိုင် (၁၂)လက် ၊ရှော့ဂန်း(၃)လက်အပြင် ကျည်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရခဲ့သည်ဟု အသိပေးထားသည်။

ထို့အပြင် စစ်သုံ့ပန်းခုနစ်ဦး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း ဖော်ပြသည်။

တိုက်ပွဲ၏ စစ်ရေးရည်မှန်းချက် အကောင်ထည် ဖော် ဆောင်ရွက်ရာတွင် အမှတ်(၈)စစ်ကြောင်း ဦးဆောင်မှုဖြင့် Earthquake peoples defence force၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့ ၊ ပခုက္ကူခရိုင်(Local)တပ်ရင်းနှင့် Kamma Revolution Forceတို့ ပူးပေါင်းပါဝင်ခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးငွေညှစ်နေကြောင်း ပခုက္ကူလူထုတိုက်ပွဲကော်မတီက အသိပေးပါတယ်။