Connect with us

Hi, what are you looking for?

သတင်း

စစ်ကြောင်းထိုးခံရလို့ မြင်းခြံနယ်မှာ ပြည်သူ ငါးထောင်ကျော်စစ်ရှောင်နေရ

မြင်းခြံနယ်ထဲကို နိုဝင်ဘာလ လကုန်ပိုင်းကစတင်ပြီး ဒီဇင်ဘာလ ပထမပတ်အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

စစ်တပ်လက်ဝေခံ ဒေါ်သီတာယုမွန်ဦးစီးတဲ့ ပျုစောထီးအဖွဲ့ မြင်းခြံနယ် ၊ကွမ်းစိုက်ရွာကို စီးနင်းပြီးနောက်တွေ့ရပုံ
စစ်တပ်လက်ဝေခံ ဒေါ်သီတာယုမွန်ဦးစီးတဲ့ ပျုစောထီးအဖွဲ့ မြင်းခြံနယ် ၊ကွမ်းစိုက်ရွာကို စီးနင်းပြီးနောက်တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၂၀ ဝန်းကျင်က ဒေသခံပြည်သူအနည်းဆုံး ငါးထောင် ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ခေါင်းဆောင်ပိုင်းဆီကသိရပါတယ်။

မြင်းခြံနယ်ထဲကို နိုဝင်ဘာလ လကုန်ပိုင်းကစတင်ပြီး ဒီဇင်ဘာလ ပထမပတ်အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

သစ်ရုံ ၊ လေးရွာစုံ ၊ ကျောက်ကန် ၊ ညောင်ပင် ၊ကူ ၊ ကွင်းစိုက် ၊ရွာရှည် ၊တောင်ပု ၊ ရသာ ၊ မကျည်းစု ၊ ပျား ၊ ကန်စွယ် ၊ ကိုင်း၊ ဆင်ချောင်းစတဲ့ ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာမှာ ရွာတွေကို ပါ မီးရှို့တာကြောင့် ဒေသခံတွေဟာ ရွာပြန်မရတော့ဘဲ ဘေးကင်းရာရွာတွေက ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးနီးစပ်အိမ်တွေမှာ သွားရောက် တိမ်းရှောင်နေရပါတယ်။

အရင်က စစ်ကြောင်းထိုးခံရပြီးရင် ရွာကို ပြန်လည်အခြေချ နေထိုင်ကြသူတွေရှိပေမယ့် အခုတစ်ကြိမ်မှာတော့ စစ်ကောင်စီတပ်ရဲ့အဆက်မပြတ် စစ်ကြောင်းထိုးမှုတွေကြောင့် ရွာတွေဆီ မပြန်နိုင်တော့တဲ့ ဒေသခံဦးရေက ငါးထောင်ခန့် ရှိလာပါပြီ။

ဒီဇင်ဘာ ၆ ရက်ကဆိုရင် သစ်ရုံရွာ စီးနင်းခံရမှုမှာ အရပ်သား ၃ ဦး ၊ တော်လှန်ရေး တပ်ဖွဲ့ဝင် ၂ ဦး သတ်ဖြတ်ခံရပြီး အိမ်ခြေ ၂၀၀ ကျော်လည်း မီးရှို့ခံခဲ့ရပါတယ်။

သစ်ရုံရွာဒေသခံတွေလည်း နေရပ်လည်းမပြန်နိုင်ကြသေးဘူးလို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ခေါင်းဆောင်ပိုင်းက ပြောပါတယ်။

ဆောင်းရာသီကာလဖြစ်တဲ့အတွက် စစ်ရှောင်စခန်းနေရာတွေမှာ ဖျားနာ၊ ရင်ကြပ်ချောင်းဆိုးတွေအဖြစ်များနေပါတယ်။

အများအားဖြင့် အသက် ၅နှစ်အောက်ကလေးငယ်တွေနဲ့ အသက် ၇၀အရွယ် သက်ကြီးပိုင်းတွေမှာအဖြစ်များနေတယ်လို့ စစ်ရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ မြင်းခြံအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

စစ်လော်ဘီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာလည်း မြင်းခြံနယ်က ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်နေတာတွေကို ဖော်ပြနေတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မ‌‌ကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ အင်အားဖြည့် စစ်ကြောင်းထိုးလာတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ‌ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။