Connect with us

Hi, what are you looking for?

သတင်း

စစ်ကြောင်းထိုးခံရလို့ မြင်းခြံနယ်မှာ ပြည်သူ ငါးထောင်ကျော်စစ်ရှောင်နေရ

မြင်းခြံနယ်ထဲကို နိုဝင်ဘာလ လကုန်ပိုင်းကစတင်ပြီး ဒီဇင်ဘာလ ပထမပတ်အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

စစ်တပ်လက်ဝေခံ ဒေါ်သီတာယုမွန်ဦးစီးတဲ့ ပျုစောထီးအဖွဲ့ မြင်းခြံနယ် ၊ကွမ်းစိုက်ရွာကို စီးနင်းပြီးနောက်တွေ့ရပုံ
စစ်တပ်လက်ဝေခံ ဒေါ်သီတာယုမွန်ဦးစီးတဲ့ ပျုစောထီးအဖွဲ့ မြင်းခြံနယ် ၊ကွမ်းစိုက်ရွာကို စီးနင်းပြီးနောက်တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၂၀ ဝန်းကျင်က ဒေသခံပြည်သူအနည်းဆုံး ငါးထောင် ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ခေါင်းဆောင်ပိုင်းဆီကသိရပါတယ်။

မြင်းခြံနယ်ထဲကို နိုဝင်ဘာလ လကုန်ပိုင်းကစတင်ပြီး ဒီဇင်ဘာလ ပထမပတ်အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

သစ်ရုံ ၊ လေးရွာစုံ ၊ ကျောက်ကန် ၊ ညောင်ပင် ၊ကူ ၊ ကွင်းစိုက် ၊ရွာရှည် ၊တောင်ပု ၊ ရသာ ၊ မကျည်းစု ၊ ပျား ၊ ကန်စွယ် ၊ ကိုင်း၊ ဆင်ချောင်းစတဲ့ ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာမှာ ရွာတွေကို ပါ မီးရှို့တာကြောင့် ဒေသခံတွေဟာ ရွာပြန်မရတော့ဘဲ ဘေးကင်းရာရွာတွေက ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးနီးစပ်အိမ်တွေမှာ သွားရောက် တိမ်းရှောင်နေရပါတယ်။

အရင်က စစ်ကြောင်းထိုးခံရပြီးရင် ရွာကို ပြန်လည်အခြေချ နေထိုင်ကြသူတွေရှိပေမယ့် အခုတစ်ကြိမ်မှာတော့ စစ်ကောင်စီတပ်ရဲ့အဆက်မပြတ် စစ်ကြောင်းထိုးမှုတွေကြောင့် ရွာတွေဆီ မပြန်နိုင်တော့တဲ့ ဒေသခံဦးရေက ငါးထောင်ခန့် ရှိလာပါပြီ။

ဒီဇင်ဘာ ၆ ရက်ကဆိုရင် သစ်ရုံရွာ စီးနင်းခံရမှုမှာ အရပ်သား ၃ ဦး ၊ တော်လှန်ရေး တပ်ဖွဲ့ဝင် ၂ ဦး သတ်ဖြတ်ခံရပြီး အိမ်ခြေ ၂၀၀ ကျော်လည်း မီးရှို့ခံခဲ့ရပါတယ်။

သစ်ရုံရွာဒေသခံတွေလည်း နေရပ်လည်းမပြန်နိုင်ကြသေးဘူးလို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ ခေါင်းဆောင်ပိုင်းက ပြောပါတယ်။

ဆောင်းရာသီကာလဖြစ်တဲ့အတွက် စစ်ရှောင်စခန်းနေရာတွေမှာ ဖျားနာ၊ ရင်ကြပ်ချောင်းဆိုးတွေအဖြစ်များနေပါတယ်။

အများအားဖြင့် အသက် ၅နှစ်အောက်ကလေးငယ်တွေနဲ့ အသက် ၇၀အရွယ် သက်ကြီးပိုင်းတွေမှာအဖြစ်များနေတယ်လို့ စစ်ရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ မြင်းခြံအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

စစ်လော်ဘီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာလည်း မြင်းခြံနယ်က ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်နေတာတွေကို ဖော်ပြနေတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်များက ဗုံးသီး ၁၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ၁၅ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက အသိပေးသည်။

သတင်း

ဒီဇင်ဘာ ၁၅ရက်ကလည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒါးကုလား ကျေးရွာမှ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိကာ ဆိုင်ကယ်နှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ပခုက္ကူမြို့နယ် ၊ဝါးကျွန်းတွင်းရွာ ၊ ထန်းတပင်နဲ့ ရေသာကြီးရွာတွေက ဒေသခံ ပြည်သူ ၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။