Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့နယ်တွင် ကင်းလှည့်စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

တိုက်ခိုက်မှုအတွင်း ဆိုင်ကယ်သုံးစီးမိုင်းထိမှန်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားနှစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ အခြားထိခိုက် ဒဏ်ရာရသူများလည်းရှိကြောင်း နတ် စစ်သည် တပ်ခွဲမှူးက ပြောသည်။

(နတ်စစ်သည်တပ်ခွဲမှ ရဲဘော်အချို့အား ရှေ့တန်းတနေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - File)
(နတ်စစ်သည်တပ်ခွဲမှ ရဲဘော်အချို့အား ရှေ့တန်းတနေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - File)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ဆိုင်ကယ်များဖြင့် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်သားများအား ဆွဲမိုင်းအပါအဝင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ခွဲမှ တပ်ခွဲမှူးက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာလ ၁၂)ညနေ ၅နာရီခွဲခန့်က နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာအနီးသို့ ဆိုင်ကယ်ခုနစ်စီးဖြင့် ကင်းပတ်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း ဆိုင်ကယ်သုံးစီးမိုင်းထိမှန်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားနှစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ အခြားထိခိုက် ဒဏ်ရာရသူများလည်းရှိကြောင်း နတ် စစ်သည် တပ်ခွဲမှူးက ပြောသည်။

Public Service Announcement

Public Service Announcement

“စကစ နှစ်ယောက်ပွဲချင်းပြီး သေပါတယ်။ အလောင်းနဲ့ဆိုင်ကယ်ကိုတော့ ဖောကားနဲ့ (နတ်တလင်း)မြို့ဘက် ပြန်သယ်သွားပါပြီ”ဟု ၎င်းက ရှင်းပြသည်။

ဆိုင်ကယ်ခုနစ်စီး အင်အား ၁၄ ဦးဖြင့် လှည့်ကင်းပတ်လာသော စစ်ကောင်စီတပ်သားများသည် ဒမငယ်ကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်စခန်းမှ တပ်သားများဖြစ်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဒမငယ်စစ်တပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် နတ်တလင်းမြို့နယ် ဆီဆုံကုန်းကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ် ခြင်း၊ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံး၍ ကလေးငယ်အပါအဝင် ပြည်သူရှစ်ဦးခန့် ထိခိုက်ဒဏ်ရာများရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ မကျီးပင်ကျေးရွာက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။