Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ် နှစ်နေရာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ ဆန္ဒထုတ်ဖော်ခြင်းကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းပေါ်မှာ အထိနာစစ်ဦးကျိုးသွားပြီဖြစ်တဲ့ စစ်တပ်ဟာအောက်တိုဘာ ၁၇ ရက်ည နဲ့ ဒီကနေ့မှာ နှစ်ရက်ဆက် ကျွန်း​ပေါ်ကမ်းတက်ဖို့ ထပ်ကြိုးစားတာ​ကြောင့်အာရက္ခတပ်တော်(AA)ကခုခံတိုက်ခိုက်တဲ့အတွက် စစ်တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့ကရှေ့တန်းကာကင်းစခန်းကြီးတွေ တခုပြီးတခု လက်လွှတ်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ချောင်းဆုံ​ဒေသကို ဒီက​နေ့မှာဂျက်ဖိုက်တာ၊ Y-12 ​လေယာဥ်​တွေနဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ အများအပြား​သေဆုံးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ Free Her Campaign ကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ လက်ယက်မကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက လေ​ကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူများအပါအဝင် ပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ပြည်တွင်းစက်သုံးဆီစျေးနှန်းများကိုစစ်​ကောင်စီက ထပ်မံမြင့်တက်ပြီး တစ်လအတွင်း တစ်လီတာလျင် ကျပ် ၅၀၀ ခန့်စီ​ဈေးတက်သွားကြောင်း ပြည်သူများက ပြောသည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄) ဘက်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသခံက ပြောသည်။

သတင်း

မိထက်/People’s Spring ဖားကန့်ဗျူဟာကုန်းအနီးတွင်ယနေ့(စက်တင်ဘာလ၆ရက်)နံနက် ၁၀နာရီခန့်၌ သေနတ်ပစ်ခတ်သံများထွက်ပေါ်နေ​ကြောင်း​ဒေသခံများက​ပြောသည်။ စစ်ကောင်စီဗျူဟာကုန်းဘက်မှပစ်ခတ်သံ နှင့် ပေါက်ကွဲသံများထွက်ပေါ်နေခြင်းဖြစ်ပြီး ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ကြိုးစားနေ​ကြောင်းသိရသည်။ “ကျောင်းတွေလည်း ပိတ်ပြီး အိမ်ပြန်ကြပြီ။ လူတွေလည်း သတိလေးနဲ့ နေနေကြတယ်။ တခြားရပ်ကွက် ရွေ့တာလည်း ရှိတယ်”ဟု ဒေသခံတဦးကပြောသည်။ စစ်ကောင်စီဗျုဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)...

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ရွှေမုဌောကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့ရသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင်တွင် ဩဂုတ်လအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၃၅ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ (စက်တင်ဘာ ၆ရက်)တွင်သတင်းထုတ်ပြန်သည်။

သတင်း

မနက်ဖြန်တွင် ထိုးသတ်မည့် MMA One Championship ပြိုင်ပွဲတွင် ပြိုင်ဘက် ကစားသမား အာဒိုဂန်ကို တတိယအချီတွင် အလဲထိုးအနိုင်ယူမည်ဟု MMA ဖိုက်တာ အောင်လအန်ဆန်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ကြုံးဝါးခဲ့သည်။

သတင်း

တရုတ်နယ်စပ်နှင့် ထိစပ်နေသည့် နမ့်ခမ်းကို TNLA သိမ်းပြီးနောက် ပထမဆုံး စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခြင်းဖြစ်

သတင်း

မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိဘန်​ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီဗုံးကြဲ၍ ကလေးငယ်၆ ဦးအပါအဝင်ပြည်သူ ၈ ဦးထက်မနည်းသေဆုံးပြီးဒဏ်ရာရသူများစွာရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ဦးဆောင်သူ ဦဗညားက လူထုနွေဦးသို့ပြောသည်။

Facebook