Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဗျူဟာကုန်းအနီး ပစ်ခတ်သံများကြားရဟု ဒေသခံများ​ပြော

KIA က သြဂုတ် ၅ ရက်တွင် သိမ်းပိုက်ခဲ့​သော ဖားကန့် လ​​မောင် စခန်းကို Google Earthတွင်​တွေ့ရမှု

မိထက်/People’s Spring

ဖားကန့်ဗျူဟာကုန်းအနီးတွင်ယနေ့(စက်တင်ဘာလ၆ရက်)နံနက် ၁၀နာရီခန့်၌ သေနတ်ပစ်ခတ်သံများထွက်ပေါ်နေ​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်ကောင်စီဗျူဟာကုန်းဘက်မှပစ်ခတ်သံ နှင့် ပေါက်ကွဲသံများထွက်ပေါ်နေခြင်းဖြစ်ပြီး ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ကြိုးစားနေ​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

“ကျောင်းတွေလည်း ပိတ်ပြီး အိမ်ပြန်ကြပြီ။ လူတွေလည်း သတိလေးနဲ့ နေနေကြတယ်။ တခြားရပ်ကွက် ရွေ့တာလည်း ရှိတယ်”ဟု ဒေသခံတဦးကပြောသည်။

စစ်ကောင်စီဗျုဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊PDF ပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ခြင်းဟု ဒေသခံအချို့ကပြောသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဖားကန့်တွင် စက်တင်ဘာလ ၄ ရက်နေ့မှစတင်ပြီးKIA၊PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ စစ်ရေးအခြေအနေ ဆက်လက်တင်းမာလာနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်။

ထိုအပြင် ဩဂုတ် ၅ ရက်က ဖားကန့်မြို့ စစ်ကောင်စီ ဗျူဟာကုန်းအတွက် အရေးပါသည့် တောမှော် နှင့် လမောင် စစ်စခန်း ၂ခုကို KIA/KPDF ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်လိုက် သိမ်းပိုက်ခဲ့သည် KIA ၊PDF ပူးပေါင်းတပ်များသည် စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင်ကချင်ပြည်နယ်၊ ပန်ဝါမြို့ရှိ ပြည်သူ့စစ်စခန်းတခုကိုလည်း တိုက်ခိုက်သိမ်းယူလိုက်ကြောင်းသတင်းထွက်ပေါ်နေသည်။အသေးစိတ်အခြေအနေကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။