Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်၌ ဩဂုတ်အတွင်း တိုက်ပွဲ ၁၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၅ဦးသေဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင်တွင် ဩဂုတ်လအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၃၅ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ (စက်တင်ဘာ ၆ရက်)တွင်သတင်းထုတ်ပြန်သည်။

KNU တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - EPA

“အခုလောလောဆယ်ကတော့ မိုးကလည်း ရွာတော့ ဒီဘက်ကနေပြီးတော့သူတို့ စခန်းကို တက်တာတို့ ဘာတို့ မရှိသေးဘူး။ ဝိုင်းပြီး ပိတ်ဆို့ထားတာပဲရှိတယ်”

— ဗိုလ်မှူးကြီးစောကလယ်ဒို

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင်တွင် ဩဂုတ်လအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၃၅ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ (စက်တင်ဘာ ၆ရက်)တွင်သတင်းထုတ်ပြန်သည်။

ဖာပွန်ခရိုင်အတွင်း လစဉ်တိုက်ပွဲအခြေအနေများကို အသိပေးထုတ်ပြန်လေ့ရှိရာ ဩဂုတ် ၁ရက်မှ ၃၁ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီ အကြား တိုက်ပွဲဖြစ်ပွားမှုကို အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဩဂုတ်အတွင်း KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီ အကြား တိုက်ပွဲ ၁၁၅ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၃၅ဦးသေဆုံးကာ ၁၃ဦးဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

” သူတို့သည်ဗျူဟာစခန်းကနေပြီးတော့ဟိုးအရင် သူများတက်သိမ်းထားလို့ရတဲ့စခန်းတွေကို အဲဒါ သူတို့ ပြန်ရရှိဖို့ဆိုပြီး သူတို့တက်လာပြီးတိုက်တာတို့ ဘာတို့ရှိတယ်။ အဲဒီလိုမျိုးတွေ ခဏခဏရှိတယ်။ KNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သူတို့နေရာတွေမှာယူထားတာပေါ့။ ယူထားတော့သူတို့ကလည်း အဲဒီနေရာ ပြန်ရဖို့ သူတို့ခဏခဏထွက်လာပြီး ပြန်လာတိုက်တာပေါ့။ အဲဒီလိုမျိုးရှိတော့တိုက်ပွဲက ခဏခဏဖြစ်ရတယ်။ နောက် တခြားစခန်းတွေလည်း ကျန်သေးတယ်ဆိုတော့တခြားစခန်း တွေကလည်း သူတို့လည်း ဒီဘက်က တပ်တွေနဲ့ ခဏခဏ ထိတွေ့မှုရှိတယ်။ အဲဒါ အကုန်လုံး ပေါင်းလိုက်တော့ ၁၀၀ ကျော်ဖြစ်သွားတာပေါ့”ဟု KNLA တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းကိုအသုံးပြုပြီး တိုက်ခိုက် ခဲ့ခြင်းများရှိသော်လည်း ပူးပေါင်းတပ်မှ ထိခိုက်သေဆုံးမရှိဟု KNU ဗဟိုက အသိပေးသည်။

ဖာပွန်ခရိုင်ရှိ စစ်ကောင်စီ ရှေ့တန်းတပ်များကို မြေပြင်မှ ရိက္ခာပို့နိုင်ခြင်းမရှိ၍ လေကြောင်းကို သာ အဓိက အားပြုရိက္ခာပို့နေရသည်ဟုလည်းထုတ်ပြန်သည်။

” စစ်ကောင်စီတပ်ကသူတို့ရဲ့ဗျူဟာစခန်းမှာအဲဒီမှာပဲစုနေကြတယ်။ဒီဘက်က KNLAနဲ့ ပူးပေါင်းတပ်အနေနဲ့က သူတို့လမ်းကြောင်းတွေ ဖြတ်တောက်ထားပြီး ပိတ်ဆို့ထားတာပေါ့။ စစ်ကောင်စီတပ်ကတော့ သူတို့ စခန်းမှာ အဲဒီမှာ နေပြီး ရိက္ခာတို့ဘာတို့ သူတို့ရဲ့ကျန်တဲ့ လိုအပ်တဲ့ဟာတွေ ကျတော့အထက်ကနေလေယာဉ်ပျံနဲ့လာပြီးချပေးတာပဲရှိတယ်။ ခြေလျင်တပ်အနေနဲ့ကတော့ သူတို့ လာပြီးပေးဖို့ ပစ်ကူပေးဖို့ သူတို့ လာလို့မရဘူး။စစ်ကူ ပစ်ကူကတော့ လေယာဉ်ပျံနဲ့လာပြီး လိုအပ်တဲ့အခါ ပစ်ကူပေးတာပဲရှိတယ်။ အခုလောလောဆယ် ကတော့ မိုးကလည်း ရွာတော့ ဒီဘက်ကနေပြီးတော့သူတို့ စခန်းကို တက်တာတို့ ဘာတို့ မရှိသေးဘူး။ ၀ိုင်းပြီး ပိတ်ဆို့ထားတာပဲရှိတယ်”ဟု KNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများပစ်မှတ်ထားသည့် လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ဩဂုတ်လအတွင်း ပြည်သူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း၊ အိမ်မွေးတိရိစ္ဆာန်အချို့လည်း ထိခိုက်ခဲ့ကြောင်းဖော်ပြထားသည်။

KNU တပ်မဟာ(၆)နယ်မြေတွင်လည်း KNLA ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်း အချို့ကို သိမ်းပိုက်ရန် စစ်ဆင်ရေးပြုလုပ်လျက်ရှိပြီး တိုက်ပွဲများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။