Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့နယ်ကိုလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ကလေးတစ်ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ရွှေမုဌောကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့ရသည်။

စက်တင်ဘာ ၄ရက်က နောင်ချိုမြို့နယ် မဲပုတ်ရွာလေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ရွှေမုဌောကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးခဲ့ရသည်။

ရွှေမုဌောရွာကို ယနေ့(စက်တင်ဘာ ၆ရက်) နံနက် ၁နာရီခန့်နှင့် နံနက် ၅နာရီခန့်တွင် လေကြောင်းမှဗုံးအလုံး၂၀ကျော်ကြဲချတိုက်ခိုက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၄ရက်က နောင်ချိုမြို့နယ် မဲပုတ်ရွာလေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – CJ

” ပြီးခဲ့တဲ့လတွေက ရွာနားမှာတိုက်ပွဲဖြစ်တော့ ဒေသခံတွေရှောင်ခဲ့ကြရတယ်။ ဒီရက်ပိုင်းမှာ တိုက်ပွဲမရှိတော့လို့ ပြန်ဝင်နေကြတာ။ TNLAလည်း ရှိမနေဘူး။ ဒါကို လေကြောင်းကနေလာပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၁၃)နှစ် အရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး ယင်းကလေးငယ်ဖခင်ဖြစ်သူလည်း ဒဏ်ရာရရှိခဲ့သည်။

ယခုအခါ ဒေသခံများသည် နောက်တစ်ကြိမ်ထပ်မံ၍ စစ်ဘေးတိမ်းရှောင်နေကြရကြောင်းသတင်းရရှိသည်။

တအာင်းတပ်မတော်(TNLA)နှင့် ပူးပေါင်းတပ် များသည် နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ အမြောက်တပ်ရင်းများသာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ရွှေမု‌ဌောကျေးရွာ၌ စစ်ရေးလှုပ်ရှားမှုမရှိကြောင်း PDFနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၄ရက်ကလည်း တောင်ခမ်းအနီးရှိ မဲပုတ်ကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ နေအိမ်အများအပြား ပျက်စီးခဲ့သည်။

စက်တင်ဘာ ၄ရက်က နောင်ချိုမြို့နယ် မဲပုတ်ရွာလေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – CJ

“စကစက တောင်ခမ်းနားက ရွာတွေကို လေကြောင်းရော လက်နက်ကြီးရော ပစ်နေတာ။ အဲနားကရွာဒေသခံတွေ အတော်လေး ထိတယ်ပြောတယ်။ ဒလန်ကြောင့် အသတ်ခံရတာရော။ ဆုံးရှုံးမှုက တခြားမြို့သိမ်းတာထက် တောင်ခမ်းက ပိုပေးဆပ်ရတယ်ကြားတယ်”ဟု နောင်ချိုမြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ကို ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ရာ ကလေးငယ် ၂ဦး၊ အမျိုးသမီး ၄ဦး အပါအဝင် ၁၁ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်သည် TNLAအုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊သီပေါ၊ ကျောက်မဲ၊နောင်ချိုနှင့် နမ့်ခမ်းမြို့တို့၌ အရပ်သားပစ်မှတ်များဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀)ဗုံးများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်းချိုးဖောက်နေခြင်းဖြစ်ကြောင်းလည်း TNLAက ထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook