Connect with us

Hi, what are you looking for?

သတင်း

အာဒိုဂန်ကို တတိယအချီတွင် အလဲထိုးအနိုင်ယူမည်ဟု အောင်လအန်ဆန် ကြုံးဝါး

မနက်ဖြန်တွင် ထိုးသတ်မည့် MMA One Championship ပြိုင်ပွဲတွင် ပြိုင်ဘက် ကစားသမား အာဒိုဂန်ကို တတိယအချီတွင် အလဲထိုးအနိုင်ယူမည်ဟု MMA ဖိုက်တာ အောင်လအန်ဆန်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ကြုံးဝါးခဲ့သည်။

သုည/People’s Spring

မနက်ဖြန်တွင် ထိုးသတ်မည့် MMA One Championship ပြိုင်ပွဲတွင် ပြိုင်ဘက် ကစားသမား အာဒိုဂန်ကို တတိယအချီတွင် အလဲထိုးအနိုင်ယူမည်ဟု MMA ဖိုက်တာ အောင်လအန်ဆန်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ကြုံးဝါးခဲ့သည်။

“ဒီပွဲအတွက် ကျွန်တော် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ထားပါတယ်။ အာဒိုဂန်က နပန်းပုံစံကို အားပြုကစားမယ်လို့ မျှော်လင့်ထားတယ်။ ကျွန်တော်ကတော့ သူလိုချင်တဲ့ပုံစံကို ဆွဲခေါ်ပြီး သူ့ကို အကောင်းဆုံးထိုးသတ်ချက်တွေနဲ့ အနိုင်ယူဖို့ ပြင်ဆင်ထားတယ်။ တတိယအချီမှာတော့ ပွဲသိမ်းနိုင်အောင် ကြိုးစားသွားမယ်။ ဒီပွဲက လွယ်ကူတဲ့ ပွဲတစ်ပွဲတော့ မဟုတ်ဘူး။ တကယ့်ကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မှုပုံစံတွေနဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်”ဟု ယမန်နေ့က ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အောင်လအန်ဆန်က ပြောသည်။

Public Service Announcement

Public Service Announcement

အောင်လအန်ဆန်နှင့် တူရကီနိုင်ငံသား အာဒိုဂန်တို့သည် မနက်ဖြန် (စက်တင်ဘာ ၇) မြန်မာစံတော်ချိန် နံနက် ၆ နာရီတွင် အမေရိကန်နိုင်ငံ၌ ကျင်းပမည့် One-168 MMA ပြိုင်ပွဲ၏ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

One Championship ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း အောင်လအန်ဆန်နှင့် ရင်ဆိုင်ရမည် ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမိကြောင်းနှင့် ယင်းပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်း အာဒိုဂန်ကလည်း ပြောကြားခဲ့သည်။

“အောင်လက ချန်ပီယံခါးပတ် နှစ်ခုတောင် ရခဲ့ဖူးတဲ့ ဖိုက်တာတစ်ယောက်ပါ။ သူ့လိုဖိုက်တာနဲ့ ရင်ဆိုင်ခွင့်ရတာ စိတ်လှုပ်ရှားမိတယ်။ သူ့ရဲ့ အားနည်းချက်၊ အားသာချက်တွေကို လေ့လာထားတယ်။ ကျွန်တော့်ရဲ့ အဓိကတိုက်ကွက်ဖြစ်တဲ့ နပန်းပိုင်းနဲ့ သူ့ကို အနိုင်ယူသွားမယ်။ ဒီပွဲကို အနိုင်ယူပြီး One ရဲ့ ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်လမ်းကြောင်းကို တက်လှမ်းနိုင်ဖို့ ကြိုးစားသွားပါမယ်”ဟု အာဒိုဂန်က ပြောသည်။

အသက် ၃၄နှစ်အရွယ် အာဒိုဂန်သည် ၂၀၁၄ ကမ္ဘာ့နပန်းချန်ပီယံရှစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိထားသူ ဖြစ်ပြီး MMA ပြိုင်ပွဲ ၉ ပွဲ ထိုးသတ်ခဲ့ရာ ရှုံးပွဲမရှိသေးဘဲ ၉ ပွဲစလုံး အနိုင်ရရှိထားသည်။

အသက် ၃၉ နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ ၄၃ ပွဲ ထိုးသတ်ထားရာ ပွဲ ၃၀နိုင် ၁၃ ပွဲ ရှုံးနိမ့်ထားပြီး အောင်လအနေဖြင့် အာဒိုဂန်နှင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ပါက ကမ္ဘာ့ချန်ပီယံခါးပတ်ကိုပြန်လည်စိန်ခေါ်ခွင့်ရရန် အခွင့်အရေး ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၇) နံနက်က ကျင်းပသည့် One Championship MMA ပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် တူရကီဖိုက်တာ အာဒိုဂန်ကို ရှုံးနိမ့်ခဲ့သည်။

သတင်း

ဒုတိယအချီတွင် ဖန်ယောင်းက အောင်လအား လှဲချပြီးချုပ်ကွက်ဖြင့် အနိုင်ယူရန် ကြိုးစားစဥ် အောင်လက လဲကျ​နေသည့်အ​နေအထားမှ ​ဖန်​ယေညင်း၏ လည်ပင်းအားချုပ်၍ အနိုင်ယူလိုက်ခြင်းဖြစ်သည်။

သတင်း

အောင်လအန်ဆန်သည် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် MMA မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင်လည်း ဂျပန်ဖိုက်တာ အိုကာမီကို အလဲထိုး အနိုင်ရရှိခဲ့သည်။

သတင်း

အောင်လအန်ဆန်သည် ယနေ့ည စင်ကာပူနိုင်ငံတွင် ကျင်းပသည့် One Championship MMA မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင် ဂျပန်ဖိုက်တာ အိုကာမီနှင့် ထိုးသတ်ခဲ့ပြီး ပွဲအစ ၂ မိနစ်အတွင်း ၎င်း၏ ဒူးတိုက်ချက်၊ လက်သီးချက်များဖြင့် အိုကာမီကို အလဲထိုး အနိုင်ရခဲ့သည်။