Hi, what are you looking for?
ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။
ဆိုင်းမင်း/People’s Spring အင်းစိန်ထောင်ကနေ သာယာဝတီထောင်ဆီ ပြောင်းရွေ့ခံရတဲ့ ရာနဲ့ချီ တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရပြီး နိုင်ကျဉ်း ၄၀ ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်( PPNM ) က ဒီနေ့မှာထုတ်ပြန်ပါတယ်။ ဇူလိုင်လ ၂၁ ရက်က နိုင်ကျဉ်းဦးရေ ၃၀၀...
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး(လယ်ဒို)မြို့နယ်နှင့် မုန်း(မူး)မြို့နယ်တို့တွင် စစ်ကောင်စီက ဒေသခံပြည်သူများကို ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် ရေဘေးပါကြုံနေ၍ အရေးပေါ်အကူအညီများလိုအပ်နေကြောင်း လယ်ဒိုနှင့်မူး မြို့နယ်ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ တို့က ထုတ်ပြန်သည်။