Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရဲစခန်း PDFများသိမ်းပိုက်၊ တိုက်ပွဲဆက်လက်ပြင်းထန်နေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ငါန်းဇွန်ပကဖ ရဲဘော်အချို့အား စစ်ဆင်ရေးတခုတွင် တွေ့ရစဥ်။ဓာတ်ပုံ - ငါန်းဇွန် ပကဖ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ သိမ်းပိုက်ထားပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၁၉ ရက်) နံနက်မှစတင်ကာ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာရှိ စစ်ကောင်စီ၏ ရဲစခန်းအား PDF ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး စစ်သုံ့ပန်းအချို့ ဖမ်းဆီးရရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“စခန်းကတော့ သိမ်းထားလိုက်ပြီ။ တိုက်ပွဲကပြင်းထန်နေဆဲမို့ အတိကျတင်မရသေးလို့ပါ။”ဟု ငါန်းဇွန်မြို့နယ်-ပကဖ၏ ဘဏ္ဍရှာဖွေရေးတာဝန်ခံ ဟရု နာကာဂျီမာက ပြောသည်။

စစ်ကောင်စီက လေယာဥ်ဖြင့် လေးကြိမ်တိုင် ဗုံးကြဲခဲ့ပြီး ဆီမီးခုံမြို့မှ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ ပစ်ကူပေးခဲ့ကြောင်း ငါန်းဇွန်သတင်းစုံက ဖော်ပြသည်။

“ငါန်းမြာကို ထိန်းထားလိုက်ပါပြီ။ အသေးစိတ်အချက်လက် မကြာမီ စောင့်မျှော်ပေးကြပါဗျ။

တိုက်ပွဲ ပြင်းထန်နေသည့်အတွက်ပြည်သူများ အထူးဂရုစိုက်ကြပါ။”ဟု ငါန်းဇွန်မြို့နယ်-ပကဖက အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် ရဲများ၊ Non CDM များ၊ ပျူစောထီးများလည်း အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြရန် ငါန်းဇွန်ပကဖက တိုက်တွန်းထားသည်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)စတင်ပြီးနောက် တစ်ပတ်နီးပါးအကြာ သြဂုတ် ၁၆ရက်မှစတင်ကာ ငါန်းဇွန်နယ်အတွင်း မြို့သာစက်မှုဇုန်နှင့် တောင်ရွာဘိုကျေးရွာတို့၌ တိုက်ပွဲနှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ် အထိနာ၍ သြဂုတ် ၁၇ ရက် နေ့လယ်က လေကြောင်းဖြင့် ငါန်းဇွန်မြို့နယ် မြေတိုင်းရွာ စာသင်ကျောင်းအနီးနှင့် ရေဇင်းရွာကြား တောအတွင်း ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ဖြစ်လာနိုင်၍ ဒေသခံပြည်သူများ အထူးဂရုစိုက်သွားလာပေးကြရန် ငါန်းဇွန်မြို့နယ်-ပကဖက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။