Connect with us

Hi, what are you looking for?

သတင်း

ခမရ ၄၃၇ တပ်ရင်း KIA အပြီးသတ်သိမ်းပိုက်

ဗန်းမော်မြို့ နှင့် မိုးမောက်မြို့ကြားရှိ အမှတ် ၄၃၇ ခြေမြန်တပ်ရင်း (ခမရ ၄၃၇) ဌာနချုပ်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဦး​ဆောင်​သော ပူးပေါင်းတပ်များက ယနေ့အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်သည်။

ဒီပ/People’s Spring

ဗန်းမော်မြို့ နှင့် မိုးမောက်မြို့ကြားရှိ အမှတ် ၄၃၇ ခြေမြန်တပ်ရင်း (ခမရ ၄၃၇) ဌာနချုပ်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဦး​ဆောင်​သော ပူးပေါင်းတပ်များက ယနေ့အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်သည်။

“အပြီးရပါပြီ ။ ၄၃၇ က ဗန်မော်အတွက် အရမ်းအရေးကြီးပါတယ်”ဟု စစ်​ရေးရင်းမြစ်တစ်ဦးက​ပြောသည်။ခမရ (၄၃၇ )မှာ မိုး​မောက်မြို့အနီး တည်ရှိ​သော်လည်း ဗန်​မော်မြို့အတွက်ပါစစ်​ရေးအရ အလွန်အ​ရေးကြီး​သောတပ်ရင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ဆင်​ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၂၁ အတွက် အ​ရေးကြီးဆုံးဖြစ်​သော တိုက်ခိုက်​ရေးတပ်ရင်းကို KIA ဦး​ဆောင်​သောပူး​​ပေါင်းတပ်များက ၂၀၂၄ ခုနှစ် မေလ မှစတင်၍ အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လကုန်ပိုင်းတွင် ထိုးစစ်အရှိန်မြှင့်ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ခမရ (၄၃၇) မှာ ​မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)တစ်ခုလုံးတွင် အင်အားအပြည့်ရှိပြီး တိုက်ခိုက်ရေး အကောင်းဆုံးတပ်ရင်းဖြစ်​သော​ကြောင့် စစ်​ကောင်စီတပ်အတွက် ကြီးမား​သောဆုံးရှုံးမှုဖြစ်သလို KIA အတွက် ကြီးမား​သော​အောင်ပွဲဖြစ်သည်။

KIAပူးပေါင်းတပ်များသည် ကချင်ပြည်နယ် မိုးမောက်မြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇)တပ်ရင်း ၏ ကားကင်းစခန်းများကိုလည်း သြဂုတ် ၁၅ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်မှ​သေဆုံး ဒဏ်ရာရသူများပြီး ခမရ ၄၃၇ ကို ကြီးကြပ်ခဲ့​သောစကခမှူး နှင့် ဒုဗျူဟာမှူးတို့သည် စစ်ရှုံးပြီး​နောက် ထွက်​ပြေးသွား​ကြောင်းစုံစမ်းသိရသည်။ တပ်ရင်းသိမ်းတိုက်ပွဲအ​ခြေအ​နေအ​သေးစိပ်ကို People’s Spring ကဆက်လက်​ဖော်ပြသည်။

KIA ပူးပေါင်းတပ်သည် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်နေသည့် ခမရ(၄၃၇)တပ်စခန်းကိုမေလ မှစတင်၍ အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လတွင် ထိုးစစ်အရှိန်မြှင့် ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခမရ ၄၃၇ ကျပြီဖြစ်၍ မိုး​မောက်မြို့နယ်မှာ စစ်​ကောင်စီတပ်ကင်းစင်သွားပြီဖြစ်သည်။ အဆိုပါ တိုက်ပွဲတွင် KIA နှင့်အတူ ရက္ခိုင့်တပ်တော်(AA)၊ KPDF ပူးပေါင်းတပ်များ ပါဝင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရေယာဉ်အချို့ လက်နက်ကြီးထိမှန်နစ်မြုပ်ဟု ကချင်သတင်းရင်းမြစ် ပြော

သတင်း

ဆိုင်းတောင်တွင် စစ်ကောင်စီတပ် မီးရှို့၍ အိမ်ခြေ ၂၀၀ကျော် ပျက်စီး၊ လက်နက်ကြီးကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံး

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဦးတည်လာသည့် စစ်ကောင်စီ ရေယာဥ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းအဖွဲ့က ယနေ့ နံနက်တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များ မီးရှိုဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဖမ်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။