Connect with us

Hi, what are you looking for?

သတင်း

သာယာဝတီထောင်ဆီ ပြောင်းရွေ့ခံရတဲ့ ရာနဲ့ချီတဲ့နိုင်ကျဉ်းတွေ ရိုက်နှက်ခံရ

သာယာဝတီထောင်(ဓာတ်ပုံ - Google Earth)

ဆိုင်းမင်း/People’s Spring

အင်းစိန်ထောင်ကနေ သာယာဝတီထောင်ဆီ ပြောင်းရွေ့ခံရတဲ့ ရာနဲ့ချီ တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရပြီး နိုင်ကျဉ်း ၄၀ ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်( PPNM ) က ဒီနေ့မှာထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၁ ရက်က နိုင်ကျဉ်းဦးရေ ၃၀၀ ဟာ အင်းစိန်ထောင်ကနေ သာယာဝတီထောင်ဆီ ပြောင်းရွေ့ခံရတာပါ။

Public Service Announcement

Public Service Announcement

သာယာဝတီထောင်ဆီ ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အကြောင်းပြချက် တစုံတရာမရှိဘဲ အကြောက်တရား သွင်းတဲ့အနေနဲ့ ထောင်ဗူးဝမှာတင် ရိုက်နှက်ခဲ့တာလို့ PPNM က ဆိုပါတယ်။

ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုတွေကြောင့် နိုင်ကျဉ်း ၄၀ ကျော် ဟာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရခဲ့တယ်လို့ PPNM က ဖော်ပြပါတယ်။

ဒါအပြင် ထောင်ပြောင်းခံရတဲ့ နိုင်ကျဉ်းတွေထဲက အမည်မည်း(Black List) စာရင်းသွင်းထားတဲ့ နိုင်ကျဉ်း ၁၀ ဦးကျော်ကို ရိုက်နှက်ကာ ခြေကျင်းခတ်ပြီး တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။

သာယာဝတီထောင်ဟာ ကိုလိုနီခေတ်ကနေ စစ်အစိုးရ အဆက်ဆက်အပြင် လက်ရှိ စစ်ကောင်စီလက်ထက်မှာလည်း နိုင်ကျဉ်းတွေကို နှိပ်စက်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထောင်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။