Connect with us

Hi, what are you looking for?

သတင်း

မုန်း နှင့် ကျောက်ကြီးမြို့နယ်တွင် စစ်​​ကောင်စီရန်အပြင် ရေဘေးပါကြုံနေ၍ အရေးပေါ်ကူညီမှုများလိုအပ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး(လယ်ဒို)မြို့နယ်နှင့် မုန်း(မူး)မြို့နယ်တို့တွင် စစ်ကောင်စီက ​ဒေသခံပြည်သူများကို ပစ်ခတ်တိုက်ခိုက်​​နေသည့်အပြင် ရေဘေးပါကြုံ​နေ၍ အ​ရေး​ပေါ်အကူအညီများလိုအပ်​နေ​ကြောင်း လယ်ဒိုနှင့်မူး မြို့နယ်ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ တို့က ထုတ်ပြန်သည်။

စစ်​ကောင်စီတပ် စစ်​ကြောင်းထိုးအကြမ်းဖက်၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​သော ကရင်ပြည်နယ်မှပြည်သူများကို ၂၀၂၂ ခုနှစ်တွင်​တွေ့ရစဥ်။ ဓါတ်ပုံ-KNU

ဟန်နွေ/Peopel’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး(လယ်ဒို)မြို့နယ်နှင့် မုန်း(မူး)မြို့နယ်တို့တွင် စစ်ကောင်စီက ​ဒေသခံပြည်သူများကို ပစ်ခတ်တိုက်ခိုက်​​နေသည့်အပြင် ရေဘေးပါကြုံ​နေ၍ အ​ရေး​ပေါ်အကူအညီများလိုအပ်​နေ​ကြောင်း လယ်ဒိုနှင့်မူး မြို့နယ်ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ တို့က ထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ်တွင် ဇွန်လ ၁ရက်မှ ဇူလိုင် ၃၁ရက်နေ့အထိ ပြည်သူနေထိုင်ရာ များသို့ ရည်ရွယ်ချက်ရှိရှိ ဒရုန်း ဖြင့် ၁၁ကြိမ်၊ လက်နက်ကြီး ၂၈၀လုံး ပစ်ခတ်ခဲ့​သောကြောင့် အမျိုးသမီး ၁ဦးအပါအဝင် ၉ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။နေအိမ်၊ စာသင်ကျောင်းနှင့် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်များလည်း ထိခိုက်သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ပြည်သူ ၃ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပြည်သူများထံမှ ဖုန်း ၅လုံး၊ ဆိုင်ကယ် ၁စီး ယူဆောင်မှုများလည်းရှိခဲ့ကြောင်း အသိ​ပေးထားသည်။

စစ်​ကောင်စီ​ဘေး အပြင် ကျောက်ကြီးမြို့နယ်အတွင်း ရေကြီးမှုဘေးကြောင့် ကျေးရွာပေါင်း ၁၁၄ရွာမှ ပြည်သူ ၇သောင်း ကျော် ရေဘေးသင့်ကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသည့် လူမှုဘ၀အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု အသိပေးသည်။

အလားတူ မုန်းမြို့နယ်တွင်လည်း ယခုနှစ်ဧပြီလမှ ဩဂုတ် ၁၅ရက်နေ့အထိ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၇ကြိမ် ပြုလုပ်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြောင်း​ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၉ဦး သေဆုံးကာ ၅၄ဦး ဒဏ်ရာရရှိခဲ့ဟု ထုတ်ပြန်သည်။ ထို့ပြင်လူနေအိမ် ၂၀၆ လုံးပျက်စီးခဲ့ရပြီးဧပြီမှ ဩဂုတ်လအတွင်းထပ်မံ တိမ်းရှောင်ရသည့် ရွာ ၁၉ရွာ၊ပြည်သူ တစ်သောင်းကျော်ရှိကြောင်း မုန်းကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်သည်။

ရေကြီးမှုကြောင့်လည်း ဒေသခံ ၁ ဦးသေဆုံးကာ အိမ် ၂၆ လုံး ပျက်စီးခဲ့ရပြီး ရွာ ၁၁၈ ရွာမှ ပြည်သူ ၇၂၀၀၀ ကျော် ရေဘေးဒုက္ခ ကြုံခဲ့ရကြောင်း၊ လက်ရှိအချိန်ထိ ရေဘေးခံစားနေကြရကြောင်း ထုတသည်။

ထိုသို့ ဘေးဒုက္ခကြုံနေရသည့် ပြည်သူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများဖြစ်သည့် ဆန်၊ မိုးကာ(တာလပတ်)၊ငွေကြေးနှင့်ဆေးဝါး အကူအညီအချို့ထောက်ပံ့ပေးခဲ့သည်ဟုလည်း မုန်းမြို့နယ် ကယ်ဆယ်ရေးကော်မတီက အသိပေးသည်။

အဆိုပါ ရေဘေးနှင့်စစ်ဘေးဒဏ်များ ကြုံနေရ၍အကြမ်းဖက်လုပ်ရပ်များ တိုက်ရိုက်ခံစားနေရသော ပြည်သူများနှင့်စစ်ရှောင်များ၏ လုံခြုံရေးနှင့် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိသော လိုအပ်နေမှုများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် မုန်းနှင့် ကျောက်ကြီး ကယ်ဆယ်ရေးကော်မတီတို့က ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံ မေတ္တာရပ်ခံတောင်းဆိုထားသည်။

စစ်​ကောင်စီတပ်၏ ပြည်သူများနေထိုင်သည့် ကျေးရွာအတွင်းသို့လေယာဉ်၊ လက်နက်ကြီး၊ဒရုန်း ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများအား ရပ်ဆိုင်းရန်တောင်းဆိုကြောင်းလည်း ဖော်ပြသည်။

စစ်ကောင်စီမှ ပြည်သူလူထုအပေါ်ပစ်မှတ်ထားတိုက်ခိုက်မှုများအား ချက်ချင်းရပ်တန့်ရန်ပိုမိုထိရောက်သည့် ဖိအားပေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုထားသည်။

နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပကရင်လူမှုအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့်ပြည်သူလူထုအား ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေသည့် အာဏာသိမ်းစစ်တပ်နှင့် ၎င်းအကြမ်းဖက်မှုကို အားပေးအားမြောက်ပြုနေသည့်မည်သည့်အဖွဲ့အစည်း ပုဂ္ဂိုလ်ကိုမဆို ပြင်းထန်စွာ ရှုံ့ချရန် တိုက်တွန်းထားပြီး ဘေးအန္တရာယ်ပေါင်းစုံ ကြုံနေရသည့် ပြည်သူများအား ကူညီပေးသည့် အဖွဲ့များအား ကျေးဇူးတင်ကြောင်း ဖော်ပြသည်။

အပြန်အလှန် ကူညီဖေးမရင်း ကြံ့ကြံ့ခံ ဆက်လက်ရပ်တည်သွားရန်လည်း တိုက်တွန်းထားပြီး အခက်အခဲပေါင်းစုံကြုံနေရသည့် ပြည်သူများကို တက်နိုင်သည့် အကူအညီများပေးကာ အဖိနှိပ်ခံ ပြည်သူများနှင့်အတူရပ်တည်သွားမည်ဟုသဘောထားထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ