သတင်း လက်ပံတန်းတွင် ရဲစခန်းနှင့် ပျူနှင့်ရဲများလုံခြုံရေးယူထားသော လောင်းကစားဝိုင်းတို့ကို တပြိုင်နက် တိုက်ခိုက်ခံရ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်အတွင်း ဇွန်လ ၃၀ရက်ကလည်း မင်းလှမြို့နယ် ငလှစမ်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ဇရစ်မြောင်ကျေးရွာ ရာအိမ်မှူးဆိုသူတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ LuduNwayOoဇူလိုင် 2, 2023
သတင်း စမ်းချောင်းမြို့နယ်တွင် ကားတစ်စီး မီးလောင် စမ်းချောင်းမြို့နယ်အတွင်း ကားတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ သွားရောက် ငြှိမ်းသတ်ခဲ့ပြီး နေ့လယ် ၂နာရီခန့်တွင် မီးငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 2, 2023
သတင်း ရခိုင် ALPတပ်မှ ဒုဥက္ကဋ္ဌအပါအဝင် သုံးဦး အသတ်ခံရမှု AAလက်ချက်ဟုဆို ALP သည် စစ်ကောင်စီနှင့် ဆွေးနွေးနေသည့် အဖွဲ့တစ်ခုဖြစ်သကဲ့သို့ အဖွဲ့တွင်းသဘောထားကွဲလွဲမှုကြောင့် နှစ်ဖွဲ့ကွဲနေသည်။ ယခုလုပ်ကြံခံရသည့် ALP အဖွဲ့ကို ဒေါ်စောမြရာဇာလင်း ဦးဆောင်နေခြင်းဖြစ်ပြီး ၎င်းအဖွဲ့သည် စစ်ကောင်စီနှင့်ဆွေးနွေးမှုများလုပ်ဆောင်နေသည်။ LuduNwayOoဇူလိုင် 2, 2023
သတင်း နိုင်ကျဉ်း ၁၃ ဦးကို မြင်းခြံထောင်ကနေ မကွေးနဲ့သရက်ထောင်တွေဆီ ထောင်ပြောင်းရွှေ့ မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ နီးပါးရှိနေပြီး NLD အစိုးရ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မန္တလေး ၊မုံရွာနဲ့ မြင်းခြံသပိတ် သမားတွေ ၊ စစ်ကောင်စီကိုတော်လှန်သူတွေကို ဖမ်းဆီးအကျဉ်းချထားပါတယ်။ LuduNwayOoဇူလိုင် 2, 2023
သတင်း တစ်နှစ်ခွဲတာကာလအတွင်း တိုက်ပွဲ ၄၄ ကြိမ်ပါဝင်ဆင်နွှဲခဲ့ပြီး စစ်ကောင်စီတပ်မှ ၉၁ ဦး သေဆုံးခဲ့ဟု BPLA အသိပေး BPLA တပ်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို အသိပေးရာ တိုက်ပွဲအတွင်း လေးဦး ကျဆုံး၊ ၁၆ ဦး ဒဏ်ရာရ၊ ကျန်းမာရေးကြောင့် သုံး ဦး ကျဆုံးပြီး လေးဦးဖမ်းဆီးခံရသည်ဟု သိရသည်။ LuduNwayOoဇူလိုင် 2, 2023
သတင်း ဆဒုံး – ကန်ပိုက်တီ စစ်ကောင်စီတပ်နှင့် နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်နေဟု KIA ပြော တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးပေ။ KIA အနေဖြင့် တိုက်ပွဲ၌ ထိခိုက်ကျဆုံးအခြေအနေများနှင့်ပတ်သက်ပြီး ပုံမှန်အခြေအနေများ၌ အသိပေးလေ့မရှိပေ။ LuduNwayOoဇူလိုင် 2, 2023
သတင်း လေကြောင်းရန်နှင့် လက်နက်ကြီးရန်ကာကွယ်ရေး ဗုံးခိုကျင်း တစ်ထောင်ကျော် ပြည်သူ၏ အလှူငွေဖြင့် တူးဖော်ထားဟု NUG အသိပေး ယမန်နေ့ (ဇူလိုင် ၁ရက်) ညတွင် သတင်းထုတ်ပြန်ခြင်းခြင်းပြီး " အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိပါတယ်" ဟု MOHADMက ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 2, 2023
သတင်း ခင်ဦးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို နှစ်ရက်ဆက် တိုက်ခိုက် စစ်ဆင်ရေးကို BLACK WOLF - ARMY နှင့် WHO AM I - ARMY ၊ FOREST FIGHTER - ARMY ၊ ခင်ဦးမြို့နယ်တော်လှန်ရေး အင်အားစုများတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 2, 2023
သတင်း ကိုးတောင်ဘို့ရှိ စစ်တပ်နှင့်ပျူစခန်းကိုPDFများတိုက်ခိုက် ကိုးတောင်ဘို့ရွာရှိ စစ်တပ်နှင့်ပျူစခန်းကို ဇွန်လ ၃၀ရက် ညနေ၆နာရီခန့်မှစ၍ ကျွန်းလှ၊ကန့်ဘလူ၊ ကောလင်းမြို့နယ် များမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 2, 2023
သတင်း စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေး နိုင်ငံအတွင်းရှိ လူမျိုးစု လက်နက်ကိုင်အဖွဲ့အားလုံး ပူးပေါင်းပါဝင်ရန် NUG ကာကွယ်ရေးတိုက်တွန်းပန်ကြား ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်တစ်ဦးကလည်း ကလလတကဲ့သို့ ကရင်လက်နက်ကိုင်အဖွဲ့များလည်း တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ LuduNwayOoဇူလိုင် 2, 2023