Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မအီမြို့မှ ဆုတ်ခွာလာသည့် ခလရ(၃၆) တပ်ရင်းမှူး ရမ်းဗြဲသို့ စစ်ကူသွားရန် အမိန့်မနာခံ၍ စစ်ကောင်စီ ဖမ်းဆီးခဲ့ဟု စစ်သုံ့ပန်းအရာခံဗိုလ်ထွက်ဆို

ကျောက်ဖြူကို ဖေဖော်ဝါရီ ၂၁ရက်နေ့ တွင် ရောက်ရှိရာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ဗိုလ်မှူး တစ်ဦး အပါအဝင် အရာရှိ ၄ဦးကို ကျောက်ဖြူ ဗျူဟာမှူး ဗိုလ်မှူးကြီး၀ဏ္ဏအောင်က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

(ရမ်းဗြဲတိုက်ပွဲတွင်AA ဖမ်းဆီးခဲ့သည့်စစ်သုံ့ပန့်စစ်​ကောင်စီခလရ(၃၆)မှဆေးမှူး ဒုအရာခံဗိုလ် မျိုးခန့်နှင့် မအိတံတားကိုစစ်​ကောင်စီဖျက်ဆီးပြီး​နောက်​တွေ့ရမှု။ဓါတ်ပုံ-AA၊ CJ)
(ရမ်းဗြဲတိုက်ပွဲတွင်AA ဖမ်းဆီးခဲ့သည့်စစ်သုံ့ပန့်စစ်​ကောင်စီခလရ(၃၆)မှဆေးမှူး ဒုအရာခံဗိုလ် မျိုးခန့်နှင့် မအိတံတားကိုစစ်​ကောင်စီဖျက်ဆီးပြီး​နောက်​တွေ့ရမှု။ဓါတ်ပုံ-AA၊ CJ)

▪︎အမိန့်နာခံပြီး ရမ်းဗြဲသို့ စစ်ကူသွားသည့် စစ်ကြောင်း AA၏ တိုက်ခိုက်ချေမှုန်းခံရ

▪︎မအီမြို့မှ စစ်​ကောင်စီဆုတ်ခွာချိန် မအီတံတား နှင့် ကျောက်ကြီးပေါက်တံတားကို စစ်​ကောင်စီ မိုင်းခွဲဖျက်ဆီး

ရှိုင်း၊သရဖူ /People’s Spring

ရက္ခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့မှ တပ်စခန်းစွန့်ခွာလာသည့် စစ်ကောင်စီ၏ ခလရ(၃၆)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်နိုင်ဝင်းကို အမိန့်မနာခံဟုဆိုကာ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော်(AA) ဖမ်းဆီးမှု ခံခဲ့ရသည့် ခလရ(၃၆)မှ ဆေးမှူး ဒုအရာခံဗိုလ် မျိုးခန့်က ပြောကြားသည်။

(ရမ်းဗြဲတိုက်ပွဲတွင်AA ဖမ်းဆီးခဲ့သည့်စစ်သုံ့ပန့်စစ်​ကောင်စီခလရ(၃၆)မှဆေးမှူး ဒုအရာခံဗိုလ် မျိုးခန့်နှင့် မအိတံတားကိုစစ်​ကောင်စီဖျက်ဆီးပြီး​နောက်​တွေ့ရမှု။ဓါတ်ပုံ-AA၊ CJ)
(ရမ်းဗြဲတိုက်ပွဲတွင်AA ဖမ်းဆီးခဲ့သည့်စစ်သုံ့ပန့်စစ်​ကောင်စီခလရ(၃၆)မှဆေးမှူး ဒုအရာခံဗိုလ် မျိုးခန့်နှင့် မအိတံတားကိုစစ်​ကောင်စီဖျက်ဆီးပြီး​နောက်​တွေ့ရမှု။ဓါတ်ပုံ-AA၊ CJ)

ဖေဖော်ဝါရီ ၁၆ရက်၊ ၁၇ရက် နေ့များတွင် စစ်ကောင်စီက တောင်ကုတ်မြို့နယ် မအီမြို့အနီးရှိ မအီတံတား နှင့် မအီ-ကျောက်ဖြူ ကာလမ်း ရှိ ကျောက်ကြီးပေါက်တံတား တို့အားမိုင်းခွဲ ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ မအီ စခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ခလရ(၃၆) မှ AA ၏စစ်သုံ့ပန်းအရာခံဗိုလ် မျိုးခန့်၏ ပြောကြားချက်ကို AAက မတ် ၁၄ ရက်တွင်ထုတ်ပြန်သည်။ခလရ (၃၆) သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းဖြစ်သည်။

မအီ တပ်စခန်းကို စွန့်ခွာရန် ဖေဖော်ဝါရီ ၁၅ရက်တွင် အမိန့်ရရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၆ရက် တွင် စတင်စွန့်ခွာကာ မအီတံတား၊ ကျောက်ကြီးပေါက်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျောက်ကြီးပေါက်တံတားကနေ ဆက်လက်၍ ရေတပ် သင်္ဘောရှိရာကို ချီတက်ခဲ့ကြပါတယ်။ ရေတပ်သင်္ဘောနဲ့ပဲ ကျနော်တို့ တပ်တွေ ကျောက်ဖြူသို့ ဆက်လက်ချီတက်ခဲ့ပါတယ်” ဟု ဒုအရာခံဗိုလ်မျိုးခန့်က ပြောသည်။

ကျောက်ဖြူကို ဖေဖော်ဝါရီ ၂၁ရက်နေ့ တွင် ရောက်ရှိရာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ဗိုလ်မှူး တစ်ဦး အပါအဝင် အရာရှိ ၄ဦးကို ကျောက်ဖြူ ဗျူဟာမှူး ဗိုလ်မှူးကြီး၀ဏ္ဏအောင်က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

“ဖမ်းဆီးတဲ့ ရည်ရွယ်ချက်က ရမ်းဗြဲကို တိုက်ရိုက်မသွားဘဲ ကျောက်ဖြူကို ချီတက်လာလို့အမိန့်မနာခံလို့ ဖြစ်ပါတယ်” ဟု ဒုအရာခံဗိုလ်မျိုးခန့်က ပြောသည်။

ကျန်စစ်သည်များကို ခမရ(၅၄၂) တပ်စခန်း၌ အခြေပြုစေခဲ့ပြီး ဖေဖော်ဝါရီ ၂၃ရက်တွင် ဖမ်းထားသည့် ၄ဦးအနက်တပ်ရင်းမှူးကို ချန်လှပ်ပြီး ကျန်သည့် ၃ဦးကို ပြန်လွှတ်ကာ ခလရ(၃၆) တပ်ကို ရမ်းဗြဲသို့ ရဟတ်ယာဉ်ဖြင့် စစ်ကူပို့ခဲ့သည်ဟု ပြောပြသည်။

(ရမ်းဗြဲတိုက်ပွဲတွင်AA ဖမ်းဆီးခဲ့သည့်စစ်သုံ့ပန့်စစ်​ကောင်စီခလရ(၃၆)မှဆေးမှူး ဒုအရာခံဗိုလ် မျိုးခန့်နှင့် မအိတံတားကိုစစ်​ကောင်စီဖျက်ဆီးပြီး​နောက်​တွေ့ရမှု။ဓါတ်ပုံ-AA၊ CJ)
(ရမ်းဗြဲတိုက်ပွဲတွင်AA ဖမ်းဆီးခဲ့သည့်စစ်သုံ့ပန့်စစ်​ကောင်စီခလရ(၃၆)မှဆေးမှူး ဒုအရာခံဗိုလ် မျိုးခန့်နှင့် မအိတံတားကိုစစ်​ကောင်စီဖျက်ဆီးပြီး​နောက်​တွေ့ရမှု။ဓါတ်ပုံ-AA၊ CJ)

ယခင် ရောက်နေသည့် ခမရ(၃၇၃)တပ်နှင့် ဆက်သွယ်ရရှိပြီး ရည်ရွယ်ရာ နေရာကို ချီတက်ခဲ့ရာ ဖေဖော်ဝါရီ ၂၄ရက် မနက်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ကာ လူစုကွဲခဲ့ပြီး ၂၅ရက်တွင် အဖမ်းခံခဲ့ရကြောင်း ဒုအရာခံဗိုလ်မျိုးခန့်က ပြောပြသည်။

ဖေဖော်ဝါရီလ၁၆ရက်တွင် မအီမြို့မှဆုတ်ခွာစဉ် မအီတံတားနှင့် ကျောက်ကြီးပေါက်တံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထောက်ခွဲဖျက်ဆီးမှုကို ဒုတိယဗိုလ်မှူးကြီးသက်နိုင်ဝင်းနှင့်ဗိုလ်မှူးကြီးဝဏ္ဏအောင်တို့ ဆက်သွယ်ပြောဆိုမှုများအရ သိရခြင်းဟုလည်းထွက်ဆိုသည်။

စစ်​ကောင်စီက အဆိုပါ တံတားနှစ်စင်းအား AA က ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်းပြောဆိုဝါဒဖြန့်ခဲ့​သေးသည်။ ယခုအခါ စစ်‌ကောင်စီတပ်ဖွဲ့ဝင်ကိုယ်တိုင် ထုတ်ဖော်ဝန်ခံလာခြင်းဖြစ်သည်။

မအီတံတားသည် ပေ ၁၀၀၀ခန့်အရှည်နှင့် ကျောက်ကြီးပေါက်တံတားသည် ပေ ၄၀၀ ခန့်ရှိပြီး ဒေသတွင်း အဓိကဆက်သွယ်‌ ရေးလမ်းပေါ်၌တည်ရှိသည်။

” မအီတံတားနှင့် ကျောက်ကြီးပေါက်တံတားကို လူကြီးတွေ မည်သည့်ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲသည်ကို ကျနော်တို့မသိပါဘူး။ မအီတံတားဟာဆိုရင် ပြည်သူလူထုရဲ့ကုန်စည်စီးဆင်းမှုမှာအသက် သွေးကြောဖြစ်ပါတယ်။ ဒီတံတားကြီးအားဖောက်ခွဲခြင်းအားဖြင့် ပြည်သူလူထုရဲ့အကျိုးစီးပွားကို ရိုက်ချိုးဖျက်ဆီးခြင်းလို့ ယူဆပါတယ်” ဟုစစ်သုံ့ပန်းဒုအရာခံဗိုလ် မျိုးခန့်က ပြောသည်။

(ရမ်းဗြဲတိုက်ပွဲတွင်AA ဖမ်းဆီးခဲ့သည့်စစ်သုံ့ပန့်စစ်​ကောင်စီခလရ(၃၆)မှဆေးမှူး ဒုအရာခံဗိုလ် မျိုးခန့်နှင့် မအိတံတားကိုစစ်​ကောင်စီဖျက်ဆီးပြီး​နောက်​တွေ့ရမှု။ဓါတ်ပုံ-AA၊ CJ)
(ရမ်းဗြဲတိုက်ပွဲတွင်AA ဖမ်းဆီးခဲ့သည့်စစ်သုံ့ပန့်စစ်​ကောင်စီခလရ(၃၆)မှဆေးမှူး ဒုအရာခံဗိုလ် မျိုးခန့်နှင့် မအိတံတားကိုစစ်​ကောင်စီဖျက်ဆီးပြီး​နောက်​တွေ့ရမှု။ဓါတ်ပုံ-AA၊ CJ)

ခလရ(၃၆) သည် ဧရာဝတီတိုင်း ကျုံပျော်မြို့အခြေစိုက်တပ်ရင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများတွင် တပ်ရင်းလိုက် ဖမ်းဆီးခံလိုက်ရပြီး သေဆုံးမှုများပြားခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

” စစ်တပ်က လူအင်အားမရှိတာ သိသာတဲ့ ထုတ်ပြန်ချက်ပဲ။ မအီကနေ ရမ်းဗြဲတန်းမသွားလို့ အရာရှိတွေတောင် အဖမ်းခံရတာ။ တပ်ပျက်နေတာ” ဟု ကျောက်ဖြူမြို့ခံတဦးကပြောသည်။

လက်ရှိတွင် AA အနေဖြင့် ရမ်းဗြဲမြို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သလို ရမ်းဗြဲသို့ လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို ချေမှုန်းပြီးဖြစ်ကြောင်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။