Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တွင် စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ်သုံးဦးနှင့် က​လေးမိခင်နှစ်ဦး​သေဆုံး

စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် ဗန်းမော်လေဆိပ်ကို KIA၊AAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ကမတ်လ ၇ရက်တွင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်‌‌​ပြေးလမ်းပျက်စီးခဲ့ပြီး မတ်လ ၈ရက်မှစ၍လေဆိပ်အား စစ်ကောင်စီကပိတ်ပစ်ခဲ့သည်။

(စစ်​ကောင်စီတပ် ပစ်ခတ်​​သော လက်နက်ကြီးကျည်ထိမှန်​သေဆုံးခဲ့​သော က​လေးငယ် တစ်ဦး ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် ပစ်ခတ်​​သော လက်နက်ကြီးကျည်ထိမှန်​သေဆုံးခဲ့​သော က​လေးငယ် တစ်ဦး ။ဓါတ်ပုံ-CJ)

ဗန်းမော်မြို့တွင် စစ်ကောင်စီက လူနေကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ ကမ်းနီကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ‌ကလေးငယ်သုံးဦးအပါအဝင် ငါးဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

ဗန်းမော်မြို့နယ်၊ ကမ်းနီကျေးရွာအတွင်း ခြံဝင်းတစ်ခုထဲသို့ စစ်ကောင်စီပစ်သည့်လက်နက်ကြီးသည် မတ်လ ၁၁ ရက်ည ရှစ်နာရီခန့်က ကျရောက်ပေါက်ခွဲခြင်းဟု ဒေသခံများကပြောသည်။

“ဒါလား KIA ရှိတဲ့နေရာ။ ဒီရွာမှာ ဘယ်တော်လှန် ရေးအဖွဲ့မှမရှိဘူး။ အခုတော့ အရပ်သားတွေကို တမင်ပစ်တာ။ လူမမယ်ကလေးတွေပါ သေဆုံးကုန်ပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများမှာ ‌ကမ်းနီကျေးရွာမှ ဒေါ်မြင့်မော်နှင့် ၎င်း၏ ကလေးငယ် နှစ်ဦး၊ ဒေါ်နှင်းခိုင်နှင့်၎င်း၏ ကလေးတစ်ဦး ဖြစ်သည်။

စစ်ကောင်စီတပ်ကဗန်းမော်မြို့ အမှတ် –၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး ဒေါ်မြင့်မော်နှင့်ဒေါ်နှင်းခိုင်တို့က ၎င်းတို့၏ကလေးများနှင့်အတူ ရှိနေသည့် နေအိမ်ခြံဝင်းအတွင်းကျရောက်ပေါက်ကွဲခြင်းဟု သိရသည်။

ယ‌နေ့(မတ်လ ၁၃ရက်) နံနက်တွင်လည်း စစ်ကောင်စီတပ်က ဗန်းမော်မြို့မှ ဧရာဝတီမြစ်တစ်ဖက်ကမ်း မိုးစိမ်းကျွန်း၊မိုင်းကာကျေးရွာ၊ ကမ်းနီကျေးရွာနှင့် စင့်ကင်ရွာတို့ကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း ​ဒေသခံများက​ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ဝိုင်းမော်မြို့နယ်တို့မှ စစ်ကောင်စီစခန်း ၃၀ထက်မနည်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော်(AA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် ဗန်းမော်လေဆိပ်ကို KIA၊AAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ကမတ်လ ၇ရက်တွင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်‌‌​ပြေးလမ်းပျက်စီးခဲ့ပြီး မတ်လ ၈ရက်မှစ၍လေဆိပ်အား စစ်ကောင်စီကပိတ်ပစ်ခဲ့သည်။

ထို့နောက် ဗန်းမော်မြို့အဝင်အထွက်ဂိတ်များအားလုံးကို စစ်ကောင်စီကပိတ်ဆို့ထားပြီး အရပ်သားများအားဖမ်းဆီးခြင်း၊ အရပ်သားနေထိုင်ရာကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်းဒေသခံများကပြောသည်။

“ကိုယ့်မြို့နဲ့ကိုယ် မုန့်ထွက်ဝယ်ဖို့တောင်မလွယ်တော့ဘူး။ မြို့အပြင်ဘက်တွေကို မထိန်းချုပ်နိုင်တော့ မြို့ထဲကိုမဲနေတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စုန်ဆင်းလာတဲ့ ခလရ(၂၃၇) တပ်ရင်းမှူးလိုက်ပါတဲ့ စစ်သင်္ဘောတိုက်ခိုက်ခံရပြီး ရေနစ်မြုပ်သွားချိန်မှာ ခမရ(၃၂၀)တပ်ရင်းမှူး လိုက်ပါတဲ့ သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ် တချို့က ပြောပါတယ်။