Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမော်တွင် စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ်သုံးဦးနှင့် က​လေးမိခင်နှစ်ဦး​သေဆုံး

စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် ဗန်းမော်လေဆိပ်ကို KIA၊AAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ကမတ်လ ၇ရက်တွင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်‌‌​ပြေးလမ်းပျက်စီးခဲ့ပြီး မတ်လ ၈ရက်မှစ၍လေဆိပ်အား စစ်ကောင်စီကပိတ်ပစ်ခဲ့သည်။

(စစ်​ကောင်စီတပ် ပစ်ခတ်​​သော လက်နက်ကြီးကျည်ထိမှန်​သေဆုံးခဲ့​သော က​လေးငယ် တစ်ဦး ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ် ပစ်ခတ်​​သော လက်နက်ကြီးကျည်ထိမှန်​သေဆုံးခဲ့​သော က​လေးငယ် တစ်ဦး ။ဓါတ်ပုံ-CJ)

ဗန်းမော်မြို့တွင် စစ်ကောင်စီက လူနေကျေးရွာများသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ ကမ်းနီကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ‌ကလေးငယ်သုံးဦးအပါအဝင် ငါးဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

ဗန်းမော်မြို့နယ်၊ ကမ်းနီကျေးရွာအတွင်း ခြံဝင်းတစ်ခုထဲသို့ စစ်ကောင်စီပစ်သည့်လက်နက်ကြီးသည် မတ်လ ၁၁ ရက်ည ရှစ်နာရီခန့်က ကျရောက်ပေါက်ခွဲခြင်းဟု ဒေသခံများကပြောသည်။

“ဒါလား KIA ရှိတဲ့နေရာ။ ဒီရွာမှာ ဘယ်တော်လှန် ရေးအဖွဲ့မှမရှိဘူး။ အခုတော့ အရပ်သားတွေကို တမင်ပစ်တာ။ လူမမယ်ကလေးတွေပါ သေဆုံးကုန်ပြီ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများမှာ ‌ကမ်းနီကျေးရွာမှ ဒေါ်မြင့်မော်နှင့် ၎င်း၏ ကလေးငယ် နှစ်ဦး၊ ဒေါ်နှင်းခိုင်နှင့်၎င်း၏ ကလေးတစ်ဦး ဖြစ်သည်။

စစ်ကောင်စီတပ်ကဗန်းမော်မြို့ အမှတ် –၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး ဒေါ်မြင့်မော်နှင့်ဒေါ်နှင်းခိုင်တို့က ၎င်းတို့၏ကလေးများနှင့်အတူ ရှိနေသည့် နေအိမ်ခြံဝင်းအတွင်းကျရောက်ပေါက်ကွဲခြင်းဟု သိရသည်။

ယ‌နေ့(မတ်လ ၁၃ရက်) နံနက်တွင်လည်း စစ်ကောင်စီတပ်က ဗန်းမော်မြို့မှ ဧရာဝတီမြစ်တစ်ဖက်ကမ်း မိုးစိမ်းကျွန်း၊မိုင်းကာကျေးရွာ၊ ကမ်းနီကျေးရွာနှင့် စင့်ကင်ရွာတို့ကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း ​ဒေသခံများက​ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ဝိုင်းမော်မြို့နယ်တို့မှ စစ်ကောင်စီစခန်း ၃၀ထက်မနည်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော်(AA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် ဗန်းမော်လေဆိပ်ကို KIA၊AAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ကမတ်လ ၇ရက်တွင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်‌‌​ပြေးလမ်းပျက်စီးခဲ့ပြီး မတ်လ ၈ရက်မှစ၍လေဆိပ်အား စစ်ကောင်စီကပိတ်ပစ်ခဲ့သည်။

ထို့နောက် ဗန်းမော်မြို့အဝင်အထွက်ဂိတ်များအားလုံးကို စစ်ကောင်စီကပိတ်ဆို့ထားပြီး အရပ်သားများအားဖမ်းဆီးခြင်း၊ အရပ်သားနေထိုင်ရာကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်နေကြောင်းဒေသခံများကပြောသည်။

“ကိုယ့်မြို့နဲ့ကိုယ် မုန့်ထွက်ဝယ်ဖို့တောင်မလွယ်တော့ဘူး။ မြို့အပြင်ဘက်တွေကို မထိန်းချုပ်နိုင်တော့ မြို့ထဲကိုမဲနေတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။