Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သင်္ဃန်းညီနောင် ခမရ(၃၅၅) တပ်ရင်းမှ လက်နက်မျိုးစုံ ၁၄၀ လက်ရပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ သေဆုံးဟု KNLA ဌာနချုပ် ထုတ်ပြန်

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

(ခမရ(၃၅၅)တပ်စခန်းမှ သိမ်းဆည်းရရှိ​သော လက်နက် ၊ ခဲယမ်းကျည်နှင့် စစ်အသုံးအ​ဆောင်ပစ္စည်းများ။ ဓာတ်ပုံ - KNLA)
(ခမရ(၃၅၅)တပ်စခန်းမှ သိမ်းဆည်းရရှိ​သော လက်နက် ၊ ခဲယမ်းကျည်နှင့် စစ်အသုံးအ​ဆောင်ပစ္စည်းများ။ ဓာတ်ပုံ - KNLA)

ကရင်ပြည်နယ် မြ၀တီမြို့နယ်သင်္ဃန်းညီနောင်စစ်ကောင်စီအခြေစိုက် တပ်ရင်းသိမ်းပိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ၁၄၀ လက် ရရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုဌာနချုပ်က ယနေ့(မတ် ၁၃) ထုတ်ပြန်သည်။

KNLA တပ်မဟာ(၆) တပ်မဟာစစ်ကြောင်းဦးဆောင်​​သောပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်စကခ(၁၂)လက်အောက်ခံ ခမရ (၃၅၅)တပ်စခန်းအား မတ်လ ၇ရက် မနက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်း၌ စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှစစ်မော်တော်ယာဥ်ပေါင်း (၆)စီး၊RPG ၊ NATOစက်လတ်အပါအဝင် လက်နက်ငယ်မျိုးစုံပေါင်း (၁၂၇)လက် ၊ 60mm ၊ 81mm လက်နက်ကြီးစိန်ပြောင်းမျိုးစုံ(၁၃)လက် ရရှိခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ထို့ပြင် လက်နက်မျိုးစုံတို့၏ ခဲယမ်းကျည်များ ၊ ဆက်စပ်ပစ္စည်းများ နှင့်စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများ သိမ်းဆည်းရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာသေဆုံးဒဏ်ရာရရှိခဲ့ကြောင်း KNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

KNLA ပူးပေါင်းတပ်သည် မြ၀တီမြို့ကိုသိမ်းပိုက်ရန် ရည်ရွယ်ပြီးမတ်လ ၇ ရက်မှစ၍ထိုးစစ်ဆင်လျက်ရှိရာ သင်္ဃန်းညီနောင်ရှိခမရ( ၃၅၅) အား သိမ်းပိုက်ပြီးနောက် ကျန်တပ်ရင်းများ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိသည်။ စစ်ကောင်စီ ရဲစခန်းတစ်ခုနှင့် မြ၀တီမြို့နယ် ဖလူးစစ်စခန်းတို့ကိုလည်း KNLA ပူးပေါင်းတပ်က သိမ်းပိုက်ထားသည်။သို့​သော် ရဲစခန်းနှင့် ဖလူးစစ်စခန်းသိမ်းပိုက်မှုတို့နှင့်ပတ်သပ်၍ သတင်းမထုတ်ပြန်​သေး​ပေ။

ကရင်စစ်​ရေးသတင်းရင်းမြစ်တစ်ဦးက KNU ပူးပေါင်းတပ်အနေဖြင့် ခမရ(၃၅၅) အပြင် ခမရ (၃၅၆)ကိုပါသိမ်းထားနိုင်ပြီဟု ပြောသည်။

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

“အဲဒီ ဗျူဟာကုန်းရရင် မြ၀တီကိုကျနော်တို့ထိန်းလို့ရပြီပေါ့။ သူတို့ စခန်းတွေကကပ်လျက်ပေါ့။ မနီးမဝေး။ဗျုဟာတော့ တော်တော်ဆော်ရမယ်” ဟု ကရင်သတင်းရင်းမြစ်က ပြောပြသည်။

မြ၀တီမြို့နယ် တိုက်ပွဲ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ ပေး တိုက်ခိုက်မှုများ ရှိခဲသည်။ မြ၀တီ တိုက်ပွဲ၌ စစ်ကောင်စီဘက်က နယ်ခြားစောင့်တပ် BGF တပ်များ ဝင်ကူခြင်းမရှိ၍ စစ်ကောင်စီတပ် ပိုအထိနာနေသည်ဟုလည်း ကရင်သတင်းရင်းမြစ်က ပြောပြသည်။

​မြေပြင်တိုက်ပွဲများတွင် အထိနာ​နေ​သော စစ်​ကောင်စီက ​လေ​ကြောင်း တိုက်ခိုက်မှုများဖြင့် စခန်းများအားလုံးမကျရန် ကြိုးစား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။