Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်တွင် ပြည်သူသုံးထောင်ခန့် စစ်ရှောင်နေရပြီး စားနပ်ရိက္ခာအခက်အခဲများရှိ​နေ

မတ်လ ၇ရက်တွင် စစ်ကောင်စီက လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း PDF ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။

(ပြီးခဲ့သည့် ၂၀၂၃က သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် တိမ်းရှောင်ခဲ့ရသည့်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပြီးခဲ့သည့် ၂၀၂၃က သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် တိမ်းရှောင်ခဲ့ရသည့်ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့၍ ဒေသခံပြည်သူသုံးထောင်ခန့် စစ်ရှောင်နေရပြီး စားနပ်ရိက္ခာအတွက် အခက်အခဲများရှိ​နေကြောင်း သတင်းရရှိသည်။

မတ်လ ၅ရက်‌မှ ၇ရက်‌အထိ သပိတ်ကျင်းမြို့နယ်ရှိ မတောင်ရွာ၊ မန်ကျည်းကုန်းရွာနှင့် ဆင်ညှပ်ကုန်းကျေးရွာများသို့ တကောင်းမြို့ဘက်မှအပါအဝင် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်း ထိုးလာခဲ့သည်။

အဆိုပါ စစ်ကြောင်းနှစ်ကြောင်းနှင့် အထူးလှုပ်ရှားတပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ အမှတ် (၅၁၂) တပ်ရင်း၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖတို့က သုံးရက်​ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲများကြောင့် ကျေးရွာ ငါးရွာမှ ဒေသခံပြည်သူပေါင်း သုံးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သပိတ်ကျင်းပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲနဲ့ ပက်သက်ပြီး ပြောရရင် အောင်မြင်ခဲ့တဲ့ ပွဲလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် စစ်ကြောင်းထိုးလာပြီ တိုက်ပွဲဖြစ်ပြီဆို ပထမဆုံး အခက်အခဲကြုံရတာ ပြည်သူတွေပါ။ စစ်ရေးတင်းမာနေလို့ ကားလမ်းတွေ ပိတ်ထားတာ ဖြစ်တဲ့အတွက် ကြောင့်လည်း စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်ရပါတယ်။ ကျွန်တော်တို့က စစ်ရေးမှာ အောင်မြင်တာနဲ့ နည်းတူ ပြည်သူလူထုတွေကလည်း ကျွန်တော်တို့နယ်က စစ်ရှောင်တွေကို ကူညီထောက်ပံ့ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။”ဟု သပိတ်ကျင်း ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲများပြင်းထန်ခဲ့၍ စဥ့်ကူး – သပိတ်ကျင်း – တကောင်းလမ်းပိုင်းအား လက်ရှိအချိန်ထိ ယာယီပိတ်ထားသည်။

အဆိုပါ တိုက်ပွဲတွင်မူ စစ်ကောင်စီတပ်မှ အလောင်း ၁၄ လောင်းရရှိပြီး သေနတ်(၁၈) လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက သတင်းထုတ်ပြန်ထားသည်။

သုံးရက်ဆက်ဖြစ်ပွားသောတိုက်ပွဲအတွင်း သေဆုံး၊ဒဏ်ရာရသည့် အရာရှိများကို လေကြောင်းပစ်ကူသုံး၍ စစ်ကောင်စီကပြန်လည်ကောက်ယူသွားသော်လည်း စစ်ကောင်စီတပ်သားလေးဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့သည်။

” တပ်သားတွေက အရပ်ဝတ်တွေနဲ့လာတာ။ ကျတော်‌တို့က ဖမ်းမိတော့ ပျုတွေမှတ်လို့။ စစ်ဆေးတော့မှ ဘယ်တပ်ရင်း၊ ကိုယ်ပိုင်အမှတ်ကဘယ်လောက်ဆိုပြီးတော့ ပြောတာ။ ယူနီဖောင်းနဲ့ အရာရှိတွေကို ရအောင်ဆွဲခေါ်သွားပြီး တပ်သားတွေကိုထားခဲ့တာ”ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

မတ်လ ၇ရက်တွင် စစ်ကောင်စီက လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း PDF ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ကို စစ်တပ်ကတပ်စွဲထားဆဲဖြစ်ပြီး ဒေသခံပြည်သူတစ်သောင်းကျော်ဟာ တစ်လခွဲခန့်အကြာစစ်ဘေးရှောင်နေရဆဲဖြစ်ကာ စားနပ်ရိက္ခာ တွေလိုအပ် နေတယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။