Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်မြို့နယ် ဒါဆိုင်းအခြေစိုက် ခလရ(၂၃၇) တပ်ရင်း​၏ အဓိကနေရာများကို KIA သိမ်းပိုက်

မတ်လ ၇ရက်မှ စတင်ပြီး KIAက မိုးမောက်၊ ဝိုင်းမော်မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်ရင်းဌာနချုပ်များကို တိုက်ခိုက် သိမ်းပိုက် လျက်ရှိရာ မတ်လ ၁၄ရက်တွင် နောက်ထပ် တပ်ရင်းတစ်ခုသိမ်းနိုင်မည့် အခြေအနေဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - New York Times)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - New York Times)

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒါဆိုင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့တွင် ဝင်ရောက်စီးနင်းသိမ်းပိုက် ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မတ်လ ၇ရက်မှ စတင်ပြီး KIAက မိုးမောက်၊ ဝိုင်းမော်မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်ရင်းဌာနချုပ်များကို တိုက်ခိုက် သိမ်းပိုက် လျက်ရှိရာ မတ်လ ၁၄ရက်တွင် နောက်ထပ် တပ်ရင်းတစ်ခုသိမ်းနိုင်မည့် အခြေအနေဖြစ်သည်။

” ဒါဆိုင်းတပ်က ခလရ(၂၃၇) ဟုတ်တယ်။ သူတို့ တပ်ဝန်းတော့ တော်တော်လည်းကျယ်တယ်။ သူတို့ တပ်ဝန်းက ဧက ၂၀၊ ၃၀လောက်ရှိမယ်ထင်တယ်။ အခု အဓိကပွိုင့်ကျတဲ့နေရာတွေကိုတော့ အကုန်လုံးသိမ်းလိုက်ပြီ။ သူတို့ တပ်မိသားစုတွေ နေတဲ့အဆောင်ဘက်ပဲ ကျန်တော့တယ်။ သူတို့ဘက်က အဲဒီဘက်မှာ စုနေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒါဆိုင်း အခြေစိုက် ခလရ(၂၃၇)တပ်အား စီးနင်းသိမ်းပိုက်မှုနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အခြား သတင်းရင်းမြစ်များထံသို့လည်းမေးမြန်းထားသည်။

Public Service Announcement

Public Service Announcement

The 74 Media၏ ဖော်ပြချက်တွင် ဒါဆိုင်း တပ်စခန်းကို KIAကသိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ ဖမ်းဆီးခံရသူများလည်းရှိကြောင်း ဖော်ပြထားသည်။

KIA အနေဖြင့် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအခြေစိုက် စစ်ကောင်စီတပ် ခလရ (၁၄၂) တပ်ရင်းကိုလည်း မတ်လ ၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ခလရ(၁၄၂)တပ်က လက်နက်ချခဲ့ခြင်းဖြစ်ပြီး စစ်အင်အား ၁၀၀ခန့်၊ တပ်မိသားစုဝင် ၁၀၀ခန့် ပါဝင်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

KIA၏ တပ်စခန်းအများအပြား ထိုးစစ်ဆင်မှုကို စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံခဲ့သော်လည်း စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ခဲ့ရသည်။

ထို့အပြင် KIA ဌာနချုပ် လိုင်ဇာအနီး၌လည်း စစ်ကောင်စီတပ်စခန်းအများစုကို KIAကသိမ်းပိုက်ထားပြီးကျန်နေသည့်ဘွမ်ရယ်ဘွမ် အပါအဝင် စခန်းအချို့ကိုဆက်လက်ထိုးစစ်ဆင်လျက်ရှိရာယမန်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

“လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ တိုက်ပွဲပြင်းထန်ပြီဆို လေကြောင်းက အမြဲတမ်းလာတာပဲ”ဟု စစ်ရေးသတင်းရင်းမြစ်က မတ်လ ၁၃ရက် ဘွမ်ရယ်ဘွမ် တိုက်ပွဲအခြေအနေတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ကူပေးမှုကိုပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသ၏ စစ်ဒေသမှူးလည်းဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းအကြောင်း ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို မေလ ၁၈ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)များဖြစ်ကြသော စကခ (၅) တောင်ကုတ်၊ စကခ (၉)ကျောက်တော်နှင့် စကခ (၁၅)ဘူးသီးတောင်တို့ရှိရာ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်ရှိ စကခ ဌာနချုပ်များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

သတင်း

​ခလရ ၃၂၁ အပါအဝင် ဝိုင်းမော်ရှိ စစ်ကောင်စီတပ်စခန်းများအား KIAက ​မေ ၁၈ နံနက် စတင်ထိုးစစ်ဆင်ခြင်းဖ့စ်​ကြောင်း အခြားကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း အတည်ပြုပေးသည်။

သတင်း

KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းသည် မေလ ၁၃ရက်ညနေတွင် အသဲရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။