Connect with us

Hi, what are you looking for?

သတင်း

ရန်သူ့အရှုံးကို သင်ခန်းစာယူပြီး ပြည်သူအားကိုးယုံကြည်သည့် တပ်မတော်ဖြစ်အောင် တည်ဆောက်ရမည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

လက်ရှိအခြေအနေတွင် နွေဦးတော်လှန်ရေးကာ ၃ နှစ်တာအတွင် တော်လှရေးတပ်ဖွဲ့များ သိမ်းပိုက်၊ ထိန်းချုပ်ထားသည့်မြို့ပေါင်း ၄၀ ကျော်ရှိပြီ ဖြစ်သည်။

(အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသော စုဖွဲ့၊ လေ့ကျင့်၊ လက် နက်တပ်ဆင်မှုသင်တန်း အပတ်(၈) သင်တန်း ဆင်းပွဲနှင့်လက်နက်တပ်ဆင်ပွဲပြုပြုလုပ်စဥ်။ဓါတ်ပုံ-NUGMOD၊ အမှတ်(၁)စစ်​ဒေသ)
(အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသော စုဖွဲ့၊ လေ့ကျင့်၊ လက် နက်တပ်ဆင်မှုသင်တန်း အပတ်(၈) သင်တန်း ဆင်းပွဲနှင့်လက်နက်တပ်ဆင်ပွဲပြုပြုလုပ်စဥ်။ဓါတ်ပုံ-NUGMOD၊ အမှတ်(၁)စစ်​ဒေသ)

ရန်သူ့အရှုံးကို သင်ခန်းစာယူပြီး ပြည်သူအားကိုးယုံကြည်သည့် တပ်မတော်ဖြစ်အောင် တည်ဆောက်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန် ကြီး​ ဦးရည်မွန်က ပြောကြားလိုက်သည်။

အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသော စုဖွဲ့၊ လေ့ကျင့်၊ လက် နက်တပ်ဆင်မှုသင်တန်း အပတ်(၈) သင်တန်း ဆင်းပွဲသို့ပေးပို့သော သဝဏ်လွှာတွင် ဝန်ကြီးဦးရည်မွန်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

(အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသော စုဖွဲ့၊ လေ့ကျင့်၊ လက် နက်တပ်ဆင်မှုသင်တန်း အပတ်(၈) သင်တန်း ဆင်းပွဲနှင့်လက်နက်တပ်ဆင်ပွဲပြုပြုလုပ်စဥ်။ဓါတ်ပုံ-NUGMOD၊ အမှတ်(၁)စစ်​ဒေသ)
(အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသော စုဖွဲ့၊ လေ့ကျင့်၊ လက် နက်တပ်ဆင်မှုသင်တန်း အပတ်(၈) သင်တန်း ဆင်းပွဲနှင့်လက်နက်တပ်ဆင်ပွဲပြုပြုလုပ်စဥ်။ဓါတ်ပုံ-NUGMOD၊ အမှတ်(၁)စစ်​ဒေသ)

“ရန်သူအကြမ်းဖက် စစ်ကောင်စီတပ်ဟာ တ ဖြည်းဖြည်းပြိုလဲတော့မှာ ဖြစ်တယ်။ အင် မတန် တောင့်တင်းခိုင်မာပါတယ်လို့ သတ် မှတ်တဲ့ စစ်တပ်တစ်ခု ဘာကြောင့် ပြိုလဲသလဲ။ အရေးအကြီးဆုံးအချက်က ပြည်သူ လူထု ထောက်ခံယုံကြည်မှု မရတာကြောင့် ဖြစ်တယ်။ ရန်သူ့အကြောင်းကို လေ့လာရာမှာ သူတို့ရှုံးနိမ့်ရတဲ့အချက်တွေကိုလည်း အာရုံ စိုက်လေ့လာရမှာဖြစ်တယ်”ဟု ဝန်ကြီးက ပြောသည်။

လက်ရှိတွင် တော်လှန်ရေးရည်မှန်းချက်ဖြစ်သည့် စနစ်ပြောင်းလဲဟူသော ပန်းတိုင်ရောက်ရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်ရန် လို အပ်နေသေးပြီး PDF တပ်မတော်ကြီး မာသထက်မာ၊ ခိုင်သထက်ခိုင်အောင် တည် ဆောက်ရန်လည်း လိုအပ်နေသေးသည်ဖြစ်ရာ ဦးဆောင်သူတပ်မှူးနှင့် ရဲဘော်တို့တွင် တာဝန်ရှိကြောင်း ဝန်ကြီးက ဆက်ပြော သည်။

Public Service Announcement

Public Service Announcement

ထို့အတူ လာတော့မည့် တိုက်ပွဲများတွင် စိတ်ပိုင်း၊ ရုပ်ပိုင်း အသင့်ပြဆင်ထားရန်လိုအပ်ပြီး စစ်မဟာဗျူဟာပညာရှင် ဆွန်ဇူး၏အဆိုအမိန့်အတိုင်း စစ်ဆိုသည်မှာ နိုင်အောင်တိုက်ရမည်ဖြစ်ပြီး မတိုက်ဘဲနိုင်ပါက ပိုကောင်းကြောင်း ဝန်ကြီးဦးရည်မွန်က ထပ်လောင်းပြောကြားသည်။

(အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသော စုဖွဲ့၊ လေ့ကျင့်၊ လက် နက်တပ်ဆင်မှုသင်တန်း အပတ်(၈) သင်တန်း ဆင်းပွဲနှင့်လက်နက်တပ်ဆင်ပွဲပြုပြုလုပ်စဥ်။ဓါတ်ပုံ-NUGMOD၊ အမှတ်(၁)စစ်​ဒေသ)
(အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသော စုဖွဲ့၊ လေ့ကျင့်၊ လက် နက်တပ်ဆင်မှုသင်တန်း အပတ်(၈) သင်တန်း ဆင်းပွဲနှင့်လက်နက်တပ်ဆင်ပွဲပြုပြုလုပ်စဥ်။ဓါတ်ပုံ-NUGMOD၊ အမှတ်(၁)စစ်​ဒေသ)

သို့ဖြစ်၍ အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းအတွင်းရှိ ရန်သူ့တပ်၏ မဟာဗျူဟာမြောက် ပစ်မှတ်များကို ပိုင်ပိုင်နိုင်နိုင်တိုက်ခိုက်ရန် လိုအပ်သကဲ့သို့ တိုက်ပွဲများတွင် ခါးသီးနာ ကျင်မှုများ ကြုံလင့်ကစား စိတ်ဓာတ်မကျဘဲ စိတ်ဓာတ်၊ စည်းကမ်းနှင့် စွမ်းဆောင်ရည်တို့ကို အမြင့်ဆုံးပြသနိုင်ရမည်ဖြစ်ပြီး မဟာမိတ်ညီနောင်များနှင့်လည်း အေးအတူပူအမျှ နေ ထိုင်သွားကြန်ရလိုအပ်ကြောင်း ဝန်ကြီးက အသိပေးသည်။

ယခင်က ရန်သူစစ်ကောင်စီတပ်သည် PDF တပ်မတော်ကို ကလေးတွေ၊ သူငယ်နှပ်စားတွေဟု အထင်သေးကာပြောဆိုလေ့ရှိသော် လည်း ယခုအခါ အထင်မသေးဝံ့အောင် အ တိုင်းအတာတစ်ခုအထိ စွမ်းဆောင်နိုင်ခဲ့သည်ကို ရဲဘော်များအားလုံးကိုယ်စား ဂုဏ်ယူကြောင်း ဝန်ကြီးဝန်ရည်မွန်က ဆက်ပြော သည်။

(အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသော စုဖွဲ့၊ လေ့ကျင့်၊ လက် နက်တပ်ဆင်မှုသင်တန်း အပတ်(၈) သင်တန်း ဆင်းပွဲနှင့်လက်နက်တပ်ဆင်ပွဲပြုပြုလုပ်စဥ်။ဓါတ်ပုံ-NUGMOD၊ အမှတ်(၁)စစ်​ဒေသ)
(အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသော စုဖွဲ့၊ လေ့ကျင့်၊ လက် နက်တပ်ဆင်မှုသင်တန်း အပတ်(၈) သင်တန်း ဆင်းပွဲနှင့်လက်နက်တပ်ဆင်ပွဲပြုပြုလုပ်စဥ်။ဓါတ်ပုံ-NUGMOD၊ အမှတ်(၁)စစ်​ဒေသ)

တဆက်တည်းတွင် ၎င်းအနေဖြင့် ရဲဘော်အားလုံးအတူ ပန်းတိုင်ရောက်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ရဲဘော်တို့အနေနှင့်လည်း ဘေးကင်းလုံခြုံကာ တိုက် ပွဲတိုင်းအောင်နိုင်၍ မိသားစုများနှင့် အမြန်ဆုံးပြန်လည်ဆုံတွေ့နိုင်ပါစေကြောင်း ဝန်ကြီးဦးရည်မွန်က ဆုတောင်းမေတ္တာပို့သ ထား သည်။

လက်ရှိအခြေအနေတွင် နွေဦးတော်လှန်ရေးကာ ၃ နှစ်တာအတွင် တော်လှရေးတပ်ဖွဲ့များ သိမ်းပိုက်၊ ထိန်းချုပ်ထားသည့်မြို့ပေါင်း ၄၀ ကျော်ရှိပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။