Connect with us

Hi, what are you looking for?

သတင်း

ဟိုပုံးမြို့နယ်၊ နမ့်ဟူးရွာကို စစ်ကောင်စီတပ် မီးရှို့၍ ရွာလုံးကျွတ်မီးလောင်ပျက်စီး

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်ဟု PNLAက အသိပေးသည်။

(စစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့​သောဟိုပုံးမြို့နယ်မှ နမ့်ဟူးရွာကို​တွေ့ရစဥ်။ ဓါတ်ပုံ-PNLA)
(စစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့​သောဟိုပုံးမြို့နယ်မှ နမ့်ဟူးရွာကို​တွေ့ရစဥ်။ ဓါတ်ပုံ-PNLA)

ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် နမ့်ဟူးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ မတ်လ ၁၂ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့၍ ရွာလုံးကျွတ် ပျက်စီးခဲ့ရဟုပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ထုတ်ပြန်သည်။

PNLA တပ်ဖွဲ့များ လှုပ်ရှားခြင်းပင်မရှိသည့် နမ့်ဟူးကျေးရွာကို စစ်ကောင်စီက မီးရှို့ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ဟုတ်တယ် ဗျ။ အဲဒီ နမ့်ဟူးကျေးရွာက မယ်နယ်တောင်ခြေမှာရှိတဲ့ရွာ။ ကျနော်တို့လည်းမရှိဘူး။ ကျနော်တို့လှုပ်ရှားမှုတောင် မရောက်သေးဘူးပေါ့။ လက်ရှိ အခြေအနေမှာ ကျနော်တို့ လှုပ်ရှားမှု အဲဒီဘက်မရောက်ဘူး။ အဲဒါကို သူတို့က မီးရှို့ဖျက်ဆီးသွားတာ။ အဲဒါကို သူတို့ပဲ ဓာတ်ပုံပြန်ရိုက်ပြီး ဝါဒပြန်ဖြန့်နေတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့တယ်ဆိုပြီးတော့ပေါ့။ ဒီလိုမျိုးကျေးရွာတွေကိုမီးရှို့တာ ဖျက်ဆီးတာဘယ်သူတွေပဲလုပ်တယ်ဆိုတာကတော့ တတိုင်းပြည်လုံးသိပါတယ်။” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

(စစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့​သောဟိုပုံးမြို့နယ်မှ နမ့်ဟူးရွာကို​တွေ့ရစဥ်။ ဓါတ်ပုံ-PNLA)
(စစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့​သောဟိုပုံးမြို့နယ်မှ နမ့်ဟူးရွာကို​တွေ့ရစဥ်။ ဓါတ်ပုံ-PNLA)

ထို့အပြင်ပအိုဝ်းပြည်သူများ တော်လှန်ရေးကို အားပေးပါက ယခုကဲ့သို့ မီးရှို့ခံရမည်ဟု ပြည်သူကို ခြိမ်းခြောက်သည့် စစ်ကောင်စီ၏ လုပ်ရပ်ဟုမြင်ကြောင်း ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်ဟု PNLAက အသိပေးသည်။

ထို့အပြင်တွင် မတ်လ ၁၂ ရက်​နေ့ကလည်း စစ်ကောင်စီသည် ဆိုက်ခေါင်စံပြကျေးရွာမှနေပြီး ဆီဆိုင်မြို့ထဲသို့ လက်နက်ကြီးများဖြင့် အကြိမ် ၈၀ ကျော် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နေအိမ်များ ၁၄ အိမ်ထက်မနည်း အများအပြား ထိခိုက်ပျက်စီးခဲ့ရဟုသိရသည်။

စစ်​ကောင်စီတပ်က ၂၀၂၁ ဧပြီလမှစ၍ ခုခံ​တော်လှန်မှု အား​ကောင်း​သော​ဒေသမှ ​နေအိမ်များကို မီးရှို့ဖျက်ဆီး​နေရာ ​နေအိမ်​ပေါင်း ​သောင်း​ပေါင်းများစွာကို မီး ရှို့ဖျက်ဆီးခဲ့ပြီး အများဆုံးမီးရှို့ဖျက်ဆီးခံရ​သော ​ဒေသသည် စစ်ကိုင်းတိုင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

Facebook