Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်းမြို့နယ်အတွင်း ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့သည့် ဒေသရှိ ဘိန်းစိုက်ခင်း ဧက တစ်ထောင်ကျော်ကို TNLA ဖျက်ဆီး

TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။

(ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့​သော​ကျေးရွာများရှိဘိန်းစိုက်ခင်းများကိုTNLA တပ်ဖွဲ့ဝင်များဖျက်ဆီးစဥ်။ ဓါတ်ပုံ-TNLA)
(ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့​သော​ကျေးရွာများရှိဘိန်းစိုက်ခင်းများကိုTNLA တပ်ဖွဲ့ဝင်များဖျက်ဆီးစဥ်။ ဓါတ်ပုံ-TNLA)

ရှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ ဘိန်းစိုက်ခင်း ဧက တစ်ထောင်ကျော်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော်(PSLF/TNLA) တပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။

ကျေးရွာပေါင်း ၁၅ရွာရှိ ဘိန်းစိုက်ခင်းပေါင်း ၁၁၂၅ ဧကကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဒေသများသည် စစ်ကောင်စီလက်အောက်ခံ ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့သည့် နေရာဒေသဖြစ်ကြောင်း အသိပေးသည်။

(ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့​သော​ကျေးရွာများရှိဘိန်းစိုက်ခင်းများကိုTNLA တပ်ဖွဲ့ဝင်များဖျက်ဆီးစဥ်။ ဓါတ်ပုံ-TNLA)
(ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့​သော​ကျေးရွာများရှိဘိန်းစိုက်ခင်းများကိုTNLA တပ်ဖွဲ့ဝင်များဖျက်ဆီးစဥ်။ ဓါတ်ပုံ-TNLA)

သွားရောက်ဖျက်ဆီးခဲ့သည့် ကျေးရွာများမှာ တာကွမ့်ကျေးရွာ ၊ ရှောက်ကုန်းကန်၊ မန်ပန်း(ထက်၊အောက်) ၊ ကန်ဖာဖို ၊ အထက်ဆတန်း၊ အောက်ဆတန်း၊ ပန်ဆေး ၊ ဆန်ချယ် ၊ မန်မောင်း ၊ မန့်မိုင် ၊ လျောက်ပန်းကုန်း ၊ ပုံစာတီ ၊ ၁၂မိုင် ၊ ပါင်ဝို နှင့် မည်ခမ်း ကျေးရွာများ ဖြစ်သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသတွင် TNLA အနေဖြင့် ၂၀၁၇ က တစ်ကြိမ်၊ ၂၀၂၀ တွင် တစ်ကြိမ် ဘိန်းစိုက်ခင်းများ သွားရောက်ဖျက်ဆီးခဲ့ဖူးပြီးထိုစဉ်က ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် TNLA အနေဖြင့် နမ့်ခမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မတ်လတွင် ဘိန်းစိုက်ခင်း ဖျက်ဆီးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသော ဘိန်းစိုက်ခင်းများကိုလည်း ဆက်လက်ဖျက်စီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC)၏ ၂၀၂၃ နှစ်ကုန်ပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများလာရာ ၂၀၂၃ ခုနှစ်တွင် အာဖဂန်နစ္စတန် နိုင်ငံကို ​ကျော်ဖြတ်၍ ကမ္ဘာ့ဘိန်းအများဆုံးစိုက်ပျိုးထုတ်လုပ်​သောနိုင်ငံဖြစ်လာသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ဧက​ပေါင်း ၁၁၆၀၀၀ ​ကျော် ( ၄၇,၁၀၀ ဟက်တာ)ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ဧက​ပေါင်း ၁၇၀၀၀ ​ကျော်ပိုတိုးလာသည်ဟု UNODC က​ဖော်ပြသည်။ အလားတူ ဘိန်းပင်မှ ဘိန်းကုန်ကြမ်းထုတ်လုပ်မှုမှာ လည်း ၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန်ချိန်​ပေါင်း ၁၀၈၀ ရှိ​ကြောင်း သိရသည်။

ပြည်တွင်း၌ ဘိန်းစိုက်ပျိုးမှု အများဆုံး​ဒေသမှာ ရှမ်းပြည်နယ် ဖြစ်ပြီး ၊ ​ရွှေတြိဂံ ဆက်စပ်​ဒေသများတွင် ဘိန်းစိုက်ပျိုးမှု​ရော ထုတ်လုပ်မှုပါအများဆုံးဖြစ်​ကြောင်းUNODC က​ဖော်ပြသည်။ ထို့အပြင် ချင်းပြည်နယ်နှင့် ကချင် ပြည်နယ်တို့မှာ ပြည်တွင်း၌ဒုတိယနှင့် တတိယအများဆုံး ဘိန်းစိုက်ပျိုး​သော​ဒေသများဖြစ်​သည်ဟု UNODC က ၂၀၂၃ ဒီဇင်ဘာလ အစီရင်ခံစာ၌ ​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။