Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တိုင်း PDF တပ်ရင်း နှစ်ရင်းထပ်မံတိုးချဲ့ဖွဲ့စည်းရန်ပြင်ဆင်​နေဟုရန်ကုန်တိုင်းစစ်​ဒေသစစ်‌ဆင်ရေးတာဝန်ခံပြော

တပ်ရင်း ၅၁၀၁ အနေဖြင့် ရန်ကုန်နှင့် အနီးဆုံးတွင် ရှိနေပြီး မြို့ပြသို့ဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း တပ်ရင်း ၅၁၀၁ ၏ တပ်ရင်းမှူး ရဲဘော် ဩကာသက အဆိုပါအခမ်းအနားတွင်ပြောကြားသည်။

(ရန်ကုန်တိုင်း စစ်​ဒေသ PDF တပ်ရင်း ၅၁၀၁ မှတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ရန်ကုန်တိုင်း​စစ်​ဒေသ)
(ရန်ကုန်တိုင်း စစ်​ဒေသ PDF တပ်ရင်း ၅၁၀၁ မှတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-ရန်ကုန်တိုင်း​စစ်​ဒေသ)

ရန်ကုန်တိုင်းအတွက် PDFတပ်ရင်း ၅၁၀၁ ကိုဖွဲ့စည်းထားပြီး​နောက် တပ်ရင်း နှစ်ရင်းကိုထပ်မံတိုရချဲ့ဖွဲ့စည်းရန် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းစစ်ဒေသစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝကပြောသည်။

“စစ်ရေးလိုအပ်ချက်အရ ၅၁၀၂ ၊ ၅၁၀၃ ကိုဆက်လက်ဖွဲ့စည်းဖို့ ပြင်ဆင်ဆောင်ရွက်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ အချို့နေရာမှာတော့ ၅၁၀၁ ကမဟာမိတ်တွေနဲ့ပေါင်းပြီး တိုက်ပွဲဝင်တဲ့အပိုင်းတွေရှိပါပြီ။ စိစစ်စုဖွဲ့ရာကနေ မွမ်းမံတပ်ဆင်တဲ့ အပိုင်းတွေကိုတပြိုင်တည်း ဆောင်ရွက်တယ်။ တိုက်ရင်းသင် သင်ရင်းတိုက်ဆိုတဲ့ အနေအထားမျိုးနဲ့ စစ်ရေးကိုဆောင်ရွက်ခဲ့ကြတယ်” ဟု ဩဂုတ် ၂၀ ရက်ကပြုလုပ်ခဲ့သော ရန်ကုန်အတွက်အလင်းစက် ကမ်ပိန်း ပိတ်ပွဲတွင် ရဲဘော်ဒေဝကပြောကြားခဲ့သည်။

ထို့အပြင် လက်ရှိ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ ရဲဘော်ဒေဝက “ဟိုးအရင်ကသုံ့ပန်းတွေမိရင်ပြောတယ်။ ၄၅ ရက်ဆင်းတဲ့ကောင်တွေ တစ်လဆင်းတဲ့ကောင်တွေ ဒီကောင်တွေ သေနတ်ကောင်းကောင်းပစ်တတ်တာမဟုတ်ပါဘူး။ စစ်မတိုက်တတ်ပါဘူးဆိုတဲ့ အနေအထားတစ်ခုကနေ သူတို့ကိုယ်တိုင်ကတုတ်ကျင်းထဲကမထွက်နိုင်တော့တဲ့ အခြေအနေတစ်ခု ။ ဟိုနားမှာ လမ်းတွေဖျက်လိုက်၊ ဒီနားမှာ လမ်းတွေဖျက်လိုက် ဆိုတဲ့ အနေအထားတစ်ခုကိုပြန်ရောက်သွားပြီ။ ဟိုနားလေးပစ်လိုက်ပြေးသွားလိုက် ၊ ဒီနားလေးပြေးသွားလိုက် ဟိုနားမှာမီးရှို့လိုက် PDF ဘာပဲ ညာပဲဆိုပြီး ပြောတဲ့ဟာတွေနဲ့ပဲ ။ တဆစ်ချိုးပြောင်းသွားတာကိုတွေ့ရမယ်။ ကျွန်တော်တို့ဘက်က အာဏာရူးကိုအမြစ်ဖြတ်သုတ်သင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်။ ထိုက်သင့်တဲ့ အရွေ့တစ်ခုကိုလည်းရောက်ရှိနေပြီ။ ကျွန်တော်တို့ အိမ်ပြန်မယ့်လမ်းကိုလည်း ချဥ်းကပ်နိုင်ပြီဖြစ်တယ်။” ဟု ရန်ကုန်တိုင်းစစ်ဒေသစစ်ဆင်ရေးတာဝန်ခံပြောသည်။

တပ်ရင်း ၅၁၀၁ အနေဖြင့် ရန်ကုန်နှင့် အနီးဆုံးတွင် ရှိနေပြီး မြို့ပြသို့ဝင်ရန် အဆင်သင့်ဖြစ်နေကြောင်း တပ်ရင်း ၅၁၀၁ ၏ တပ်ရင်းမှူး ရဲဘော် ဩကာသက အဆိုပါအခမ်းအနားတွင်ပြောကြားသည်။

Public Service Announcement

Public Service Announcement

“ရန်ကုန်ကိုဝင်မယ့် ရဲဘော်တွေ အားလုံးကအဆင်သင့်ဖြစ်နေပါပြီ။ ဝင်ဖို့ အပြိုင်းအရိုင်း စိတ်အားထက်သန်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့အိမ်ကို ကျွန်တော်တို့ပြန်ကြတဲ့ အချိန်မှာ မပြန်ချင်ကြသူရှားပါတယ်။ ” ဟု ရဲဘော်ဩကာသက ပြောသည်။

ရန်ကုန်ကဲ့သို့ပင် သက်ဆိုင်ရာ တိုင်း နှင့်ပြည်နယ်အသီးသီးသို့ ပြန်ကြရန် အားလုံးက စိတ်အားထက်သန်နေပြီး မကြာမီ ပြန်နိုင်တော့မည်ဖြစ်သောကြောင့် ပြည်သူများအောင်ပန်းနှင့်ကြိုပေးရန် ၎င်းကဆက်​ပြောသည်။

ရန်ကုန်အတွက် အလင်းစက် ကမ်ပိန်းကို ဇွန်လဆန်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာငါးသိန်း ရရှိရန် မျှော်မှန်းခဲ့သော်လည်း ရည်မှန်းထား​သော ပမာဏ၏ တစ်ဝက်ကျော်​ဒေါ်လာ ‌‌၂၆၀,၀၀၀ ကျော်သာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဆင်ရေး ဘဏ္ဍာရေး တာဝန်ခံမကေ ကအထက်ပါပွဲ၌ ပြောခဲ့သည်။

သို့သော်လည်း ကမ်ပိန်းကာလတွင် ပြည်သူများ လှူဒါန်းထားသည့် ရတနာပစ္စည်းများရှိသောကြောင့် ရန်ကုန်အတွက် အလင်းစက် ၂ အနေဖြင့် မဲဖောက်ရောင်းချသည့် အစီအစဉ်ဖြစ်လာနိုင်ကြောင်း ၎င်းကအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook