လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တပ်သားအချိန်းအပြောင်းလုပ်သည့် စစ်ကောင်စီတပ်အား သူံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း BLACK WOLF – ARMY၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
သြဂုတ် ၁၆ ရက်က ရွှေဘိုမြို့နယ် ကျောက်မြောင်းမှ ဟန်လင်းပျူမြို့ဟောင်းသို့ လက်နက်ခဲယမ်း၊ ရိက္ခာပို့ရန်နှင့် လူချိန်းရန် လာသည့် အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်အား လက်နက်ကြီး၊ ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကြောင့် စစ်သားတစ်ဦးသေဆုံးကာ သုံးဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း BLACK WOLF – ARMY ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့နောက် သြဂုတ် ၁၈ ရက်တွင်လည်းဟန်လင်းပျူမြို့ဟောင်းမှ ကျောက်မြောင်းသို့ လူချိန်းပြီး ပြန်ထွက်ခွာလာသည့် စစ်ကောင်စီအင်အား ၈၀ခန့်အား ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရသွားသည်ဟု BLACK WOLF – ARMYက ဆိုသည်။

Public Service Announcement
“ဒရုန်းတွေနဲ့ချ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခဲ့တာပါ။”ဟု BLACK WOLF – ARMY ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်ဘက်က လက်နက်ခဲယမ်းနှင့်အသုံးအဆောင်ပစ္စည်းအချို့လည်း သိမ်းဆည်းရမိကြောင်း ၎င်းက ပြောသည်။
စစ်ဆင်ရေးများကို BLACK WOLF – ARMY ၊ Who am i – army ၊ ရွှေဘိုကျားကြီး၊ ရွှေ ဘိုမင်း၊တိုက်နယ်(၄)ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် စစ်ကောင်စီတပ်စွဲထားမှုမှာ တစ်နှစ်ကျော်ရှိနေပြီး အနီးဝန်းကျင် ကျေးရွာများအား စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။


















































