Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် တပ်ကုန်းမြို့နယ်အနီး တိုက်ပွဲဖြစ်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ဘိုးမသံတောင်စခန်းကိုလည်း သံတောင်မြောက်ပိုင်း(အထူးဒေသ)- NTDFနှင့် ရှမ်း/တောင်ဖယ်ခုံ သစ်ကြိတ် (1004)PDF တပ်ရင်းတို့က သြဂုတ်၁၀ရက်မှ ၁၄ ရက်အထိ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့သည်။

(နေပြည်တော် တပ်ကုန်းမြို့နယ်အနီး စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် သွားရောက်သော ရဲဘော်များနှင့် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော ဆိုင်ကယ်၊ကျည်နှင့်ကျည်​ဘောက်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - OPRF - PLA)
(နေပြည်တော် တပ်ကုန်းမြို့နယ်အနီး စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် သွားရောက်သော ရဲဘော်များနှင့် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော ဆိုင်ကယ်၊ကျည်နှင့်ကျည်​ဘောက်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - OPRF - PLA)

နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် မကွေးတိုင်း မြို့သစ်မြို့ကြား၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ လေးဦးဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းအချို့နှင့် ဆိုင်ကယ်သုံးစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။

တပ်ကုန်းမြို့နယ်၊ ရွှေမကျီးကျေးရွာနှင့် မြို့သစ်မြို့နယ်၊ ရိုးကူးကျေးရွာကြား၌ စစ်ကောင်စီတပ်သားများနှင့် OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုတို့ ယနေ့(သြဂုတ် ၂၀) နေ့လယ် ၁နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

(နေပြည်တော် တပ်ကုန်းမြို့နယ်အနီး စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် သွားရောက်သော ရဲဘော်များနှင့် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော ဆိုင်ကယ်၊ကျည်နှင့်ကျည်​ဘောက်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - OPRF - PLA)
(နေပြည်တော် တပ်ကုန်းမြို့နယ်အနီး စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် သွားရောက်သော ရဲဘော်များနှင့် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော ဆိုင်ကယ်၊ကျည်နှင့်ကျည်​ဘောက်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – OPRF – PLA)

ဒေသခံများအား ဆက်ကြေးကောက်ရန် လာရောက်စဉ် တိုက်ခိုက်ခဲ့ခြင်းဟု OPRF – PLAက ထုတ်ပြန်ထားသည်။

တိုက်ပွဲကြာချိန် မိနစ် ၃၀ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးအပြင်းအထန်ဒဏ်ရာရပြီး တစ်ဦးသေဆုံးနိုင်ခြေရှိကြောင်း OPRF – PLAက ထုတ်ပြန်ချက် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ထံမှ ဆိုင်ကယ် သုံးစီး၊ ၅.၅၆ ကျည်ဆံ ၂၅တောင့်၊ ၅.၅၆ကျည်ဆံသုံး ကျည်ဘောက်တစ်ခု သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

သို့သော် အသေးစိတ်အခြေအနေကို သိရှိရန် OPRF – PLAထံ ဆက်သွယ်ရာ မရသေး‌ပေ။

မြို့သစ်‌ဒေသခံတစ်ဦးက “ပွဲကသွားတာ ဟုတ်တယ်။ စစ်တပ်က ထိတာလည်း ဟုတ်တယ်”ဟု ပြောသည်။

(နေပြည်တော် တပ်ကုန်းမြို့နယ်အနီး စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် သွားရောက်သော ရဲဘော်များနှင့် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော ဆိုင်ကယ်၊ကျည်နှင့်ကျည်​ဘောက်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - OPRF - PLA)
(နေပြည်တော် တပ်ကုန်းမြို့နယ်အနီး စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် သွားရောက်သော ရဲဘော်များနှင့် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော ဆိုင်ကယ်၊ကျည်နှင့်ကျည်​ဘောက်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – OPRF – PLA)

တိုက်ပွဲအတွင်း ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်သည်ဟု OPRF – PLA က ထုတ်ပြန်ထားသည်။

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ဘိုးမသံတောင်စခန်းကိုလည်း သံတောင်မြောက်ပိုင်း(အထူးဒေသ)- NTDFနှင့် ရှမ်း/တောင်ဖယ်ခုံ သစ်ကြိတ် (1004)PDF တပ်ရင်းတို့က သြဂုတ်၁၀ရက်မှ ၁၄ ရက်အထိ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ

သတင်း

စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။