Hi, what are you looking for?
နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။
ပြည်တွင်း၌ ရွှေဈေးမြင့်တက်လာခြင်းကို ဈေးကစားနေခြင်းကြောင့်ဟုဆိုကာ ဈေးကစားသောရွှေလုပ်ငန်းရှင်များကို အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ယနေ့ခြိမ်းခြောက်စာထုတ်ပြန်လိုက်သည်။ ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၈သိန်းကျော်ရှိနေချိန်တွင်စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းများအသင်းက ကျပ် ၂၇ သိန်းအောက်တွင်သာ ဈေးနှုန်းအမှန်ဖြစ်သည်ဟု ဝါဒဖြန့်ထားသည်။ သို့သော် ၎င်းတို့အသင်းက ထုတ်ပြန်သည့်ရွှေဈေးနှုန်းတွင် ဇန်နဝါရီ ၁၁ ရက်ကအခေါက်ရွှေတစ်ကျပ်သားကို...